ခင်ပွန်းကို ပြန်ရောင်းဖို့ မယားငယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ မယားကြီး

Posted by

အိန္ဒိယနိုင်ငံက အမျိုးသမီးငယ် တစ်ဦးဟာ ဖောက်ပြန်တဲ့ ခင်ပွန်းကြောင့် အမျိုးမျိုး စိတ်ညစ်ခဲ့ရပေမယ့်၊ သူမရဲ့ ယောက်ျားနဲ့ ဖောက်ပြန်နေတဲ့ မယားငယ်က ညှိနှိုင်းမှုတွေ ပြုလုပ် လာခဲ့ ပါတယ်။

အဲဒါကတော့ ခင်ပွန်းကို ပြန်ရောင်းမယ် ဆိုရင် ရူပီး သိန်း (၅၀) ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှုပါ။ အဲဒီကမ်းလှမ်းမှုကို မယားကြီးဖြစ်သူက ကျေကျေ နပ်နပ် လက်ခံ လိုက်တယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ Karnataka မြို့မှာ ဖြစ်ခဲ့တာပါ။ မယားကြီး အမည်ကတော့ Ramya လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။ Ramya ဟာ ခင်ပွန်း ဖောက်ပြန်တာကို သိခဲ့တာ ကြာပါပြီ။

သူမရဲ့ ခင်ပွန်းဟာ ယခင်က အလုပ်ကနေ အိမ်ကို ပြန်မလာဘဲ သူငယ်ချင်းအိမ် လိုက်အိပ်တာလိုလို၊ အလုပ်က ခရီးထွက်ခိုင်းလို့ ထွက်ရတာလိုလိုနဲ့ အမြဲလိုလို အကြောင်းပြချက် ပေးပြီး အိမ်ပြန်လာလေ့ မရှိပါဘူး။

အဲဒီကတည်းက သူမရဲ့ခင်ပွန်း အခြေပျက်နေပြီဆိုတာ သိခဲ့ရတာပါ။ ခင်ပွန်းဖြစ်သူဟာ ငွေကြေးချမ်းသာတဲ့ အမျိုးသမီး တစ်ယောက်နဲ့ ဖောက်ပြန်နေတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ သူမကို မယားငယ်ဖြစ်သူနဲ့ လက်ပူးလက်ကြပ်ဖမ်းပြီး နှစ်ဘက် အချေအတင် ငြင်းခုံခဲ့ရပါသေးတယ်။ နောက်ဆုံးတော့ ငွေချမ်းသာတဲ့ အမျိုးသမီးက ညှိနှိုင်းချိန်မှာတော့ သူမကလည်း လျှောလျှောရှှုရှု လက်ခံလိုက်ပါတယ်။

အကြောင်းတော့ ခင်ပွန်းကို အလကားသက်သက် ဆုံးရှုံး လိုက်ရတာထက် စာရင်၊ ဒီလောက် ငွေအများကြီး ရတာက မြတ်တယ်လို့ တွေးလိုက်လို့ပါ။ ဒီငွေတွေနဲ့ Ramya ဟာ အကြွေးတွေ အကုန် ဆပ်နိုင်ခဲ့ပါတယ်။

သူမဟာ ပထမတုန်းက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပေမယ့်၊ နောက်တော့ ဒီရွေးချယ်မှုကို ဆုံးဖြတ်လိုက်တာပါ။
credit