မှိုကြိုက်တတ်ရင် ဒီအချက်တွေကိုတော့ သိထားဖို့ လိုလိမ့်မယ်…
ဈေးများတွင် မှိုများလှိုင်လှိုင်ထနေသည်။ မှိုကြိုက်တတ်ရင် ဒါလေးတော့ဖတ်လိုက်ပါ။
၁။ မှိုများရရှိသောအခါ အရိုးကိုလက်ဖြင့် ဖျစ်ကြည့်လျှင် ကြေမွသားလျှင် မစားကောင်းပါ။ စားကောင်းသောမှိုများသည် ကြေမွသွားခြင်းမရှိပါ။
၂။ မှိုပေါ်သို့ ဆားအနည်းငယ် ဖြူးကြည့်လိုက်ပါ မည်းသွားလျှင် မစားရပါ။ စားကောင်းသောမှိုသည် ဆားထိရုံနှင့် မည်းသွားလေ့မရှိပါ။
၃။ မှိုကိုလက်ဖြင့် ဖျစ်ကြည့်လို့ သွေးရောင်ပြောင်းသွားလျှင် မစားကောင်းပါ။ စားကောင်းသောမှိုမှာ အရောင်မပြောင်းပါ။
၅။ မှိုကိုဓားဖြင့်ဖြတ်သောအခါ ပြာနှမ်းသွားလျှင် မစားရပါ။ စားကောင်းသောမှိုမှာ မပြာနှမ်းပါ။
၆။ မှိုကို ဆားရည်တွင်စိမ်ကြည့်သောအခါ နက်လာလျှင် မစားကောင်းပါ။ စားကောင်းသောမှိုမှာ မနက်ပါ။
၇။ အထူးသဖြင့် ခြေခြင်းပါသောမှိုများသည် မစားကောင်းပါ။ စားကောင်းသောမှိုမှာ ခြေခြင်းပါလေ့မရှိပါ။
မှိုနှင့်ရောစပ်မစားကောင်းသော အစာများ
၁။ ကြက်ဟင်းခါးသီး၊ ၂။ ကြက်ဥ၊ ၃။ ခံသီး၊ ၄။ ငှက်ပျောသီး၊ ၅။ နို့အမျိုးမျိုး၊ ၆။ ဖောင်စီးကဏန်း၊ ၇။ ယုန်သား စသည်တို့ကို ရောစပ်ရွေ့မစားရပါ။
မီးဖွားပြီးစ အမျိုးသမီးများအနေဖြင့် “မှိုတစ်နှစ် မျှစ်သုံးလ” မစားသင့်ကြောင်း ရှေးလူကြီးများက ပြောလေ့ရှိသည်။
မှိုဟင်းမစားသင့်သော အခြားသူများ
ခြေအေးရွေ့ အထက်သို့ အခိုးတက်ပြီးဖြစ်တတ်သော နှာပိတ်၊ နှာမွှန်ရောဂါ၊ နား၊ မျက်စိ၊ ခေါင်းကိုက်ရောဂါ၊ ခေါင်းဦးရေကျိမ်းသောရောဂါရှိသူများသည် မစားသင့်ပါ။
မှိုဆိပ်ဖြေနည်း
မှိုဆိပ်တက်၍ တောက်ခဲ့လျှင် ထန်းလျှက်စားပေးပါ။ သံပုရာရည်ကို လျှက်ပေးပါ။ မိုနတိုရွက်စိမ်းရည်ကို တိုက်ပေးပါ။ မရိုးခေါ် ဖြူကြီးအခေါက် တစ်မတ်သားခန့် သွေးရွေ့တိုက်ပါ။
ကျီးအာမြစ်ကို ဆားနှင့်သွေး၍ လျှာကိုပွတ်ပေးပါ။ အစာများ ပြန်အန် ကျလာမည်ဖြစ်သည်။ ထန်းလျှက်ပြုတ်ရည် ပူပူနွေးနွေးတိုက်ပေးပါကလည်း မှိုတောက်ခြင်း အဆိပ်ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။
မှိုနှင့်ဆေးဝါး
ဝါးရုံနက်(သို့မဟုတ်)ကြခတ်ဝါးရုံ၏ ပင်ခြေမှပေါက်သော ပန်းရင့်ရောင်မှိုများကို ဖဲ့ယူူပြီး ရေးစင်စွာဆေးရွေ့ ထန်းလျှက်သို့မဟုတ် ပျားရည်ဖြင့် သေးငယ်သောအလုံးလေးများ ပြုလုပ်ပြီး ကလေးငယ်များကို ကျွေးပါက
ဝမ်းတွင်းရှိ သန်လုံး၊ သန်ပြားနှင့် တုတ်ကောင်များ နောက်တစ်နေ့ဝမ်းသွားသောအခါ အထွေးလိုက် ကျဆင်းပါသည်။ ဝါးမှိုဆိုရာတွင် ကြခတ်ဝါးမှိုက ပိုဆေးဘက်ဝင်သည်။ သို့သော် မှိုကို သံထည်ပစည်းတို့ လုံးဝမထိရန် သတိပြုရမည်။
စားကောင်းသောမှိုများ
ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို(ခြေတို၊ ခြေရှည်)၊ ဖက်ဆွတ်မှို(မှိုဖြူလေး) ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုဆန်ကွဲ၊ မှိုကျောက်ခဲ၊ မှိုခြေတံရှည်၊
မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက်၊ (မှို၏ထိပ်တွင် နက်သောအကွက်လေးရှိသည်။)၊ မြက်ကြားမှို၊သပြေမှို၊ မြေပဲမှို၊ ဝါးမှို၊ ကိုင်းမှို၊ အင်မှို၊ ဆင်ခြေသည်းမှိုနှင့် သရက်မှို(မှိုခြောက်များပြုလုပ်သည်)၊စသောမှိုများသည် စားကောင်းသောမှိုများဖြစ်သည်။
မစားကောင်းသောမှိုများ
ကြက်ခူမှို၊ မှိုကွန်ခြာ၊ ခွေးလေးမှို၊ နှင့် နွားခြေးမှိုတို့သည် မစားကောင်းသောမှိုများဖြစ်ကြသည်။
ထို့အပြင် အချို့မှိုများမှာ စားကောင်းသောမှိုဖြစ်သော်လည်း အဆိပ်သင့်စေသဖြင့် စမ်းသပ်ပြီးမှ ချက်စားသင့်သည်။
credit