ျပင္ပေစ်းကြက္တြင္ျပန္လည္ျမင့္တက္လာတဲ့ ယေန႔ေဒၚလာေစ်းကြက္ႏွင့္ ေရႊေစ်းကြက္

Posted by

ပြင်ပဈေးကွက်တွင်ပြန်လည်မြင့်တက်လာတဲ့ ယနေ့ဒေါ်လာဈေးကွက်နှင့် ရွှေဈေးကွက်

ပြင်ပငွေကြေးဈေးကွက်မှာဒီနေ့နံနက် ၁၁ နာရီခွဲအချိန် ဈေးအရအမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၉၀၀ ဝန်းကျင်ပြန်ရောက်လာတယ်လို့နိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁ရက်ကပြင်ပဒေါ်လာအနိမ့်ဆုံးဈေး ကျပ်၂၅၅၀ ကျပ်ဝန်းကျင်အထိကျခဲ့ပေမယ့်ဈေးကွက်ပိတ်ခါနီးမှာတော့တစ်ဒေါ်လာ ကျပ် ၂၈၀၀ ဝန်းကျင်ပြန်တက်လာခဲ့တယ်လို့သိရပါတယ်။

ဗဟိုဘဏ်ရဲ့ဒေါ်လာသတ်မှတ်ရည်ညွှန်းဈေးကတော့ ၂၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်မှာတော့ ဒေါ်လာဈေးအတက်အကျမြန်ဆန်စွာဖြစ်ပေါ်နေလို့ ဈေးနှုန်းမခန့်မှန်းနိုင်တော့တဲ့အတွက် ဒေါ်လာဝယ်ရောင်း ရပ်နားထားတဲ့သူတွေရှိတယ်လို့သိရပါတယ်။

ဒီနေ့ပြင်ပဒေါ်လာဈေးကွက်စဖွင့်ချိန်မှာတော့တစ်ဒေါ်လာကို ၂၈၈၀ မွ ၂၉၃၀ကျပ်ကြား အရောင်းအဝယ်လုပ်ကြပြီးဈေးတည်ငြိမ်မှုမရှိဘူးလို့သိရပါတယ်။အောက်တိုဘာ(၃)ရက်ယနေ့ ပြင်ပဒေါ်လာ ပေါက်ဈေး မှာနေ့လည် (၁၂:၃၀)နာရီအချိန်တွင်

အမေရိကန်တစ်ဒေါ်လာ -၂၈၉၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ -၂၀၅၀ကျပ်၊ ဂျပန်ယန်း- ၂၀ကျပ်၊ ယူရို-၂၉၀၀ကျပ်၊ထိုင်းဘတ်-၇၈ကျပ်၊ တရုတ်ယွမ် -၄၁၅ကျပ်၊မလေးရှား ရင်းဂစ်-၆၃၅ကျပ် ဖြစ်ပါသည်။ပြင်ပဒေါ်လာလဲလှယ်နှုန်းပြန်တက်လာတဲ့အတွက်ဒေါ်လာနဲ့ချိတ်ဆက်မှုရှိတဲ့ပြည်တွင်းရွှေဈေးကလည်း ကျပ် ၂၅ သိန်းအထက်ကိုပြန်ရောက်လာခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက် ပြင်ပရွှေဈေးကွက်စဖွင့်ချိန် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၅ သိန်းအထက်နဲ့ ဈေးစဖွင့်လာခဲ့တယ်လို့ နံနက် ၁၁ နာရီ ရန်ကုန်မြို့ရွှေဆိုင်တွေရဲ့ပေါက်ဈေးအရသိရပါတယ်။ဒီနေ့ နံနက် (၁၂:၂၆)နာရီ ရွှေဈေးအရ ၁၆ပဲရည်တစ်ကျပ်သားကို ၂၆၂၀၀၀၀ ကျပ်နဲ့ ဆိုင်ကရောင်းပြီး

ကျပ် ၂၆ သိန်းအောက်နဲ့ဆိုင်ကပြန်ဝယ်ပါတယ်လို့ ရန်ကုန်မြို့ အောင်သမာဓိရွှေဆိုင်ရဲ့ဈေးနှုန်းအရသိရပါတယ်။စက်တင်ဘာနောက်ဆုံးအပတ်ကစတင်ပြီး ဆက်တိုက်ကျဆင်းလာတဲ့ရွှေဈေးဟာ အောက်တိုဘာ ၁ရက်နေ့မှာတော့ ၂၃ သိန်းအောက်ထိ ကျဆင်းခဲ့တာဖြစ်ပြီးဒီနေ့ဈေးကွက်အဖွင့်မှာတော့ကျပ် ၂၅ သိန်းကျော်အထိဈေးထပ်မံမြင့်တက်လာပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလဆန်းပိုင်းကရွှေတစ်ကျပ်သားကို ၃၅ သိန်းကျော်ထိဈေးမြင့်တက်ခဲ့ပြီး အဲ့ဒီအချိန်ကရွှေဝယ်စုခဲ့သူအများစုကအရှုံးနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေဖြစ်နေသလို ပြည်တွင်းရွှေဈေးကွက်အတွင်းအခုရက်ပိုင်းရွှေဈေးနှုန်းတရိပ်ရိပ်ကျလာပေမယ့်အရောင်းအဝယ်အေးကာ အခြေအနေစောင့်ကြည့်တဲ့သူများတယ်လို့သိရပါတယ်။

လက်ရှိရွှေဈေးကွက်ထဲမှာတက်ဈေးမိထားသူတွေရှိနေပြီး အတက်အကျမြန်ဆန်နေတဲ့ဈေးကွက်ဖြစ်လို့ အခြေအနေစောင့်ကြည့်သူတွေများနေသလိုဝင်ငွေအဆင်မပြေတဲ့အခြေအနေတွေကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေစင်တုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်နဲ့ ထုတ်ရောင်းပေမယ့် ရွှေဈေးကျလာတဲ့အတွက် လေလံဆွဲမယ့်သူမရှိလို့ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

ဒီနေ့အောက်တိုဘာ ၃ရက်ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကထုတ်ပြန်တဲ့ရွှေအဖွင့်ဈေးဟာ အခေါက်ရွှေတစ်ကျပ်သားကို ၁၉၅၈၀၀၀ ကျပ်ဖြစ်ပြီး ကမ်ဘ်ဘာ့ရွှေဈေးကတော့ တစ်ထရိုင်အောင်စကို ၁၆၆၄ ဒေါ်လာရှိတယ်လို့သိရပါတယ်။

ဒါအပြင်ပြီးခဲ့တဲ့သြဂုတ်လအတွင်းက စံချိန်တင်အမြင့်ဆုံးဈေးနှုန်း တစ်ဒေါ်လာကိုကျပ် ၅၀၀၀ ဝန်းကျင်ပြင်ပငွေကြေးဈေးကွက်မှာဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလအတွင်းမှာတော့ ကျပ် ၃၅၀၀ ဝန်းကျင်ကနေ တရိပ်ရိပ်ပြန်ကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အောက်တိုဘာလ အစမှာတော့ အနိမ့်ဆုံးဒေါ်လာဈေး ၂၅၀၀ ကျပ်ဝန်းကျင်ထိဖြစ်ပေါ်ခဲ့ပေမယ့် ဈေးကွက်မတည်ငြိမ်တာကြောင့်အောက်တိုဘာ ၃ရက်မှာတော့ ကျပ် ၂၉၀၀ ဝန်းကျင်ပြန်တက်လာခဲ့တယ်လို့သိရပါတယ်။

Zawgyi(version)

ျပင္ပေစ်းကြက္တြင္ျပန္လည္ျမင့္တက္လာတဲ့ ယေန႔ေဒၚလာေစ်းကြက္ႏွင့္ ေရႊေစ်းကြက္

ျပင္ပေငြေၾကးေဈးကြက္မွာဒီေန႔နံနက္ ၁၁ နာရီခြဲအခ်ိန္ ေဈးအရအေမရိကန္တစ္ေဒၚလာကို က်ပ္ ၂၉၀၀ ဝန္းက်င္ျပန္ေရာက္လာတယ္လို့နိုင္ငံျခားေငြေၾကးလဲလွယ္သူေတြဆီကသိရပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာ ၁ရက္ကျပင္ပေဒၚလာအနိမ့္ဆုံးေဈး က်ပ္၂၅၅၀ က်ပ္ဝန္းက်င္အထိက်ခဲ့ေပမယ့္ေဈးကြက္ပိတ္ခါနီးမွာေတာ့တစ္ေဒၚလာ က်ပ္ ၂၈၀၀ ဝန္းက်င္ျပန္တက္လာခဲ့တယ္လို့သိရပါတယ္။

ဗဟိုဘဏ္ရဲ့ေဒၚလာသတ္မွတ္ရည္ညႊန္းေဈးကေတာ့ ၂၁၀၀ က်ပ္ျဖစ္ၿပီး ျပင္ပေဈးကြက္မွာေတာ့ ေဒၚလာေဈးအတက္အက်ျမန္ဆန္စြာျဖစ္ေပၚေနလို့ ေဈးႏွုန္းမခန႔္မွန္းနိုင္ေတာ့တဲ့အတြက္ ေဒၚလာဝယ္ေရာင္း ရပ္နားထားတဲ့သူေတြရွိတယ္လို့သိရပါတယ္။

ဒီေန႔ျပင္ပေဒၚလာေဈးကြက္စဖြင့္ခ်ိန္မွာေတာ့တစ္ေဒၚလာကို ၂၈၈၀ မွ ၂၉၃၀က်ပ္ၾကား အေရာင္းအဝယ္လုပ္ၾကၿပီးေဈးတည္ၿငိမ္မွုမရွိဘူးလို့သိရပါတယ္။ေအာက္တိုဘာ(၃)ရက္ယေန႔ ျပင္ပေဒၚလာ ေပါက္ေစ်း မွာေန႔လည္ (၁၂:၃၀)နာရီအခ်ိန္တြင္

အေမရိကန္တစ္ေဒၚလာ -၂၈၉၀ က်ပ္၊ စင္ကာပူ တစ္ေဒၚလာ -၂၀၅၀က်ပ္၊ ဂ်ပန္ယန္း- ၂၀က်ပ္၊ ယူရို-၂၉၀၀က်ပ္၊ထိုင္းဘတ္-၇၈က်ပ္၊ တ႐ုတ္ယြမ္ -၄၁၅က်ပ္၊မေလးရွား ရင္းဂစ္-၆၃၅က်ပ္ ျဖစ္ပါသည္။ျပင္ပေဒၚလာလဲလွယ္ႏွုန္းျပန္တက္လာတဲ့အတြက္ေဒၚလာနဲ႔ခ်ိတ္ဆက္မွုရွိတဲ့ျပည္တြင္းေရႊေဈးကလည္း က်ပ္ ၂၅ သိန္းအထက္ကိုျပန္ေရာက္လာခဲ့ပါတယ္။

ေအာက္တိုဘာ ၃ ရက္ ျပင္ပေရႊေဈးကြက္စဖြင့္ခ်ိန္ အေခါက္ေရႊတစ္က်ပ္သားကို က်ပ္ ၂၅ သိန္းအထက္နဲ႔ ေဈးစဖြင့္လာခဲ့တယ္လို့ နံနက္ ၁၁ နာရီ ရန္ကုန္ၿမိဳ့ေရႊဆိုင္ေတြရဲ့ေပါက္ေဈးအရသိရပါတယ္။ဒီေန႔ နံနက္ (၁၂:၂၆)နာရီ ေရႊေဈးအရ ၁၆ပဲရည္တစ္က်ပ္သားကို ၂၆၂၀၀၀၀ က်ပ္နဲ႔ ဆိုင္ကေရာင္းၿပီး

က်ပ္ ၂၆ သိန္းေအာက္နဲ႔ဆိုင္ကျပန္ဝယ္ပါတယ္လို့ ရန္ကုန္ၿမိဳ့ ေအာင္သမာဓိေရႊဆိုင္ရဲ့ေဈးႏွုန္းအရသိရပါတယ္။စက္တင္ဘာေနာက္ဆုံးအပတ္ကစတင္ၿပီး ဆက္တိုက္က်ဆင္းလာတဲ့ေရႊေဈးဟာ ေအာက္တိုဘာ ၁ရက္ေန႔မွာေတာ့ ၂၃ သိန္းေအာက္ထိ က်ဆင္းခဲ့တာျဖစ္ၿပီးဒီေန႔ေဈးကြက္အဖြင့္မွာေတာ့က်ပ္ ၂၅ သိန္းေက်ာ္အထိေဈးထပ္မံျမင့္တက္လာျပန္ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လနဲ႔ စက္တင္ဘာလဆန္းပိုင္းကေရႊတစ္က်ပ္သားကို ၃၅ သိန္းေက်ာ္ထိေဈးျမင့္တက္ခဲ့ၿပီး အဲ့ဒီအခ်ိန္ကေရႊဝယ္စုခဲ့သူအမ်ားစုကအရွုံးနဲ႔ ရင္ဆိုင္ေနရတဲ့အေျခအေနျဖစ္ေနသလို ျပည္တြင္းေရႊေဈးကြက္အတြင္းအခုရက္ပိုင္းေရႊေဈးႏွုန္းတရိပ္ရိပ္က်လာေပမယ့္အေရာင္းအဝယ္ေအးကာ အေျခအေနေစာင့္ၾကည့္တဲ့သူမ်ားတယ္လို့သိရပါတယ္။

လက္ရွိေရႊေဈးကြက္ထဲမွာတက္ေဈးမိထားသူေတြရွိေနၿပီး အတက္အက်ျမန္ဆန္ေနတဲ့ေဈးကြက္ျဖစ္လို့ အေျခအေနေစာင့္ၾကည့္သူေတြမ်ားေနသလိုဝင္ေငြအဆင္မေျပတဲ့အေျခအေနေတြေၾကာင့္ အေရာင္းအဝယ္ျဖစ္မွုနည္းတယ္လို့သိရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၉ ရက္ေန႔ကလည္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက ေရႊစင္တုံးႏွင့္ေရႊစင္ခဲ ၃ ပိႆာစီကို ေဈးၿပိဳင္တင္ဒါစနစ္နဲ႔ ထုတ္ေရာင္းေပမယ့္ ေရႊေဈးက်လာတဲ့အတြက္ ေလလံဆြဲမယ့္သူမရွိလို့ အေရာင္းအဝယ္ျဖစ္ေပၚခဲ့ျခင္းမရွိဘူးလို့သိရပါတယ္။

ဒီေန႔ေအာက္တိုဘာ ၃ရက္ရန္ကုန္တိုင္းေရႊလုပ္ငန္းရွင္မ်ားအသင္းကထုတ္ျပန္တဲ့ေရႊအဖြင့္ေဈးဟာ အေခါက္ေရႊတစ္က်ပ္သားကို ၁၉၅၈၀၀၀ က်ပ္ျဖစ္ၿပီး ကမၻၻာ့ေရႊေဈးကေတာ့ တစ္ထရိုင္ေအာင္စကို ၁၆၆၄ ေဒၚလာရွိတယ္လို့သိရပါတယ္။

ဒါအျပင္ၿပီးခဲ့တဲ့ၾသဂုတ္လအတြင္းက စံခ်ိန္တင္အျမင့္ဆုံးေဈးႏွုန္း တစ္ေဒၚလာကိုက်ပ္ ၅၀၀၀ ဝန္းက်င္ျပင္ပေငြေၾကးေဈးကြက္မွာျဖစ္ေပၚခဲ့ၿပီး စက္တင္ဘာလအတြင္းမွာေတာ့ က်ပ္ ၃၅၀၀ ဝန္းက်င္ကေန တရိပ္ရိပ္ျပန္က်ခဲ့တာျဖစ္တယ္လို့သိရပါတယ္။

ေအာက္တိုဘာလ အစမွာေတာ့ အနိမ့္ဆုံးေဒၚလာေဈး ၂၅၀၀ က်ပ္ဝန္းက်င္ထိျဖစ္ေပၚခဲ့ေပမယ့္ ေဈးကြက္မတည္ၿငိမ္တာေၾကာင့္ေအာက္တိုဘာ ၃ရက္မွာေတာ့ က်ပ္ ၂၉၀၀ ဝန္းက်င္ျပန္တက္လာခဲ့တယ္လို့သိရပါတယ္။