လူသိနည်းတဲ့ကျောက်ကပ်ကြောင့်ဖောယောင်တာပျောက်တဲ့ဆေးနည်း

Posted by

လူသိနည်းလှသော ဟင်းတစ်လက် ဖြစ်ပါသည်။ ကျောင်းဆရာအဖြစ် တာဝန်ကျခါစ ဟင်္သာတမြို့ရဲ့ ရွာလေးတစ်ရွာမှာ မြေဖရုံရွက်တွေ အလွန်ပေါသဖြင့် မကြာခဏ ကြော်ချက်စားဖြစ်ပါသည်။

လွန်စွာမှ နူးညံ့၍ အရသာလည်း ရှိလှပါသည်။
စား၍ရမှန်း မသိသူများက ” ဟာ ဆရာတော့ သေတော့မှာပဲတဲ့”။ မသေတဲ့အပြင် ကျန်းမာရေးကို ဒေါင်ဒေါင်မြည်လို့ဗျာ ဒီနေ့အထိ။

မြေဖရုံပင်ဟာ အပင်ငယ်မျိုးဖြစ်ပြီး မြန်မာပြည်အနှံ့တွေ့ရသည်။ အရွက်ဖားလျှက် အမွှေးနုကလေးများပါသည်။
သီတ အာပေါဓာတ် ဆောင်သဖြင့် ကျောက်ကပ်ဖြင့် အလွန်သင့်တော်ပါသည်။

အရွက်အရိုး၊ အမြစ်တို့ကို ကြော်ချက်စားပါက ကျောက်ကပ်ဝေဒနာ သက်သာခြင်း၊ အဖောအရောင် လုံးဝပျောက်ကင်းခြင်း၊ အသားအရည် စိုပြည်ခြင်း၊ အားရှိခြင်း၊ အိပ်ပျော်ခြင်း စသော ရသာယန အကျိုးများစွာ ရရှိနိုင်သော မြန်မာ့ အဖိုးတန်ဆေးဘက်ဝင်အပင် ဖြစ်ပါသည်။

ရောဂါရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စားသုံးနိုင်ပါသည်။ ပင်ကိုယ်အငန်ဓာတ်ပါသဖြင့် ဆားအနည်းငယ်သာ ထည့်ရပါသည်။ ဟင်းတစ်ခွက်အဖြစ်လည်း စားသင့်ပါသည်။

အပင်ရဲ့ ပုံပန်းကြမ်းသလောက် ကြော်ချက်စားပါက သူမတူအောင် နူးညံ့သိမ်မွေ့သော နတ်သစ်ရွက်ဖြစ်ပါသဖြင့် အများပြည်သူ ကျန်းမာရေးအတွက် ဆေးတစ်လက်ကို ကုသိုလ်ဖြစ် မျှဝေလိုက်ပါသည်။

စေတနာများစွာဖြင့် ဆရာကျော်လင်းအောင်

Credit
zawgyi
လူသိနည္းလွေသာ ဟင္းတစ္လက္ ျဖစ္ပါသည္။ ေက်ာင္းဆရာအျဖစ္ တာဝန္က်ခါစ ဟသၤာတၿမိဳ႕ရဲ႕ ႐ြာေလးတစ္႐ြာမွာ ေျမဖ႐ုံ႐ြက္ေတြ အလြန္ေပါသျဖင့္ မၾကာခဏ ေၾကာ္ခ်က္စားျဖစ္ပါသည္။

လြန္စြာမွ ႏူးညံ့၍ အရသာလည္း ရွိလွပါသည္။
စား၍ရမွန္း မသိသူမ်ားက ဟာ ဆရာေတာ့ ေသေတာ့မွာပဲတဲ့။ မေသတဲ့အျပင္ က်န္းမာေရးကို ေဒါင္ေဒါင္ျမည္လို႔ဗ်ာ ဒီေန႕အထိ။

ေျမဖ႐ုံပင္ဟာ အပင္ငယ္မ်ိဳးျဖစ္ၿပီး ျမန္မာျပည္အႏွံ႕ေတြ႕ရသည္။ အ႐ြက္ဖားလွ်က္ အေမႊးႏုကေလးမ်ားပါသည္။
သီတ အာေပါဓာတ္ ေဆာင္သျဖင့္ ေက်ာက္ကပ္ျဖင့္ အလြန္သင့္ေတာ္ပါသည္။

အ႐ြက္အရိုး၊ အျမစ္တို႔ကို ေၾကာ္ခ်က္စားပါက ေက်ာက္ကပ္ေဝဒနာ သက္သာျခင္း၊ အေဖာအေရာင္ လုံးဝေပ်ာက္ကင္းျခင္း၊ အသားအရည္ စိုျပည္ျခင္း၊ အားရွိျခင္း၊ အိပ္ေပ်ာ္ျခင္း စေသာ ရသာယန အက်ိဳးမ်ားစြာ ရရွိနိုင္ေသာ ျမန္မာ့ အဖိုးတန္ေဆးဘက္ဝင္အပင္ ျဖစ္ပါသည္။

ေရာဂါရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ စားသုံးနိုင္ပါသည္။ ပင္ကိုယ္အငန္ဓာတ္ပါသျဖင့္ ဆားအနည္းငယ္သာ ထည့္ရပါသည္။ ဟင္းတစ္ခြက္အျဖစ္လည္း စားသင့္ပါသည္။

အပင္ရဲ႕ ပုံပန္းၾကမ္းသေလာက္ ေၾကာ္ခ်က္စားပါက သူမတူေအာင္ ႏူးညံ့သိမ္ေမြ႕ေသာ နတ္သစ္႐ြက္ျဖစ္ပါသျဖင့္ အမ်ားျပည္သူ က်န္းမာေရးအတြက္ ေဆးတစ္လက္ကို ကုသိုလ္ျဖစ္ မွ်ေဝလိုက္ပါသည္။

ေစတနာမ်ားစြာျဖင့္ ဆရာေက်ာ္လင္းေအာင္

Credit