ညဘက်အိပ်မပျော်သူတွေအတွက် ပူစီနံ ၇ ရွက်လောက်ပဲ လိုပါတယ်

ကိုဗစ်ဖြစ်ထားပြီးသူတွေ(သို့မဟုတ်)ရာသီတုပ်ကွေးဖြစ်ပြီးတဲ့သူတွေ အိပ်မပျော်ကြဘူးလို့လိုင်းပေါ်မှာတွေ့နေရတယ်။လွယ်လွယ်လေးပါ။ မခက်ပါဘူး။ပူစီနံခုနှစ်ရွက်လောက် ကို သုံးမိနစ်ရေနွေးအိုးထဲရေ နှစ်ခွက်စာထည့်ပြုတ်ပြီး ညအိပ်ယာဝင်ကာနီး မှုတ်သောက်ပါ။

(၃) ချွဲကျစေတယ်၊ချောင်းဆိုးပျောက်စေတယ်- ချောင်းဆိုးပျောက်ဆေး အများစုမှာပူစီနံရဲ့ ဓါတ်ကို ထည့်သွင်းထုတ်လုပ်ထားတာ တွေ့နိုင်သလိုအနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့်ချွဲကျစေသလို ချောင်းဆိုလည်းပျောက်ကင်းစေတာ တွေ့ရပါတယ်။

(၄) ပန်းနာရင်ကျပ်လည်းသက်သာစေနိုင်တယ်- အများဆုံးသောပန်းနာရင်ကျပ် သမားတွေရဲ့လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်ကပူစီနံပါ၊ လည်ချောင်းရှင်းပြီးအသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။

(၅) မိခင်များ နို့ထွက်ကောင်းစေတယ်- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်းပူစီနံ အနည်းငယ်ပုံမှန်စားသုံးပေးသင့်ပါတယ်နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။

(၆) အဝလွန်ခြင်းကိုကာကွယ်ပေးနိုင်တယ်- ပူစီနံရွက်ထဲမှာပါရှိတဲ့ ပူရှိန်းတဲ့ဓါတ်ဟာ သွေးထဲက အဆီခဲတွေကိုဖယ်ရှားပေးနိုင်ပြီး အဝလွန်ခြင်းကိုကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၇) အသားရေစိုပြေစေတယ်- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းကအရေပြားကို စိုစွတ် အေးမြစေတယ်၊စိုပြေစေတယ်၊နေပူဒဏ် ခံနိုင်စေတယ်၊ပူစီနံနဲ့ ဖော်စပ်ထားတဲ့အရေပြား လိမ်းဆေးတွေကအရေပြားကူးစက်ရောဂါတွေကိုပါကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၈)သတိမေ့ခြင်းကိုသက်သာစေနိုင်တယ်-အသက်အရွယ်ကြီးမားလာခြင်းအတွက်ရောစိတ်ဖိစီးမှု များခြင်းကြောင့်သတိမေ့ခြင်းကိုပူစီနံက ကာကွယ်ပေးနိုင်တာ၊သက်သာစေနိုင်တာ တွေ့ရပါတယ်။

(၉) ကိုယ်အလေးချိန် မှန်စေတယ်- အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်သလိုကိုယ်အလေးချိန် များနေသူတွေ၊အဝလွန်နေသူတွေကိုလည်း သွေးထဲကအဆီတွေဖယ်ပေးနိုင်တာကြောင့်ကိုယ်အလေးချိန် မှန်ပြီးပိန်စေနိုင်တာလည်း တွေ့ရပါတယ်။

(၁၀) ကင်ဆာကိုလည်းကာကွယ်ပေးနိုင်တယ်- အထိရောက်ဆုံး ကာကွယ်မှုပေးနိုင်တာ မဟုတ်ပေမယ့်နောက်ဆုံး လေ့လာတွေ့ရှိချက်တွေအရတော့ ကင်ဆာဖြစ်စေမယ့်ဆဲလ်တွေဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။
credit

Leave a Reply

Your email address will not be published.