အဆစ်ရောင်(ဂေါက်)ရောဂါအတွက် ဘုန်းဘုန်းကိုယ်တိုင်ပျောက်တဲ့ ဆေးတစ်လက်

ယူရစ်အက်ဆစ်ကြောင့် ဖြစ်တဲ့ ရောဂါတွေအတွက် သက်သာစေတဲ့ဆေးတစ်လက်ကို ပြန်မျှဝေပေးပါမယ်။သင့်ခံစားနေရတဲ့ ဂေါက်ရောဂါ၊

အဆစ်ရောင်ရောဂါ တွေ ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရာကယူရစ် အက်ဆစ်ကိုယ်ထဲမှာ များနေလို့ ဖြစ်ရတာပါတဲ့ဒီ​ဆေးနည်း လေးက​တော့ ဂေါက်ရောဂါသာမက အစာအိမ်နာရောဂါ၊ချောင်းဆိုးရောဂါ တွေကိုပါ ပျောက်ကင်းစေပါတယ်။

Mr. Liuရဲ့ လက်တွေ့ သောက်သုံးပြီး ပျောက်ကင်းထားတဲ့ ဆေးနည်းတစ်လက်ပါ။ သူရော သူ့အသိမိတ်ဆွေပါလက်တွေ့သောက်သုံးပြီး ရောဂါဝေဒနာခံစားရမှု့မှ ကင်းဝေးပါတယ်တဲ့။

ဘေးအန္တရယ် မဖြစ်စေတဲ့ သဘာဝ အံသြဖွယ် ဆေးတစ်လက်လည်းဖြစ်​တာ​ကြောင့် ဦးဝိနယမှ ပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါတယ်​​နော်​။

ဆေးနည်းလေးကတော့
သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်မှာလှီးဖြတ်ထားပါ။ အထဲမှာရှိတဲ့ သင်္ဘောအစိတွေကို ဖယ်ထုတ်လိုက်ပါ။ပြီးရင်တော့ဆူပွက်နေတဲ့ ရေနွေးများကို အထဲမှာ လောင်းထည့်လိုက်ပါ။ လက်ဖက်ခြောက်အနည်းငယ်ကို ထည့်ထားပါ။

လှီးထားတဲ့ ထိပ်ပိုင်းနဲ့ ခဏလောက်ပြန်ပိတ်ထားပါ။ ဖွင့်ရလွယ်ကူအောင် သွားကြားထိုးတံလေးနဲ့ထိပ်ကို ထိုးထားရင် ပိုပြီး အဆင်ပြေပါတယ်။

ဒီ သင်္ဘောသီးစိမ်း လက်ဖက်ရည်နွေးကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့်ယူရစ်အက်ဆစ်မြင့်မားမှု့ကြောင့် ခံစားနေရတဲ့ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါတွေကို၊ သက်သာပျောက်ကင်းစေပါတယ်။

သင့်ရဲ့ ယူရစ်အက်ဆစ် ပုံမှန်အခြေအနေဖြစ်သွားရင်တော့ ရောဂါဟောင်းဖြစ်ပွားမှု့မှ ရှောင်ရှားရန် တစ်လကို ၁-၃ ကြိမ်ထိ သောက်သုံးပေးပါ။

မိတ်ဆွေများအားလုံးရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ဦးဝိနယ​တော့ လက်​​တွေ့​သောက်​သုံး နေပါပြီသ​င်္ဘောသီး​လေးက ​ရေ​နွေးမာ့ခွက်​တခွက်​စာ ကွက်​တိဆန်​့တာမို့ ​တော်​​တော်​​လေးကို အဆင်​​ပြေပါတယ်​ဗျား

ဦးဝိနယ(နတ်​​မောက်​နယ်​ဘွား)

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Leave a Reply

Your email address will not be published.