အသီးအညှာကနေ အသီးထဲရေဝင်တာကို ဘယ်ကိုကာကွယ်မလဲ
ပိန္နဲ ၊ ဒူးရင်း၊ ကြက်မောက် စတဲ့ အသီးတွေထဲကို ရေဝင်ပြီး ပျက်ဆီးတတ်ပါတယ်။
အသီးကို မိုးရေက စိမ့်ဝင်တာ မဟုတ်ပါ။ အပင်အမြစ်က နေ စုပ်ယူတဲ့ ရေက အသီးအညှာကနေ အသီးထဲကို စိမ့်ဝင်သွားတာဖြစ်တယ်။
အပင်တွေက ရေမ၀ ဖြစ်နေချိန်မှာ မိုးက ရုတ်တရက် မိုးပြင်းပြင်းရွာလိုက်ချိန်မှာ အပင်အမြစ်က ရေစုပ်ပြီး အပင် အကိုင်းအခက် တွေဆီကို ပို့ပါတယ်။
အရွက်နဲ့အကိုင်းအခက်တွေက ရေသိုလှောင်နိုင်စွမ်း နည်းတယ်။အသီးက ရေသိုလှောင်မှု အားကောင်းတယ်။
အမြစ်က ပို့လိုက်တဲ့ ရေ တွေက အသီးအညှာက နေအသီးတွင်းကို စိမ့်ဝင်သွားတာဖြစ်တယ်။
ကာကွယ်နည်းကတော့ နွေမှာ အပင်ကို ရေပုံမှန် ပေးနေရပါမယ်။
အပင်က ရေနဲ့အ လေ့အကျင့် ဖြစ်နေအောင် မိုးကျခါနီးမှာ တစ်ကြိမ် ထက် တစ်ကြိမ် ရေပို ပေးရပါမယ်။
ဒီတော့မှ မိုးရွာရင် အပင်အမြှစ်က လိုအပ်တာထက် ရေပိုမစုပ်တော့မှာဖြစ်တယ်။
အပင်အမြစ်က ရေကို ရုတ်တရက် များများမစုပ်တော့ရင် အသီးထဲ ရေဝင်သက်သာ သွားပါမယ်။
ခရက်ဒစ် ကူးယူဖော်ပြပါသည်…။ Credit