ပိုက်ဆံအိတ် သို့မဟုတ် ပိုက်ဆံသေတ္တာထဲမှာ မထားသင့်တဲ့ လာဘ်ပိတ်စေသော ပစ္စည်းများ

Posted by

ပိုက်ဆံအိတ် သို့မဟုတ် ပိုက်ဆံသေတ္တာထဲမှာ မထားသင့်တဲ့ လာဘ်ပိတ်စေသော ပစ္စည်းများပိုက်ဆံအိတ်ထဲမှာ မလိုအပ်တဲ့အရာတွေ ထည့်ထားမိတဲ့အခါ မကောင်းတဲ့စွမ်းအင်တွေ ဖြစ်ပေါ်စေတတ်ပါတယ်။

ငွေကုန်ကြေးကျ ငွေကုန်ပေါက်တွေ များလိမ့်မယ်။ကျန်းမာရေး လူမှုရေး ထိခိုက်မှုတွေ ကြုံရသလို လာဘ်ပိတ်တာတွေ ငွေကြေးအလိမ်ခံရတာတွေ ဖြစ်တတ်ပါတယ်။

ကောင်းသောစွမ်းအင်ဖြစ်စေတတ်သည့်အရာတွေကို သင့်ပိုက်ဆံအိတ်ထဲမှာ ထည့်ထားမယ်ဆိုရင်အဆက်မပြတ် ငွေဝင်နေမှာ ဖြစ်သလို ငွေကုန်ပေါက်တွေလည်း လျော့နည်းသွားပါလိမ့်မယ်။

ဈေးဆိုင်ရဲ့ ငွေသေတ္တာထဲမှာ ထည့်ထားမယ်ဆိုရင်တော့ လာဘ်လာဘတွေ ပွင့်စေပြီးရောင်းသူတယောက် ဝယ်သူတထောင်ဖြစ်စေတဲ့အထိ အကျိုးပေးစွမ်းပါတယ်။

သင့်ပိုက်ဆံအိတ်(သို့မဟုတ်)ငွေသေတ္တာထဲမှာ .ဘေလ်၊ ပြေစာ၊ ဟောင်းများ၊receipt ဟောင်းများ ညစ်ညမ်းပုံများ၊ သေဆုံးပြီးသူူများပုံ၊ ကြမ်းတမ်း ရက်စက်သော ပုံများ။

(မကောင်းတဲ့ စွမ်းအင်များ ဖြစ်စေပါတယ်။) တိုလီ မိုလီ မှတ်စု များ၊ လိပ်စာ ကဒ် အဟောင်းများ၊ သက်တမ်း ကုန်နေတဲ့-membership card များ သုံးမရအောင် စုတ်ပြတ် နေတဲ့ ငွေစက္ကူများ ခေါက်တွန့် နေတဲ့- ငွေစက္ကူများ

(ခေါက်နေတဲ့ ပိုက်ဆံ ကို ဖြန့်ထည့်ပါ။) သွားရည်စာ မုန့်တွေ နဲ့ ဆေးများ။ (ဆေးများ ဟာ- ကျန်းမာရေး ပြသနာကို ထပ်ခေါ်ပေးနေလို့ ခွဲဆောင်ပါ။)လက်သည်းညှပ် နဲ့ ကပ်ကြေး အပါအဝင်- ချွန်ထက်တဲ့ အရာများ။

ကျွမ်းကျင်သော နက္ခတ်ပညာရှင် အဆင့် ဆရာ၏ အကြံပေးခြင်း မဟုတ်သော- အေ ဆာင်များ၊ ပရိတ်ချည်၊ လက်ဖွဲ့ စသည်များ (သီးသန့် ထားပါ။)သင့်ပိုက်ဆံအိတ်(သို့မဟုတ်) ငွေသေတ္တာထဲမှာထည့်ထားသင့်တဲ့အရာတွေကတော့

ငွေ၊ ကြေး ဖြင့် ပြုလုပ်ထားသော နိမိတ်ကောင်း အရာများ။ အထူးသဖြင့်- ငွေဒင်္ဂါး။လက်ချမီး မယ်တော်ပုံ- ရုပ်ပုံတော် ဖြစ်စေ- ကြေး ဒင်္ဂါး ဖြစ်စေ၊ ဗောဓိညောင်ရွက်(အထူးသဖြင့်- နှလုံး ရောဂါ ရှိသူများ အတွက်)၊

ပင်လယ်ခရုခွံများ (စကြာဝဠာ စွမ်းအင်ကြောင့် ဖြစ်ပါသည်။)ဆန်စေ့ ၂၁- စေ့ (အင်မတန် အကျိုးများပါတယ်။) ဂျင်း ဖက်လေးအနည်းငယ် (ငွေကိုဆွဲဆောင်နိုင်စေသည်) ကိုထည့်ထားခြင်းဖြင့်ကောင်းသောစွမ်းအင်တွေကိုဖြစ်ပေါ်စေကာအကျိုးစီးပွားလာဘ်လာဘတိုးတက်ကြစေ။

Credit