အိမ်ထောင်ရေးအဆင်မပြေဖြစ်နေသောအိမ်ထောင်သည်များ နှင့် ကွဲကွာနေသောချစ်သူရည်းစားများ အတွက် ပြန်လည်အဆင်ပြေနိုင်စေမည့်ယတြာ

Posted by

ဒီယတြာလေးက အချစ်ရေးမှာ ချစ်သူက ပစ်သွားသောသူ ပြန်လာစေရန် ဒါမှမဟုတ် အချစ်ရေးမှာ အဆင်မပြေနေသူနှင့် အိမ်ထောင်ရေးမှာ အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ်၊ သူတို့၏ အိမ်ထောင်ဖက်နှင့် ကွဲနေလျှင် ပြန်ပေါင်းစေရန်၊

အိမ်ပေါ်က ဆင်းသွားလျှင် ပြန်လာစေရန် ဒါမှမဟုတ် အိမ်ထောင်ရေးမှာ အဆင်မပြေနေသူ တို့အတွက် အဆင်ပြေစေမယ့် ယတြာလေးပါ။ ယတြာလေးက လွယ်ပါတယ်။ ယုံကြည်မှ ပြုလုပ်စေချင်ပါတယ်ရှင်။

ပါဝင်သော ပစ္စည်းတွေက

စတီလင်ဗန်း အကြီး တချပ်

နှင်းဆီပန်း ၉ ပွင့်

ပန်းသီး တလုံး

ဆီမီးခွက် အကြီး တခု

ဖယောင်းတိုင် အကြီး (၃) တိုင်ပါ။

ပြုလုပ်ရမည့် အစီအစဉ်က –

ဖယောင်းတိုင်ကို ချန်ထားပြီး ကျန်တဲ့ ပစ္စည်းတွေကို သန့်ရှင်း စင်ကြယ်အောင် ရေသန့်သန့်ဖြင့် ဆေးပါ။

အိမ်ဘုရားစင်ပေါ်မှာ စတီလင်ဗန်း ထားပြီး၊ စတီလင်ဗန်းပေါ် ပန်းသီးကို တင်ပါ။ ပန်းသီးရဲ့ အညှာကို အပေါ်မှာ ထားပြီး ပန်းသီးရဲ့ အညှာ တစ်ဝိုက်မှာ နှင်းဆီပန်း ထိုးလို့ရအောင် (၉) နေရာ အရာလေးတွေ ပြုလုပ်ပါ။ နှင်းဆီပန်း (၉) ပွင့်ကို ထိုအရာပေးထားတဲ့ နေရာမှာ ထိုးပါ။

စတီလင်ဗန်းထဲ နှင်းဆီပန်း ထိုးထားတဲ့ ပန်းသီးရဲ့ ဘေးကနေ ဆီမီးခွက်ကို ထားပြီး ဖယောင်းတိုင်ကို ထွန်းပါ။ ပြီးလျှင် အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေစေရန် ဆုတောင်းပါ။

အချစ်ရေးမှာ ချစ်သူက ပစ်သွားသောသူ ပြန်လာစေရန် ဒါမှမဟုတ် အိမ်ထောင်ရေးမှာ သူတို့၏ အိမ်ထောင်ဖက်နှင့် ကွဲနေလျှင် ပြန်ပေါင်းစေရန်၊ အိမ်ပေါ်က ဆင်းသွားလျှင် ပြန်လာစေရန် အတွက်ကတော့ ပြောခဲ့တဲ့ အစီအစဉ်တိုင်း ပြုလုပ်ပြီး ဖယောင်းတိုင်ပေါ်မှာ မိမိ၏ ချစ်သူ ဒါမှမဟုတ် မိမိ၏ အိမ်ထောင်ဖက်ရဲ့ နာမည်၊ အသက်၊ နေ့နံ ရေးပြီးလျှင် ဖယောင်းတိုင်ကို ထွန်းပါ။ ပြန်လာစေရန်၊ ပြန်ပေါင်းစေရန် ဆုတောင်းပါ။

ပြုလုပ်ရမည့် အချိန်က ပြုလုပ်သူ အမျိုးသားဖြစ်နေလျှင် သောကြာနေ့ မနက် ၇ နာရီခွဲမှ ၉ နာရီ အတွင်း ပြုလုပ်ပါ။

ပြုလုပ်သူ အမျိုးသမီးဖြစ်နေလျှင် အဂါၤနေ့ မနက် ၇ နာရီခွဲမှ ၉ နာရီ အတွင်း ပြုလုပ်ပါ။

အချိန် (၃)ရက်ထားရမည်။ (၃) ရက်ပြည့်ပြီး နောက်တစ်ရက် မနက်ကို စွန့်ရမည်။ နေ့ခင်း ၁၂နာရီ မကျော်ရပါ။ ဖယောင်းတိုင်က (၃) ရက် (၃)တိုင် ထွန်းရမည်။

မှတ်ချက်။ ။ ဘုရားစင်မှာ ပြုလုပ်ရမည့် ဖြစ်သောကြောင့် အမျိုးသမီးများ (ကန်တော့ပါ) ဓမ္မတာ လာနေစဉ် မပြုလုပ်ရပါ။

(၇) ရက်သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေရှင့်။
credit