ဝက်ရူးနာ နှင့် စိတ်နောက် ရောဂါ အတွက်ဆေးနည်း

Posted by

အေးမြသော ရာသီဥတု ရှိသည့် ဒေသများရှိ အင်းအိုင် ချောင်းမြောင်း တစ်ဝိုက်တွင် ပေါက်ရောက်သည်။သဘာ၀ အလျောက် ပေါက်ရောက် သော်လည်း အိမ်သုံးဆေး အဖြစ် အသင့် အတင့် စိုက်ပျိုး ကြသည်။

ချင်းပင် ကဲ့သို့ပင် စိုက်ပျိုး ရသည်။အပင် – ပင်ပျော့ ပင်ငယ် မျိုးဖြစ်၏။ အမြင့် ၃ ပေ ခန့်ထိ မြင့်သည်။ ပင်စည်မှာ မြေအောက် ပင်စည် ဖြစ်သည်။ အနံ့ ထင်ရှား သည်။ ပင်စည်သည် ဥတက် သဖွယ် ဖြစ်ကာ ဥများရှိ အဆစ်များ အဖြူရောင် ရှိသည်။

အရွက် – အလျား ၃ ပေ ခန့်ထိ ရှည်သည်။ ရွက်ပြား သေးသွယ် ရှည်လျားပြီး ချောသည်။ ရွက်လယ်ကြော ထင်ရှား သန်မာသည်။ မြေအောက် ပင်စည်မှ မြေပေါ်သို့ ယပ်တောင် သဖွယ် ဖြန့်ထွက်သည်။

ရွက်ထိပ်သည် ဓါးသွားဦး ကဲ့သို့ ပုံသဏ္ဌာန် ရှိသည်။အပွင့် – ရှည်လျားသော ပန်းခိုင် ပေါ်တွင် စိမ်းဝါရောင် အပွင့် များစွာ ပွင့်၏။ အဖူးခွံ အစိမ်းရောင် ရှိ၍ အရွက်နှင့် တူသည်။

အသုံးဝင်ပုံ – မြေအောက်ပင်စည်အာနိသင် – မြန်မာ ဆေးကျမ်း များအလိုအရ လင်းလေ သည် စူးရှ သော အနံ့ ရှိ၏။ ခါး၍ စပ်ဖျဉ်းဖျဉ်း အရသာ ရှိ၏။ နူးညံ့စွာ ဝမ်းသက် စေ၍ ဆီးရွှင်စေ၏။ လည်ချောင်း ကို အကျိုးပြု၏။ အညစ် အကြေးနှင့် ဆီးကို သန့်ရှင်းအောင် ပြုတတ်၏။

မြေအောက်ပင်စည်အသုံးပြုပုံ – ၁။ လင်းနေ အကြီး နှင့် အငယ် ရှိသည့် အနက် ဆေးသုံး အဖြစ် အကြီးကို သုံး၏။ လင်းနေ အမြစ်ကို ကျိုသောက်ပါက အဖျားရောဂါ၊ ချောင်းဆိုး ရောဂါ နှင့် အဆိပ် ဖြစ်ခြင်း များ ပျောက်၏။

၂။ လင်းနေကို ကျွမ်းအောင် ဖုတ်၍ ဆီဖြင့် ရောလိမ်းက ကလေးများ ဝမ်းနာ၊ ဝမ်းရောင် ပျောက်၏။၃။ လင်းနေကို သီဟိုဠ် သရက်စေ့ အဆီဖြင့် ရောလိမ်း ပါက အဆစ်ရောင်ခြင်း ၊ အကြောထုံး ခြင်း ပျောက်၏။

၄။ လင်းနေ ဆေးခြောက်နှင့် စမုန်ဖြူ တို့ကို ဆတူ ရော၍ အတွင်းလိပ်ခေါင်း သို့ မှိုင်းတိုက်ပေး လျှင် လိပ်ခေါင်း မြင်းသရိုက် ရောဂါ ပျောက်၏။၅။ လင်းနေမှုန့် ကို နွားနို့ ခပ်နွေးနွေး ဖြင့် သောက်လျှင် လည်ချောင်းနာ ခြင်း ပျောက်၏။

၆။ လင်းနေကို ဆေးခါးကြီး နှင့် ရောစပ်၍ အဖျား ရောဂါ ကျဆေး အဖြစ် သုံး၏။၇။ သူငယ်များ သန်ထသော် လင်းနေကို သတ်ပြီးသား ရှိန်းခိုနှင့် ဆတူ ရော၍ တိုက်လျှင် ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်း လာ၏။

၈။ လင်းနေမှုန့် နှင့် ချင်းခြောက်မှုန့် ကို ဆတူ ယူ၍ ပျားရည်နှင့် ရောသောက်သော် နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့ ခြင်း ပျောက်၏။၉။ ဝက်ရူးနာ နှင့် စိတ်နောက် ရောဂါ အတွက် လင်းနေမှုန့် ကို ပျားရည်နှင့် ရော၍ လျက်ပေးရ၏။သူငယ်နာ ငန်းမန်းကိုနိုင်ပါသည်။

အေးသောရာသီတွင် ကြက်ညှာ၊ချောင်းဆိုး၊ ကလေးဗိုက်နာလျှင် လင်းနေမြစ်ကို ဆန်ဆေးရည်ဖြင့် သွေးပြီး အနည်းငယ်လျှာမှာ ပွတ်ပေးပါ။လင်းနေရွက်ပြုတ် ရေနွေးနွေးနှင့် ကလေးကို ရေချိုးပေးပါက ကလေး ကျန်းမာရေးကောင်းသည်။

ကလေး ကျောပူခေါင်းပူ ဖြစ်ပါက လင်းနေ၊ကြက်ဟင်းခါး၊ ပင်စိမ်းရွက်တို့ကို နယ်ချေ၍ နဖူး၊ကျောတို့ကို အုပ်ပေးပါက သက်သာစေပါသည်။အနာပေါက်က လင်းနေနှင့် ရှိန်းခိုသွေးလိမ်းပါက အနာသက်သာပါသည်။ကလေးများ အညေုာ်မိပါက ကလေး နှာခေါင်းဝမှာ လင်းနေကိုရှုခိုင်းပါ။
credit