အခွံနွှာရတာ အရမ်းလွယ်ကူတဲ့ အာလူးဟာ တခြားဟင်းသီးဟင်းရွက်တွေလိုမျိုး ရာသီချိန်မှရယ်လို့ မဟုတ်ပဲ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးမှာ လွယ်လွယ်ကူကူရှာဖွေ ဝယ်ယူနိုင်ပါတယ်။ ဖောဖောသီသီလည်းဖြစ်၊ အရသာလည်းရှိပြီး အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။
အာလူးတွေကို အမြဲတမ်း လတ်ဆတ်နေပြီး အစို့အညှောက်မထွက်အောင် ဘယ်လို သိမ်းဆည်းထားနိုင်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်
၁။ အာလူးတွေကို အေးပြီးမှောင်တဲ့နေရာမှာ သိုလှောင်ပါ
သင်ဟာ အာလူးတွေကို ရေခဲသေတ္တာထဲက အသီးအရွက်တွေထည့်တဲ့ပုံးထဲ တခြားဟင်းသီးဟင်းရွက်တွေနဲ့ အတူတူရောပြီး သိမ်းတတ်တယ်ဆိုရင်တော့ မှားနေပါပြီ။ The Kitch က အာလူးတွေကို အေးပြီးမှောင်တဲ့နေရာမှာ သိမ်းဆည်းသင့်ကြောင်းနဲ့ အပူချိန် (၄၅ ၅၀) ဒီဂရီ ဖာရင်ဟိုက် ကြားမှာရှိဖို့လိုအပ်ပါတယ်လို့ ပြောကြားထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင့်အနေနဲ့ စိုထိုင်းတဲ့ပတ်ဝန်းကျင်မျိုးမှာ မသိုလှောင်မိဖို့ကိုတော့ သတိထားရပါမယ်။
၂။ မသိုလှောင်ခင် ပြင်ဆင်စရာတွေ
အာလူးသားတင်းနေစေဖို့နဲ့ ကြာရှည်ခံစေဖို့ မသိုလှောင်ခင် ပြင်ဆင်ရမယ့် အချက်လေးတွေရှိကြောင်းကို Grow a Good Life က ဖော်ပြပေးထားပါတယ်။ ပထမဦးဆုံး သတင်းစာတွေခင်းထားတဲ့ သေတ္တာပုံးထဲ အာလူးတွေကို ဖြန့်ခင်းလိုက်ပါ။ ပြီးနောက် သေတ္တာပုံးကို မျက်နှာသုတ်ပဝါအနက်ရောင်နဲ့ အုပ်ပြီး ရက်သတ္တပတ် အနည်းငယ်လောက် ထားလိုက်ပါ။
၁၉၃၀ ခုနှစ်ဝန်းကျင်လောက်ထဲက အသုံးပြုခဲ့ကြတဲ့ နည်းလမ်းဖြစ်ပြီး မကြာသေးမီက သုတေသနပြုချက်မှာတော့ မှည့်ချိန်ရောက်နေပြီဖြစ်တဲ့ ပန်းသီးတွေဟာ အက်သလင်း ဂတ်စ် (Ethylene Gas) ကိုထုတ်လုပ်တဲ့အတွက် အမြစ်ထွက်ခြင်းကို အလျင်အမြန်ဖြစ်စေနိုင်တယ် ဆိုပြီး ဖော်ပြထားပါတယ်။
credit
zawgyi
အခြံႏႊာရတာ အရမ္းလြယ္ကူတဲ့ အာလူးဟာ တျခားဟင္းသီးဟင္း႐ြက္ေတြလိုမ်ိဳး ရာသီခ်ိန္မွရယ္လို႔ မဟုတ္ပဲ ႏြေ၊ မိုး၊ ေဆာင္း သုံးရာသီလုံးမွာ လြယ္လြယ္ကူကူရွာေဖြ ဝယ္ယူနိုင္ပါတယ္။ ေဖာေဖာသီသီလည္းျဖစ္၊ အရသာလည္းရွိၿပီး အာဟာရဓာတ္ေတြလည္း ႂကြယ္ဝစြာ ပါဝင္ပါတယ္။
အာလူးေတြကို အၿမဲတမ္း လတ္ဆတ္ေနၿပီး အစို႔အေညွာက္မထြက္ေအာင္ ဘယ္လို သိမ္းဆည္းထားနိုင္မလဲဆိုတာကို ေလ့လာၾကည့္လိုက္ရေအာင္ေနာ္
၁။ အာလူးေတြကို ေအးၿပီးေမွာင္တဲ့ေနရာမွာ သိုေလွာင္ပါ
သင္ဟာ အာလူးေတြကို ေရခဲေသတၱာထဲက အသီးအ႐ြက္ေတြထည့္တဲ့ပုံးထဲ တျခားဟင္းသီးဟင္း႐ြက္ေတြနဲ႕ အတူတူေရာၿပီး သိမ္းတတ္တယ္ဆိုရင္ေတာ့ မွားေနပါၿပီ။ The Kitch က အာလူးေတြကို ေအးၿပီးေမွာင္တဲ့ေနရာမွာ သိမ္းဆည္းသင့္ေၾကာင္းနဲ႕ အပူခ်ိန္ (၄၅ ၅၀) ဒီဂရီ ဖာရင္ဟိုက္ ၾကားမွာရွိဖို႔လိုအပ္ပါတယ္လို႔ ေျပာၾကားထားပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သင့္အေနနဲ႕ စိုထိုင္းတဲ့ပတ္ဝန္းက်င္မ်ိဳးမွာ မသိုေလွာင္မိဖို႔ကိုေတာ့ သတိထားရပါမယ္။
၂။ မသိုေလွာင္ခင္ ျပင္ဆင္စရာေတြ
အာလူးသားတင္းေနေစဖို႔နဲ႕ ၾကာရွည္ခံေစဖို႔ မသိုေလွာင္ခင္ ျပင္ဆင္ရမယ့္ အခ်က္ေလးေတြရွိေၾကာင္းကို Grow a Good Life က ေဖာ္ျပေပးထားပါတယ္။ ပထမဦးဆုံး သတင္းစာေတြခင္းထားတဲ့ ေသတၱာပုံးထဲ အာလူးေတြကို ျဖန႔္ခင္းလိုက္ပါ။ ၿပီးေနာက္ ေသတၱာပုံးကို မ်က္ႏွာသုတ္ပဝါအနက္ေရာင္နဲ႕ အုပ္ၿပီး ရက္သတၱပတ္ အနည္းငယ္ေလာက္ ထားလိုက္ပါ။
၁၉၃၀ ခုႏွစ္ဝန္းက်င္ေလာက္ထဲက အသုံးျပဳခဲ့ၾကတဲ့ နည္းလမ္းျဖစ္ၿပီး မၾကာေသးမီက သုေတသနျပဳခ်က္မွာေတာ့ မွည့္ခ်ိန္ေရာက္ေနၿပီျဖစ္တဲ့ ပန္းသီးေတြဟာ အက္သလင္း ဂတ္စ္ (Ethylene Gas) ကိုထုတ္လုပ္တဲ့အတြက္ အျမစ္ထြက္ျခင္းကို အလ်င္အျမန္ျဖစ္ေစနိုင္တယ္ ဆိုၿပီး ေဖာ္ျပထားပါတယ္။
credit