ကဆုန်လပြည့်နေ့တွင်မဖြစ်မနေပြုရမည့် အလှူ

ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့ ဆိုသည့်အတိုင်း ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးမြတ်သည့် နေ့ကောင်းရက်မြတ်ပဲဖြစ်ပါသည်။

သုံးလောကထွဋ်ထား မြတ်စွာဘုရား ဘုရားလောင်းဘဝမှာ ဘုရားစင်စစ်ဧကန်ဖြစ်မည် ဟူ၍ ဒီပင်္ကရာဘုရားရှင်က ဗျာဒိတ်ပေးခဲ့သည့် နေ့မှသည် မြတ်စွာဘုရားဖွားတော်မူသောနေ့၊ ဘုရားအဖြစ်ပွင့်တော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံတော်မူသောနေ့တို့သည် ကဆုန်လပြည့် နေ့တွေပဲဖြစ်ပါသည်။

ထို့ကြောင့် ကဆုန်လပြည့်နေ့ကို #ဗုဒ္ဓနေ့ လို့ခေါ်ဆိုတာလည်းဖြစ်ပါသည်။
ယခုလို ထူးခြားသည့်နေ့ကောင်းရက်မြတ်တွင် မိမိတို့နေအိမ်သည် တက်နေပမာ ကျက်သရေဖြာစေဖို့ ကုသိုလ်ကောင်းမှုများကို မမေ့မလျော့လုပ်ကြဖို့ တိုက်တွန်းအပ်ပါသည်။

လပြည့်နေ့တွင် ပြုသင့်သည့်ကုသိုလ်ကောင်းမှုတစ်ခုကတော့ မိမိတို့နေအိမ်တွင် မရှိစကားမကြားရဘဲ စီးပွားဥစ္စာလာဘ်လာဘများတိုးပွားပြီး မိသားစုဝင်များ (၉၆)ပါးသောရောဂါဝေဒနာများကင်းဝေး၍ ကျန်းမာရေးမကောင်းသူများပါ ပြန်လည်နလန်ထလာစေမည့် ဆန်၊ ဆီ၊ ဆေး၊ ဆားအလှူတော် ပဲဖြစ်သည်။

ဆန် ဆီ ဆားဆေး လှူဒါန်းရခြင်းကြောင့် အကျပ်အတည်းများ ရင်ဆိုင်ရချိန်၊ စားဝတ်နေရေးအတွက် ရုန်းကန်ရချိန်တွင် အရံသင့်ပေးမည့်၊ ကျွေးမည့် လက်တစ်စုံအမှီရစေပြီး လုပ်ငန်းစီးပွားလည်း တိုးတက်စေပါလိမ့်မည်။

ကျန်းမာရေး ချို့ယွင်းသူများ ပြန်လည်ကျန်းမာလာစေ၏။ မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။ မိမိတို့၏ အိမ် မီးဖိုချောင်သည်လည်း စားစရာများဖြင့် ပြည့်စုံနေခြင်း၊ စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်လာပါလိမ့်မည်။

ထို့ကြောင့် ဆန်ဆီဆေးဆားအလှူတော်ကို မပြတ်မကွက်လှူဒါန်းဖို့ နိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါသည်။ crd
zawgyi

ဗ်ာ၊ ဖြား၊ ပြင့္၊ စံ ဤေလးတန္မွတ္ရန္ ဗုဒၶေန႕ ဆိုသည့္အတိုင္း ကဆုန္လျပည့္ေန႕သည္ ဗုဒၶဘာသာဝင္တို႔အတြက္ ထူးျမတ္သည့္ ေန႕ေကာင္းရက္ျမတ္ပဲျဖစ္ပါသည္။

သုံးေလာကထြဋ္ထား ျမတ္စြာဘုရား ဘုရားေလာင္းဘဝမွာ ဘုရားစင္စစ္ဧကန္ျဖစ္မည္ ဟူ၍ ဒီပကၤရာဘုရားရွင္က ဗ်ာဒိတ္ေပးခဲ့သည့္ ေန႕မွသည္ ျမတ္စြာဘုရားဖြားေတာ္မူေသာေန႕၊ ဘုရားအျဖစ္ပြင့္ေတာ္မူေသာေန႕ႏွင့္ ပရိနိဗၺာန္စံေတာ္မူေသာေန႕တို႔သည္ ကဆုန္လျပည့္ ေန႕ေတြပဲျဖစ္ပါသည္။

ထို႔ေၾကာင့္ ကဆုန္လျပည့္ေန႕ကို #ဗုဒၶေန႕ လို႔ေခၚဆိုတာလည္းျဖစ္ပါသည္။ယခုလို ထူးျခားသည့္ေန႕ေကာင္းရက္ျမတ္တြင္ မိမိတို႔ေနအိမ္သည္ တက္ေနပမာ က်က္သေရျဖာေစဖို႔ ကုသိုလ္ေကာင္းမႈမ်ားကို မေမ့မေလ်ာ့လုပ္ၾကဖို႔ တိုက္တြန္းအပ္ပါသည္။

လျပည့္ေန႕တြင္ ျပဳသင့္သည့္ကုသိုလ္ေကာင္းမႈတစ္ခုကေတာ့ မိမိတို႔ေနအိမ္တြင္ မရွိစကားမၾကားရဘဲ စီးပြားဥစၥာလာဘ္လာဘမ်ားတိုးပြားၿပီး မိသားစုဝင္မ်ား (၉၆)ပါးေသာေရာဂါေဝဒနာမ်ားကင္းေဝး၍ က်န္းမာေရးမေကာင္းသူမ်ားပါ ျပန္လည္နလန္ထလာေစမည့္ ဆန္၊ ဆီ၊ ေဆး၊ ဆားအလႉေတာ္ ပဲျဖစ္သည္။

ဆန္ ဆီ ဆားေဆး လႉဒါန္းရျခင္းေၾကာင့္ အက်ပ္အတည္းမ်ား ရင္ဆိုင္ရခ်ိန္၊ စားဝတ္ေနေရးအတြက္ ႐ုန္းကန္ရခ်ိန္တြင္ အရံသင့္ေပးမည့္၊ ေကြၽးမည့္ လက္တစ္စုံအမွီရေစၿပီး လုပ္ငန္းစီးပြားလည္း တိုးတက္ေစပါလိမ့္မည္။

က်န္းမာေရး ခ်ိဳ႕ယြင္းသူမ်ား ျပန္လည္က်န္းမာလာေစ၏။ မိမိအိမ္တြင္ လိုအပ္ခ်က္ မွန္သမွ်ျပည့္စုံလာေစ၏။ မိမိတို႔၏ အိမ္ မီးဖိုေခ်ာင္သည္လည္း စားစရာမ်ားျဖင့္ ျပည့္စုံေနျခင္း၊ စိတ္ဝမ္းကြဲေနေသာ မိတ္ေဆြ ညီအကိုေမာင္ႏွမမ်ားလည္း ျပန္လည္သင့္ျမတ္လာပါလိမ့္မည္။

ထို႔ေၾကာင့္ ဆန္ဆီေဆးဆားအလႉေတာ္ကို မျပတ္မကြက္လႉဒါန္းဖို႔ နိဗၺာန္အက်ိဳးေမွ်ာ္ကာ ႏွိုးေဆာ္လိုက္ရပါသည္။ crd

Leave a Reply

Your email address will not be published.