ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ဖို့ ဆောင်ရန် ၊ ရှောင်ရန်များ

Posted by

ရင်သားကင်ဆာက အခုနောက်ပိုင်းအမျိုးသမီးတော်တေ်ာများများမှာ ခံစားလာရတဲ့ ဝေဒနာတစ်ခုပါ။

ရင်သားကင်ဆာကို ဖြစ်စေတဲ့ အချက်က တစ်ခုမကရှိနေနိုင်တာကြောင့် သတိထားဆင်ခြင်ရမယ့် အချက်တွေကလည်းတော်တေ်ာလေးများပါတယ်။

ရောဂါတော်တေ်ာများများက မဖြစ်ခင်မှာ ကြိုတင်ကာကွယ် တာအကောင်းဆုံးဖြစ်တာကြောင့် ရင်သားကင်ဆာကိုလည်း ကာကွယ်ကြဖို့ လေဒီလေးတွေကို သတိပေးချင်ပါတယ်။

ရင်သားကင်ဆာဖြစ်နိုင်ခြေအပေါ် လွှမ်းမိုးနေတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ။ ရင်သားကင်ဆာကိုဖြစ်စေနိုင်တဲ့ အချက်က တစ်ချက်မက ရှိနေနိုင်ပါတယ်။ အသက်အရွယ် ၊ မျိုးရိုရှိတာ ၊ အမျိုးသား၊အမျိုးသမီးဖြစ်တည်မှု ၊

နေထိုင်စားသေက်မှုပုံစံတွေ ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ ၊ ဆေးလိပ်သောက်တာ ၊ အရက်သောက်သုံးတာဆိုပြီး အမျိုးမျိုးရှိနေနိုင်ပါတယ်။ ဒီအျက်တွေထဲမှာမှ နေ့စဉ် စားသေက်နေထိုင်မှုက ရင်သားကင်ဆာ ခံစားရနိုင်ခြေအပေါ် သက်ရောက်မှုက ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိရှိနေတယ်၊လို့ လေ့လာမှုတွေအရသိရှိရပါတယ်။

ရင်သားကင်ဆာက မတူညီတဲ့နေရာတွေကနေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့က နေထိုင်စားသောက်မှုကိုဂရုစိုက်တာပါပဲ။ ကျန်းမာတဲ့စားသေက်နေထိုင်မှုက ရင်သားကင်ဆာကို ကာကွယ်ဖို့ရော ကုသဖို့အတွက်ပါ ထိရောက်မှုရှိပါတယ်။

ရင်သားကင်ဆာကာကွယ်ဖို့ ဘာတွေစားမလဲ

ရင်သားကင်ဆာကာကွယ်ချင်တယ်ဆိုရင်တော့ နေ့စဉ်စားသောက်မှုထဲမှာ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ (ကိုက်လန်၊ ဟင်းနုနွယ်စသဖြင့်) ၊ ငရုတ်ပွ ၊ ခရမ်းချဉ်သီး ၊ ခရမ်းသီး ၊ သံပရာသီး၊ သံပရိုသီး စတဲ့ အချဉ်ဓာတ်ရှိတဲ့ အသီးတွေ ၊ မုန်လာဥနီ ၊ ပန်းဂေါ်ဖီစိမ်း ၊ ကြက်သွန်နီ ၊ ပန်းသီး ၊ သစ်တော်သီး ၊ မက်မွန်သီး ၊ စတော်ဘယ်ရီ ၊ ပဲအမျိုးမျိုးတို့ပါဝင်အောင်စားသုံးပေးဖို့လိုပါမယ်။

ရင်သားကင်ဆာကာကွယ်ဖို့ဆိုရင်တော့ နေ့စဉ် ဒီအချက်တွေကို လိုက်နာဖို့လိုပါမယ်။
ပရဆေးဆိုင်ပေါင်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ

Image result for indigenous medicine

အမျှင်ဓာတ်ပါတာတွေစားပေးပါ

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေက အစာခြေစနစ်ထဲက အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တာကြောင့် ကိုယ်တွင်းမှာ အဆိပ်အတောက်ကင်းစင်ပြီး ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပါဝင်အောင်စားသုံးလို့ အမျှင်ဓာတ်ကို ၃၀ ဂရမ်ကနေ ၄၅ ဂရမ်အထိရရှိအောင် စားသုံးပေးပါ။

အကျိုးပြုအဆီ

အကျိုးပြုအဆီတွေက ရင်သားကင်ဆာကာကွယ်ဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ အကျိုးပြုအဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ ထောပတ်သီး၊ အစေ့အဆန်တွေနဲ့ အခွံမာသီးတွေကို ပါဝင်အောင်စားသုံးပေးပါ။ ငါးကြီးဆီလိုမျိုး Omega-3 ကြွယ်ဝတဲ့ အဆီတွေကို စားသုံးပေးပါ။

ပဲပိစပ်

ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ သဘာဝ စားစရာတစ်မျိုးပါ။ ပရိုတင်းကြွယ်ဝသလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ၊ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ အကျိုးမပြုကိုလက်စထရောပါဝင်မှုနည်းတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို နည်းစေနိုင်သလို ရင်သားကင်ဆာမဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။
ဒါတွေကိုတော့ တတ်နိုင်သမျှရှောင်ပါ။

အယ်လ်ကိုဟော

အယ်လ်ကိုဟော ပုံမှန်လိုလိုသောက်သုံးနေမယ်ဆိုရင်တော့ ရင်သားကင်ဆာဖြစ်နိုင်ခြေတိုးလာအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ အယ်လ်ကိုဟောသောက်သုံးမှုက အက်စထရိုဂျင်ပမာဏကို တိုးစေနိုင်သလို DNA ဆဲလ်တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်.။ လေဒီလေးတို့အနေနဲ့ တစ်ပတ်ကို ၃ ခွက်လောက်အထိ အယ်လ်ကိုဟောကိုသောက်သုံးနေမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေက ပုံမှန်ထက် ၁၅ ရာခိုင်နှုန်းလောက် တိုးစေမှာပါ။

သကြား

သကြားစားသုံးမှုများတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကိုတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒါကြောင့် အချိုရည်တွေသောက်သုံးတာ၊ သကြားအများကြီးစားတာမျိုးမလုပ်သင့်ပါဘူး။ နေ့စဉ်သကြားစားသုံးမှုကို လျှော့တာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချရာရောက်ပါတယ်။

အဆီ

ပြုပြင်ထားတဲ့ အစားအသောက်တွေမှာပါတဲ့ အဆီတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ ပြုပြင်ထားတဲ့ အစားအသောက်တေါကို တတ်နိုင်သမျှလျှော့စားပေးပါ။ ဆီကြော်စားတွေကိုလည်း အများကြီးမစားမိဖို့ သတိပြုပါ။

အနီရောင်အသားတွေ

အနီရောင်အသးတွေကလည်း ရင်သားကင်ဆာဖြစ်စေဖို့ အများကြီးတွန်းအားပေးနေပါတယ်။ ဒါကြောင့်ရင်သားကင်ဆာကာကွယ်ချင်တယ်ဆိုရင်တော့ တစ်ပတ်မှာ နှစ်ရက်လောက်ပဲ အနီရောင်အသားကို စားပေးပါ။ အခုကစလို့ ကျန်းမာတဲ့ လူနေမှုပုံစံကို မွေးမြူပြီး ရင်သားကင်ဆာအန္တရာယ်ကနေ ကိုယ့်ကိုကိုယ်ကကွယ်လိုက်ပါ။
credit