လူတစ်ယောက်တွင် အဝတ်အစားက အဓိကဖြစ်ပြီး ဝတ်စားပုံနည်းနည်းလေးပြောင်းလိုက်တာနဲ့ ရုပ်ရည်သွင်ပြင် မှာလည်းပြောင်းလဲသွားတတ်ပြီး အသက်အရွယ်လိုက် အဝတ်အစားများဆိုတာ သက်သက်ရှိနေပြီးသားဖြစ်သည်။
သို့သော်လည်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှ အသက် ၉၀အရွယ်အဖွားအို သူငယ်ချင်း နှစ်ဦးသည် လူငယ်ဆန်ဆန် ဖက်ရှင်ကျဆုံးသော အဝတ်အစား အလန်းများဝတ်ဆင်ထားခြင်းကြောင့် လူတို့ဧ။် အာရုံစိုက်ခြင်းကို ခံနေရပြီး ရေပန်းစားလျက်ရှိသည်။
အဖွားအိုနှစ်ဦးသည် ငွေရောင်ဖြစ်နေသော ဆံပင်အား အတိုလေးညှပ်ကာ စကတ်တို ဂါဝန်များဝတ်ဆင်ကာ လန်ထွက်နေအောင် ဖြစ်နေ၍ အပြင်ထွက်ချိန်တွင် လူငယ်မိန်းကလေးများပင် ထွက်ပြေးပုန်းရှောင်နေရသည်။
အချို့သောသူများက အဖွားအိုနှစ်ဦးအား ဝတ်စားပုံက အသက်အရွယ်နှင့် မလိုက်ဖက်တော့ကြောင်း ကဲ့ရဲ့ရှုံ့ချခြင်းများရှိသော်လည်း ဂရုစိုက်ခြင်းမျိုးမရှိခဲ့၍ လိုင်းပေါ်တွင် အတော်လေးပျံ့နှံ့သွားသည်။credit
zawgyi