၆နှစ်အကြာ ကိုယ့်ရဲ့ဆီးကို ပြန်သောက်ရင်းနဲ့ အရွယ်တင်နုပျိုမှုကို ထိန်းသိမ်းထားနိုင်ကြောင်း မျှဝေလာခဲ့သော အမျိုးသား

လူသားတို့သည် အလှအပရေးရာနှင့် ပက်သက်ပြီး ကိုယ့်ကိုယ်ကို အိုမင်းမသွားစေချင်ကြပဲ တစ်နေ့ထက်တစ်နေ့ ပိုပြီးနုပျိုစေချင်ကြကာ အချို့သောသူများသည် ထူးဆန်းသော နည်းလမ်း မျိုးစုံကို သုံးတတ်ကြသည်။

အင်္ဂလန်နိုင်ငံ Hampshireတွင် နေထိုင်သော အသက် ၃၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် စိတ်ရွှင်လန်းပြီး ခန္ဓာကိုယ်နုပျိုစေဖို့အတွက် ထူးဆန်းသော နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျင့်သုံးခဲ့သည်။

အမျိုးသားရဲ့ နုပျိုစေသော အကြောင်းရင်းမှာ သူ့ဆီးကို စွန့်ပစ်မည့်အစား ရက်အနည်းငယ်ကြာ သိမ်းဆည်းထားပြီး တစ်ဖန်ပြန်လည်သောက်သုံးခြင်းဖြင့် အသက်၁၀နှစ်လောက် ပြန်ငယ်သွားစေသည်ဆိုပြီး ယုံကြည်နေခဲ့သည်။

အမျိုးသားသည် သူ့ဆီးသူသောက်သုံးသည့်အပြင် မျက်နှာပေါ်တွင်လည်း လိမ်းကျံပေးခြင်းဖြင့် အသားအရည်ကို တင်းတင်းလေးနဲ့ စိုပြည်စေကာ အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေပြီး ငယ်ရွယ်နုပျိုစေသည်ဟု ဆိုခဲ့သည်။
credit
zawgyi



credit

Leave a Reply

Your email address will not be published.