သွားကိုက်ခြင်းအတွက် သက်သာပျောက်ကင်းတဲ့ သဘာဝဆေးနည်းများ

သွားနာ၊ သွားကိုက်ခြင်းများနဲ့ပတ်သက်ပြီး သဘာဝဆေးနည်းများကို မကြာခဏ တောင်းဆိုလာကြသူများအတွက် မျှဝေပေးလိုက်ပါတယ်။

(၁) တမာရွက်ကို ကျွမ်းအောင်လှော်၍ အမှုန့်ကြိတ်ပြီး ဆားအနည်းငယ်နှင့်အတူ သွားတိုက်ပေးသော် သွားကိုက်၊ သွားနာစတဲ့ သွားရောဂါများ ကင်းဝေးစေ၍ သွားများကို ပိုမို ခိုင်မာလာစေပြီး ဖြူစင်စေပါတယ်။

(၂) သွားအတွက် အကောင်းဆုံးဆေးပင်မှာ ဒန္တသုခပင် ဖြစ်ပါသည်။ ဒန္တသုခပင်၏ ပဥ္စငါးပါးပြုတ်ရည်ကို ငုံပေးခြင်း၊ ပဥ္စငါးပါးကို ပြာချ၍ ၄င်းပြာဖြင့် သွားဖုံး၊ သွားကြားတို့ကို သိပ်ပေးခြင်း၊ ဒန္တသုခပင်၏ အမြစ်ကို အစိမ်းအတိုင်း ကြိတ်၍ သွားကြားကို သိပ်ပေးခြင်း

တို့ဖြင့် သွားများကို ခိုင်မာစေ၍ သွားနာ၊ သွားကိုက်ခြင်းများကို ပျောက်စေပါတယ်။

(၃) နန်းလုံးကြိုင်ပင်၏ အခေါက်ကို ရေ ၃ ခွက် ၁ ခွက်ကျို၍ ၄င်းရေဖြင့် ပလုတ်ကျင်းခြင်း၊ ငုံခြင်းများ ပြုလုပ်ပေးပါက သွားနာ၊ သွားကိုက်၊ သွားကျင်၊ သွားဖုံးရောင်ခြင်းများ ပျောက်ကင်းစေပါတယ်။

(၄) ကစော့ခါးသီးပင်၏ အမြစ်ကို သွေး၍ သိပ်ပေးခြင်း၊ အမြစ်ကို အမှုန့်ကြိတ်၍ မှိုင်းတိုက်ကာ အခိုးအငွေ့ကို ရှုခြင်းတို့ဖြင့် သွားကိုက်၊ သွားကျင်၊ သွားပိုးစား စသည့် သွားရောဂါများကို ပျောက်စေပါတယ်။

(၅) တမာ၏ အရိုးတံကို သွားကြားထိုးတံအဖြစ် အသုံးပြု၍ မကြာခဏ သွားတိုက်ပေးခြင်းဖြင့် သွားရောဂါများ ကင်းဝေးစေပါတယ်။

(၆) နနွင်းမှုန့်ကို ရေနွေးဖြင့် ဖျော်၍ ငုံပေးခြင်း၊ ဆားများများထည့်၍ သွားရင်းတွင် သိပ်ပေးခြင်းတို့ဖြင့် သွားဖုံးရောင်ခြင်း၊ သွားနာကျင်ကိုက်ခဲခြင်းတို့ကို သက်သာစေပါတယ်။

(၇) ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးလေးများလုံးကာ ပိုးစားသည့် သွားအပေါ်ကို ထည့်ပေးပါ။

(၈) ပင်စိမ်းနှင့်ထန်းလျက်ကို ဆတူရောကြိတ်၍ ပျားရည်နှင့်လုံးထားကာ မနက်တစ်လုံး ညတစ်လုံး စားပေးပါက သွားဖုံးရောင်၊ သွားကိုက်ခြင်းများ ပျောက်ကင်းစေပါတယ်။

(၉) ၀ါစေ့ကို ပြုတ်၍ ငုံပေးသော် သွားနာ သွားကိုက်များ ပျောက်စေပါတယ်။

(၁၀) ချင်းစိမ်းကို ၀ါး၍ ကိုက်နေသော သွားပေါ်တွင် အုပ်ထား ငုံထားပါက သွားကိုက် သွားနာများ ပျောက်စေပါတယ်။သွားကိုက်၊ သွားနာရောဂါများကို ခံစားနေရသော ဝေဒနာရှင်များအားလုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။credit

Leave a Reply

Your email address will not be published.