ဈေးထဲမှာ ရောင်းနေကြတဲ့ ငါးရံ့ခြောက် အတုအကြောင်း (အိမ်ရှင်မတွေ အထူးဂရုစိုက်ကြပါ)

Posted by

ငါးခြောက်ဆိုင်တချို့ ငါးဒိုင်းခြောက်တွေကို ငါးရံ့ခြောက်ဆိုပြီး လိမ်ရောင်းနေပါတယ်။ ယင်းငါးဒိုင်းဟာအမျိုးသမီးရောဂါဝေဒနာများနှင့် မတည့်ဟု သိရပါတယ်။

အထူးသဖြင့် မီးတွင်းထဲက အမျိုးသမီးတွေ လုံးဝ ရှောင်ရမယ့် ငါးဖြစ်ပါတယ်။အတုအစစ် ခွဲနိုင်ရန်အထင်ရှားဆုံးက တော့ ငါးဒိုင်းမှာ အမြီးရဲ့ ထောင့်နားမှာ အမဲအဝိုင်းစက်ကြီးပါတယ်။

အဲ့ဒါကို အချို့က ဆေးရောင်တစ်မျိုးသုတ် ဖုံးထားတတ်ပြီး အချို့ကတော့ ချိုးဖဲ့ပစ် လိုက်ကြပါတယ်။

အဲဒီငါးခြောက်တွေမှာအမြီးတွေက ထောင့်လေးတွေချည့် ကပ်ပဲ့နေတာတွေ့ရပြီး ပဲ့တဲ့နေရာတွေကလည်းအကုန် အတူတူ ဖြစ်နေပါကတန်ဖိုးမရှိတဲ့ ငါးဒိုင်းတွေကို တန်ဖိုးမြင့်တဲ့ ငါးရံ့ခြောက်အဖြစ် လိမ်ရောင်းခြင်းဖြစ်ပါတယ်။

ဝိသမလောဘသားတွေကတော့ ပိုက်ဆံကို နည်းမျိုးစုံနဲ့ ရှာဖွေနေကြရာမှာ တခြားသူတွေ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘဲ အတုတွေ အရောအနှောတွေ လုပ်နေကြပါတယ်။

တတ်သိနားလည်သူတွေ ပြောပြမှသာ အခုလိုမျိုး အဖြစ်မှန်ကို သိရတာ ဖြစ်ပါတယ်။ ပြည်သူတွေ သိရှိရအောင် ပြန်လည်မျှဝေပေးကြပါဦးဗျာ။

Credit
zawgyi

ငါးေျခာက္ဆိုင္တခ်ိဳ႕ ငါးဒိုင္းေျခာက္ေတြကို ငါးရံ႕ေျခာက္ဆိုၿပီး လိမ္ေရာင္းေနပါတယ္။ ယင္းငါးဒိုင္းဟာအမ်ိဳးသမီးေရာဂါေဝဒနာမ်ားႏွင့္ မတည့္ဟု သိရပါတယ္။

အထူးသျဖင့္ မီးတြင္းထဲက အမ်ိဳးသမီးေတြ လုံးဝ ေရွာင္ရမယ့္ ငါးျဖစ္ပါတယ္။အတုအစစ္ ခြဲနိုင္ရန္အထင္ရွားဆုံးက ေတာ့ ငါးဒိုင္းမွာ အၿမီးရဲ႕ ေထာင့္နားမွာ အမဲအဝိုင္းစက္ႀကီးပါတယ္။

အဲ့ဒါကို အခ်ိဳ႕က ေဆးေရာင္တစ္မ်ိဳးသုတ္ ဖုံးထားတတ္ၿပီး အခ်ိဳ႕ကေတာ့ ခ်ိဳးဖဲ့ပစ္ လိုက္ၾကပါတယ္။

အဲဒီငါးေျခာက္ေတြမွာအၿမီးေတြက ေထာင့္ေလးေတြခ်ည့္ ကပ္ပဲ့ေနတာေတြ႕ရၿပီး ပဲ့တဲ့ေနရာေတြကလည္းအကုန္ အတူတူ ျဖစ္ေနပါကတန္ဖိုးမရွိတဲ့ ငါးဒိုင္းေတြကို တန္ဖိုးျမင့္တဲ့ ငါးရံ႕ေျခာက္အျဖစ္ လိမ္ေရာင္းျခင္းျဖစ္ပါတယ္။

ဝိသမေလာဘသားေတြကေတာ့ ပိုက္ဆံကို နည္းမ်ိဳးစုံနဲ႕ ရွာေဖြေနၾကရာမွာ တျခားသူေတြ ဘာျဖစ္ျဖစ္ ဂ႐ုမစိုက္ဘဲ အတုေတြ အေရာအႏွောေတြ လုပ္ေနၾကပါတယ္။

တတ္သိနားလည္သူေတြ ေျပာျပမွသာ အခုလိုမ်ိဳး အျဖစ္မွန္ကို သိရတာ ျဖစ္ပါတယ္။ ျပည္သူေတြ သိရွိရေအာင္ ျပန္လည္မွ်ေဝေပးၾကပါဦးဗ်ာ။

Credit