လျှပ်စစ်မီးမရတဲ့နေရာတေမှာခရီးထွက် တဲ့အခါမျိုးမှာအရေးပေါ် မိုဘိုင်းဖုန်း အားသွင်းလို့ရအောင် အလွယ်တကူ ပြုလုပ်နည်း

Posted by

မိုဘိုင်းဖုန်း ဆိုတာ ဒီနေ့ခေတ်မှာမရှိမဖြစ်အရာတွေဖြစ်လာပါပြီ ။

တောထဲတောင်ထဲ ခရီးထွက် တဲ့အခါမျိုးမှာ GPS စနစ်အသုံးပြုဖို့အတွက် မိုဘိုင်းဖုန် းဟာအလွန်အရေးပါတဲ့အရာတစ်ခုပါ ။

Power Bank တွေရှိတယ်ဆိုပေမယ့် မီးလုံးဝမရတဲ့နေရာမျိုးမှာ

ဖုန်းရော ပါဝါဘန့်ရော အားကုန် သွားတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ။

AA ဓါတ်ခဲလေးတွေဟာ ကျောပိုးအိတ်ထဲအလွယ်တကူထည့်ယူသွားလို့ရတဲ့ဓါတ်ခဲလေးတွေပါ။

ဒီ AA ဓါတ်ခဲလေးတွေကိုသုံးပြီး အရေးပေါ် Power Bank လေးဘယ်လိုပြုလုပ်သွားရမလဲဆိုတာကိုပြောပြပါမယ်။

USB ကြိုးတစ်ချောင်းကို ဖြတ်လိုက်မယ်ဆိုရင် အစိမ်း ၊ အဖြူ ၊ အနီ နဲ့ အနက် ကြိုးလေးချောင်းတွေ့ပါမယ် ။

ထို့နောက် AA ဓါတ်ခဲလေးလုံးကို ဆက်ပါ ။ အပေါင်းဘက်ကို ကြိုးအနီ နဲ့ အနုတ်ဘက်ကိုကြိုးအမဲနဲ့ဆက်သွယ်ပါ။

ပြီးရင်တော့ ဓါတ်ခဲတွေက ကြိုးနဲ့ USB က ကြိုးတွေကို အရောင်တူချင်းဆက်ပေးပါ ။ အစိမ်းရောင်နဲ့ အဖြူရောင်ကြိုးကတော့ သုံးဖို့မလိုအပ်ပါဘူး။

အားလုံးချိတ်ဆက်ပြီးတဲ့အခါ ဖုန်းမှာ အားသွင်းကြိုးထိုးလိုက်ပါ ။ မီးအားဝင်နေတာကိုတွေ့ရပါလိမ့်မယ်။

သာမန်အားသွင်းကြိုးနဲ့သွင်းတာထက် ၄ ဆလောက်ကြာနိုင်ပေမယ့် အရေးပေါ်အခြေအနေမျိုးအတွက်အကောင်းဆုံး နည်းလမ်းလေးတစ်ခုပါပဲ။

Credit