၁၁ . ၉ . ၂၀၂၁
မိုင်းကျတ်ဂူတွင် တရားအားထုတ်နေသောမိုင်းဖုန်းဆရာတော်မိန့်ကြားသည်မှာ
မြန်မာပြည်ကြီးသည် ၂၀၂၂ ခုနှစ် ၆ လပိုင်းမှစတင်ကာ အရာရာဟာ အကောင်းဘက်သို့ပြန်လည်ဦးတည်မည်။
ထိုအချိန်တွင် ကပ်ရောဂါများလည်း ကင်းစင်မည်။တိုင်းပြည် အေးချမ်းသာယာမည်။ကောက်ပဲသီးနှံများ ပြန်လည်ဖြစ်ထွန်းမည်
တိုင်းပြည်စီးပွားရေး ပြန်လည်ကောင်းမွန်လာမည်ကပ်ကြီးသုံးပါးလည်း ရှောင်ခွာတော့မည်။
၂၀၂၃ နောက်ပိုင်းမှစ၍ မင်းပြောင်းမင်းလွဲ အကြိမ်ကြိမ်ဖြစ်ဦးမည်မင်းသစ်တက်သူကတက် နန်းကျသူကကျ မင်းဟောင်းတွေထဲက နတ်ရွာစံသူကစံနဲ့
တိမ်တောင်သဖွယ် မင်းရေးကျယ်စွာ ရှုပ်ထွေးကြလိမ့်ဦးမည်။
၂၀၃၀ နောက်ပိုင်း၂၀၅၀ ကြားကာလမှာတော့ ဘုန်းကံကြီးစွာ မင်းကောင်းရတနာ မင်းခယောက်ကျားမြတ် တစ်ပါးပေါ်ထွန်းလာလိမ့်ဦးမည်။
ပြည်သူအများ ရင်ဝယ်သားကဲ့သို့ ကျောသားရင်သား မခွဲခြားပဲမင်းကျင့်တရားဆယ်ပါးနဲ့အညီအုပ်ချုပ်မည်။
ဘယ်စနစ်ဘယ်ဝါဒမှ မသုံးပဲ ဗုဒ္ဓဝါဒနဲ့ အုပ်ချုပ်လိမ့်မည်။တိုင်းပြည်တော်ကြီး သာယာဝပြောလိမ့်ဦးမည်ကမ္ဘာအရပ်ရပ်က ထီးတစ်ရာမင်းတို့၏
ထိပ်ခေါင်ဖြစ်လိမ့်မည်။တိုင်းပြည်သည် ဂျပန်ပြည်လိုတိုးတက်၍ သာသနာသည် နေတဆူထင်လင်းပြီးကမ္ဘာပြန့်ပွား၍ ကမ္ဘာ့သာသနာ့ထီးကြီးဆောင်းလိမ့်မည်။
ယခုအချိန်တွင်တော့ ဘုရား တရား သံဃာကိုသာအမြဲရှိခိုးပါ ၊ ရွတ်ဆိုပါ ၊ ကိုးကွယ်ကြပါ ဒကာတို့။
credit