ဒီအပြုအမူတွေကို ရှောင်ပါ…. ကံညံ့တတ်လို့….
လူသိနည်းပြီး ရှောင်ရှားသင့်သော ကံညံ့တတ်သည့်အပြုအမူများ…။
( ၁ ) အိမ်ရှေ့ တရော်ထုပ် မချိတ်ပါနှင့် အိမ်ရှိလူများ ကျန်းမာရေး ညံ့ တတ် ၏ ။
( ၂ ) စားပွဲပေါ် ဖိနပ် မတင်ပါနှင့် ဖိနပ် ပိုင်ရှင် ထိုအိမ်မှ ထွက်ခွာသွား ရ တတ် ၏ ။
( ၃ ) ဓား ၊ ကတ်ကြေး လက်ဆောင် မပေးပါနှင့် ကိုယ့်လာပေးလျှင်လည်း ငွေအနည်းငယ် စတိပြန်ပေးပါ…။ ထိုသူနှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်ပြီး လမ်းခွဲ ရ တတ် ၏ ။
( ၄ ) ကတ်ကြေး မကစားပါနှင့် ကံဆိုးခြင်း ကို ဖိတ် ခေါ် တတ် ၏ ။
( ၅ ) အဝါရောင်ပန်း လက်ဆောင် မပေးပါနှင့် လက်ခံသူ ကံ ဆိုး တတ်၏ ။
( ၆ ) ည အခါ လမ်းနောက်ပြန် မလျှောက် မိပါစေနှင့် နာနာဘာဝတို့ ကိုယ့်နောက် လိုက် လာ တတ် ၏ ။
( ၇ ) ထောင်ထားသည့် လှေကားအောက် ဖြတ် မလျှောက် ပါနှင့် ကံ ဆိုး တတ် ၏ ။
( ၈ ) စကား ပြိုင်တူပြော မိလျှင် ဂေါ်မစွံ ဖြစ် တတ် ပါသည်။ ပြောမိရင် ကိုယ့် နှာခေါင်း ပြန်ကိုင်လိုက် ပါ…။
( ၉ ) ကြည့်မှန်ကွဲ မ သုံး ပါနှင့် ကံ ညံ့ တတ် ၏။
( ၁၀ ) ဖုန်း မှန်ကွဲ ၊ မျက်မှန်ကွဲ လည်း ထို့အတူ မှတ်ယူပါ… ညစာ စားရင်း သီချင်း မ ဆို ပါနှင့် မကောင်းဆိုးဝါး ဝင် စား တတ် ၏။
( ၁၁ ) နှစ်ယောက် ထိုင်ခုံ တစ်ယောက်တည်း ထိုင်ရင် ထောင့်ကပ် မ ထိုင် ပါနှင့် ဌက်ပျောတုံး ဖက် ရ တတ် ၏။
( ၁၂ ) လေမိုး ကျချိန် အဝတ်အစား အနီရောင် ဝတ်ပြီး အပြင် မထွက်ပါနှင့် မိုးကြိုးပစ် ခံ ရ တတ် ၏။
( ၁၃) ကလေးငယ်များ အပေါ် ခုန်ကျော် မကစားပါနှင့် ထိုကလေး သက်ဆိုး မ ရှည် ဖြစ်တတ်၏။credit