ကံပွင့်၊ကံမြှင့်စေရန် ကဆုန်လပြည့်နေ့ (14.5.2022)တွင်သာပြုလုပ်ရမယ့် ယတြာ

နှင်းဆီပန်း(၅)ပွင့် ၊ သပြေပန်း(၅)ခက် ၊ လမုန့်(၅)ခုတို့အား လင်ဗန်းတစ်ချပ်ထဲတွင်လှပအောင်ပြင်ဆင်၍ထည့်ပြီး ၊ ဖယောင်းတိုင်(၅)တိုင် |အမွေးတိုင်(၅)တိုင်|သောက်တော်ရေ(၅)ခွက်စီကိုလည်း ဘုရားရှင်အားဆက်ကပ်လှူဒါန်းပါ

အနန္တော အနန္တ ငါးပါးအား ရည်စူးကပ်လှူပူဇော်ရင်း အောက်ပါအတိုင်း လေးလေးနက်နက် ဆုတောင်းပေးပါ ။ ဘုရားရှင်အမှူးရှိသော အနန္တငါးပါးအားရည်မှန်း၍ ရည်စူး၍ နှင်းဆီပန်း (၅)ပွင့်တိုဖြင့်လည်းကောင်း| သပြေပန်း(၅)ခက်တို့ဖြင့်လည်းကောင်း| လမုန့်(၅)ခုတို့ဖြင့်လည်းကောင်း|

ဖယောင်းတိုင်(၅)တိုင်တို့ဖြင့်လည်းကောင်း| အမွေးတိုင်(၅)တိုင်တို့ဖြင့်လည်းကောင်း| ရေတော်(၅)ခွက်တို့ဖြင့်လည်းကောင်း ကပ်လှူပူဇော်ကန်တော့ပါ၏

ဤသစ္စာမှန်ကန်ပါက| ဤမှန်သောသစ္စာစကားကြောင့်လည်းကောင်း| ဤမှန်သောသစ္စာတန်ခိုးကြောင့်သော်လည်းကောင်း| အရပ်လေးမျက်နှာ| အရပ်ရှစ်မျက်နှာ| အရပ်ဆယ်မျက်နှာတို့မှ ငွေကြေး|စည်းစိမ်ဥစ္စာ| ရတနာများစွာတို့သည်လည်းကောင်း|

စိန်ရွှေရတနာ| ကျောက်မျက်ရတနာများစွာတို့သည်လည်းကောင်း |အလုပ်အကိုင်| အကြံအစည်ကိစ္စများစွာတို့သည်လည်းကောင်း လျင်မြန်စွာတိုးတက်ဝင်ရောက် လာကြပါစေသတည်းလျင်မြန်စွာ ဝင်လာမစဲ |တသဲသဲ စည်ကားလာကြပါစေ| ရောက်ရှိလာကြပါစေကုန်သတည်း ‘ဟူ၍ (၅)ကြိမ် |(၅)ခါတိတိ ရွတ်ဆိုဆုတောင်းပေးရပါမည်
credit
zawgyi




credit

Leave a Reply

Your email address will not be published.