ကြံတွေခိုးစားတာမိသွားလို့ ဓာတ်တိုင်နောက်ပြေးပုန်းတဲ့ ဆင်ပေါက်လေး

ဒီချစ်ဖို့ကောင်းလှတဲ့ဓာတ်ပုံလေးဟာ ဆိုရှယ်မီဒီယာမှာ အလျင်အမြန်ပျံ့နှံ့သွားခဲ့ပါတယ် ။ တချို့တွေကတော့ ကလေးတွေအားလုံးကတူတူပဲ သူတို့က ကိုယ်ပျောက်နေတာကြောင့် မမြင်နိုင်ဘူးလို့ပဲ တွေးနေကြတာ လို့ စနောက်ခဲ့ကြပြီး meme အဖြစ် တချို့ကတော့ ပြောင်းလဲလိုက်ကြပါတယ်။

ဆင်ပေါက်လေးတစ်ကောင် ကြံခင်းကြီးထဲ ကြံခိုးစားနေတဲ့အချိန် သက်သေနဲ့တကွ ဖမ်းမိတဲ့အခါမှာ မီးတိုင်နောက်မှာ ပုန်းဖို့ကြိုးစားနေတဲ့ ဆင်လေးရဲ့ ဖြူစင်မှုဟာ အွန်လိုင်းပေါ်က အားလုံးရဲ့ နှလုံးသားကို အရည်ပျော်သွားစေခဲ့ပါတယ် ။ ဒီအဖြစ်ကို ထိုင်းနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသ ချင်းမိုင်က ဒေသခံတွေ လက်ပူးလက်ကျပ် ဖမ်းမိခဲ့တာပါ။

တချို့ ဖြတ်သန်းသွားသူတွေက သူ့ကို မီးနဲ့ထိုးကြည့်တဲ့အချိန်မှာ ဆင်ပေါက်လေးကတော့ ရှက်ရှက်နဲ့ မီးတိုင်နောက်မှာ ပုန်းဖို့ ကြိုးစားခဲ့ပါတယ်။ ပုံထဲမှာကတော့ တိရိစ္ဆာန်လေးတစ်ကောင်ဟာ အမှောင်ထဲမှာ သူ့ကို မမြင်ပါဘူးဆိုတဲ့ပုံ ရပ်မြဲရပ်နေတာလေးကို ပြသထားပါတယ်။

ဒီဟာသပုံလေးကို Facebook သုံးစွဲသူတစ်ယောက်က ” အေးဆေးပေါ့ အရာရှိကြီးတွေ ကြည့်နေလိမ့်မယ် ကြံပဲ ဆက်စားရအောင်ပါ “ဆိုတဲ့ ဟာသခေါင်းစဉ်လေးတပ်ပြီး ပထမဆုံး စshare ခဲ့တာပါ။

ဒီချစ်ဖို့ကောင်းတဲ့ ပုံလေးဟာ တခြားဆိုရှယ်မီဒီယာတွေဖြစ်တဲ့ တွစ်တာ ၊အင်စတာဂရမ်၊ ရတ်ဒစ်မှာပါ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေကြားထဲ အမြင်အမျိုးမျိုး ကွဲပြားစေခဲ့ပါတယ်။

တောရိုင်းဆင် နဲ့ ဆင်စခန်းက ဆင်တွေအများအပြားရဲ့ ဇာတိမြေဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဆင်တွေကို ဥပဒေတစ်ရပ်နဲ့ ကာကွယ်ပေးထားပြီး သူတို့ကို ထိခိုက်နာကျင်အောင်လုပ်ဆောင်သူတွေကို ဒဏ်ငွေ အများအပြားပေးဆောင်ရုံတင်မက ထောင်ဒဏ်အထိပါ ချမှတ်ခံရမှာဖြစ်ပါတယ်။
credit
zawgyi

ဒီခ်စ္ဖို႔ေကာင္းလွတဲ့ဓာတ္ပုံေလးဟာ ဆိုရွယ္မီဒီယာမွာ အလ်င္အျမန္ပ်ံ့ႏွံ႕သြားခဲ့ပါတယ္ ။ တခ်ိဳ႕ေတြကေတာ့ ကေလးေတြအားလုံးကတူတူပဲ သူတို႔က ကိုယ္ေပ်ာက္ေနတာေၾကာင့္ မျမင္နိုင္ဘူးလို႔ပဲ ေတြးေနၾကတာ လို႔ စေနာက္ခဲ့ၾကၿပီး meme အျဖစ္ တခ်ိဳ႕ကေတာ့ ေျပာင္းလဲလိုက္ၾကပါတယ္။

ဆင္ေပါက္ေလးတစ္ေကာင္ ႀကံခင္းႀကီးထဲ ႀကံခိုးစားေနတဲ့အခ်ိန္ သက္ေသနဲ႕တကြ ဖမ္းမိတဲ့အခါမွာ မီးတိုင္ေနာက္မွာ ပုန္းဖို႔ႀကိဳးစားေနတဲ့ ဆင္ေလးရဲ႕ ျဖဴစင္မႈဟာ အြန္လိုင္းေပၚက အားလုံးရဲ႕ ႏွလုံးသားကို အရည္ေပ်ာ္သြားေစခဲ့ပါတယ္ ။ ဒီအျဖစ္ကို ထိုင္းနိုင္ငံေျမာက္ပိုင္း ေတာင္တန္းေဒသ ခ်င္းမိုင္က ေဒသခံေတြ လက္ပူးလက္က်ပ္ ဖမ္းမိခဲ့တာပါ။

တခ်ိဳ႕ ျဖတ္သန္းသြားသူေတြက သူ႕ကို မီးနဲ႕ထိုးၾကည့္တဲ့အခ်ိန္မွာ ဆင္ေပါက္ေလးကေတာ့ ရွက္ရွက္နဲ႕ မီးတိုင္ေနာက္မွာ ပုန္းဖို႔ ႀကိဳးစားခဲ့ပါတယ္။ ပုံထဲမွာကေတာ့ တိရိစ္ဆာန္ေလးတစ္ေကာင္ဟာ အေမွာင္ထဲမွာ သူ႕ကို မျမင္ပါဘူးဆိုတဲ့ပုံ ရပ္ၿမဲရပ္ေနတာေလးကို ျပသထားပါတယ္။

ဒီဟာသပုံေလးကို Facebook သုံးစြဲသူတစ္ေယာက္က ေအးေဆးေပါ့ အရာရွိႀကီးေတြ ၾကည့္ေနလိမ့္မယ္ ႀကံပဲ ဆက္စားရေအာင္ပါ ဆိုတဲ့ ဟာသေခါင္းစဥ္ေလးတပ္ၿပီး ပထမဆုံး စshare ခဲ့တာပါ။

ဒီခ်စ္ဖို႔ေကာင္းတဲ့ ပုံေလးဟာ တျခားဆိုရွယ္မီဒီယာေတြျဖစ္တဲ့ တြစ္တာ ၊အင္စတာဂရမ္၊ ရတ္ဒစ္မွာပါ လ်င္ျမန္စြာ ပ်ံ့ႏွံ႕သြားခဲ့ၿပီး ပရိသတ္ေတြၾကားထဲ အျမင္အမ်ိဳးမ်ိဳး ကြဲျပားေစခဲ့ပါတယ္။

ေတာရိုင္းဆင္ နဲ႕ ဆင္စခန္းက ဆင္ေတြအမ်ားအျပားရဲ႕ ဇာတိေျမျဖစ္တဲ့ ထိုင္းနိုင္ငံမွာ ဆင္ေတြကို ဥပေဒတစ္ရပ္နဲ႕ ကာကြယ္ေပးထားၿပီး သူတို႔ကို ထိခိုက္နာက်င္ေအာင္လုပ္ေဆာင္သူေတြကို ဒဏ္ေငြ အမ်ားအျပားေပးေဆာင္႐ုံတင္မက ေထာင္ဒဏ္အထိပါ ခ်မွတ္ခံရမွာျဖစ္ပါတယ္။
credit

Leave a Reply

Your email address will not be published.