ပိုးဟပ်တွေဟာ ပန်းနာရင်ကျပ်ရောဂါကို ပိုမိုဆိုးရွားစေနိုင်တာ သင်သိပါသလား။
သင်က ကိမိလဗေဒပညာရှင်လို့ ခေါ်တဲ့ ပိုးမွှားဗေဒပညာရှင်တစ်ယောက်မဟုတ်ဘဲနဲ့တော့ သင့်အနေနဲ့ ပိုးဟပ်တွေကို မနှစ်သက်နိုင်လောက်ပါဘူး။
ဒါက ပိုးဟပ်ကို အမြင်အားဖြင့် မနှစ်သက်တဲ့အပိုင်းပဲရှိပါသေးတယ်။
ပိုးဟပ်တွေနဲ့ပတ်သက်ပြီး လူတော်တော်များများ မသိကြတာကတော့ အဲဒီအင်းဆက်ပိုးကောင်တွေဟာ ပန်းနာရင်ကျပ်ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပြီး ဓာတ်မတည့်တဲ့လက္ခဏာတွေကိုလည်း ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။
ဟုတ်ပါတယ်။ ကဲအခုတော့ ပိုးဟပ်ကို ရွံဖို့မနှစ်သက်ဖို့ရာ နောက်ထပ်အကြောင်းပြချက်တစ်ခု ရှိသွားပြီပေါ့နော်။
သင့်အိမ်နဲ့သင့်ကျန်းမာရေးတွေမှာ ဘာတွေဘယ်လိုဖြစ်နေတယ်ဆိုတာကို အပြည့်အဝသဘောပေါက်ဖို့ ပိုးဟပ်တွေက ပန်းနာရင်ကျပ်ရောဂါအပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်၊ အသက်ရှူလမ်းကြောင်းမှာ ဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်တယ်ဆိုတာကို ကြည့်လိုက်ကြရအောင်။
ပိုးဟပ်တွေဟာ အိမ်ထဲမှာ ဒီအတိုင်းဘာရယ်မဟုတ် လျှောက်သွားနေကြတာမဟုတ်ပါဘူး။ သွားလာနေစဉ်မှာပဲ သူတို့ဟာ စားတယ်၊ သားပေါက်တယ်၊ အမွေးအတောင်တွေ ချတယ်၊ မစင်စွန့်ပါတယ်။
အဲ့တော့ သူတို့ဖြတ်သွားတဲ့လမ်းကြောင်းတစ်လျှောက်မှာ ခြေရာတွေချည်းမဟုတ်ဘဲ တော်တော်များများကျန်နေခဲ့တာပါ။ တံတွေးတို့ သူတို့ခန္ဓာကိုယ်ကထွက်တဲ့အရည်တို့ရောပေါ့။
အဲဒီလို ပိုးဟပ်တွေဆီက စွန့်ထုတ်ထွက်ရှိလာတာတွေနဲ့ သူတို့ဓာတ်မတည့်ကြဘူးဆိုတာကို လူတော်တော်များများက မသိကြပါဘူး။
ပန်းနာရင်ကျပ်မရှိတဲ့သူတွေတောင်မှ နှာပိတ်ခြင်း၊ (လူဦးခေါင်ခွံတွင် နှာခေါင်းပေါက်နှင့်ဆက်သွယ်ထားသော) ဦးခေါင်းခွံအတွင်း လေလေမ်းကြောင်း၌ ပိုးဝင်ခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် ချွဲသလိပ်ထခြင်းတို့လိုမျိုး ဓာတ်မတည့်မှုလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဒါကြောင့် ပိုးဟပ်တွေ ရှင်းထုတ်ဖို့ –
၁။ သူတို့ရဲ့အစာနဲ့ရေလမ်းကြောင်းကို ရှင်းပစ်ပါ။ ဆိုလိုတာကတော့ သင်အစာစားပြီးရင် အစားအသောက်အစအနတွေမကျန်အောင် သေချာရှင်းလင်းပါ။
ပန်းကန်ဆေးပြီးတိုင်း ဘေစင်ပတ်လည်ကို ခြောက်အောင် သေချာသုတ်ပါ။ တကယ်လို့ ရေချိုးခန်းထဲမှာ ပိုးဟပ်တွေ့ရင် ရေချိုးပြီးတိုင်း ရေချိုးကန်နဲ့ အခန်းနံရံတွေကို သုတ်ပါ။ သွားတိုက်တံကို အသုံးမပြုတဲ့အချိန်မှာ အဖုံးဖုံးထားပါ။
၂။ အိမ်သန်းရှင်းရေးသေချာလုပ်ပါ။ ရေချိုးခန်းတို့ မီးဖိုးချောင်တို့လို ပိုးဟပ်ကြိုက်တဲ့နေရာတွေကို နေ့တိုင်းမဟုတ်တောင် ရက်အနည်းငယ်ခြား၍ တံမြက်စည်းလှည်းပါ သို့မဟုတ် ဖုန်စုပ်ပါ၊ ကြမ်းတိုက်ပါ။
၃။ အထက်ပါသန့်ရှင်းရေးနည်းများဖြင့် မနိုင်ပါက ပိုးမွှားတိရစ္ဆာန်ထိန်းချုပ်ရေးကျွမ်းကျင်ဝန်ဆောင်မှုထံမှ အကူအညီရယူပါ။
အားလုံးရဲ့အိမ်ဂေဟာမှာ ကျန်းမာရေးအတွက် အကျိုးယုတ်စေတဲ့ ပိုးဟပ်တွေရန်ကနေ ကင်းဝေးပါစေလို့ ဆန္ဒပြုလျက်…။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
credit