ဤယတြယာကိုခုနှစ်ကြိမ်တိတိ မပျက်မကွက်တိတိကျကျ လုပ်လျှင် ထူးခြားစွာငွေဝင်မည်

Posted by

လာဘ်ပိတ်နေတာလား၊ ဈေးရောင်းပါးနေတာလား၊လက်လွန်ထားသောငွေများပြန်မရတာလား၊ဈေးရောင်းကောင်းပြီး ငွေမစုမိတာလား၊အကြွေး များတင်နေတာလား လူတိုင်းဈေးရောင်းကောင်းပြီး အကြွေးကင်းရှင်းရန် ဘာနေ့သားသမီးဘဲဖြစ်ဖြစ် ဤယတြာကို တစ်ပတ်တစ်ခါပြုလုပ်ပေးပါ။

တစ်ကြိမ်လုပ်လျှင် တစ်ကြိမ်အကျိုးထူးရပါမည်။ခုနှစ်ကြိမ်တိတိ မပျက်မကွက်တိတိကျကျ လုပ်လျှင် ထူးခြားစွာပြောင်းလဲတိုးတက်မည်။

ယတြာအတွက်လိုအပ်သောပစ္စည်းများ-၁-ငွေဖလားတစ်လုံး၂-မြန်မာ အကြွေစေ့တစ်စေ့၃-အဖြူဖယောင်းအကြီးတစ်တိုင်၄-ဆန်သုံးဆုပ်၅-ရေခဲရေ ထို ၅မျိုးနဲ့ ယတြာလုပ်လို့ရပါပြီ။

ယတြာနည်း ငွေဖလားထဲမှာ အကြွေစေ့ တစ်စေ့ထဲ့ပါ၊ အကြွေစေ့ပေါ် ဖယောင်းတိုင်အဖြူစိုက်ပါ၊ ဆန် ၃ဆုပ် အသက်အောင့်၍ထဲ့ပါ၊ ရေခဲရေ အပြည့်ထဲ့ပါ၊

(တနင်္လာနေ့ နံနက် ရးဝဝ ထွန်းပါ)လာဘ်ပွင့် ကံပွင့်ရန် ငွေကြေးလာဘ်လာဘများဝင်လာဖို့ ဝင်လာသော လာဘ်လာဘများလည်းမြဲစေဖို့ဆုတောင်းပါ။ဖယောင်းတိုင်အပူမီးသည် ရေခဲရေနဲ့တွေ့တော့ အပူအားလုံးအေးငြိမ်းသွားပါမည်။

ဤတွင်ယတြာပြီးဆုံးပါပြီ။ရေထဲတွင်ဖယောင်းတိုင်အတိုရှိသည် မထွန်းတော့ပါ။ ဆန်၊ ရေ၊ ဖယောင်းအတို တို့ကို ရေချောင်း၊ ရေအိုင်တို့မှာ စွန့်ပြစ်ပါ။

အကြွေစေ့ကိုပိုက်ဆံအိတ်ထဲ ထဲ့ဆောင်ပါ။ ငွေဖလားကို သန့်ရှင်းသောနေရာမှာထားပါ။ ထိုယတြာကို တနင်္လာနေ့တိုင်းထွန်းပါ။ ခုနှစ်ပါတ်ပြည့်အောင်ထွန်းပါ။

ငွေဖလား အဟောင်းနှင့် အကြွေစေ့အဟောင်းကိုသာ ပြန်သုံးပါ။ ခုနှစ်ပါတ်ပြည့်လျှင် ထိုအကြွေစေ့ အစွမ်းပြလာမည်။

Credit