သင့်အိမ်မှာ အိမ်မြှောင်တွေကင်းဝေးစေဖို့ အလွယ်တကူ ပြုလုပ်နိုင်သော နည်းလမ်းကောင်းများ

နေအိမ်တွေမှာ အိမ်မြှောင်တွေကို အတော်လေးတွေ့ရ တတ်ပါတယ်။ အိမ်မြှောင်တွေဟာ အန္တရာယ်မရှိပေမဲ့လည်း သူတို့ရဲ့ရုပ်သွင်နဲ့ စုတ်ထိုးသံကို လူတော်တော်များများက ကြောက်ကြပါတယ်။

တကယ်လို့များ အိမ်မှာကပ်မြှောင်တဲ့ ထိုသတ္တဝါငယ်လေးကို ကြောက်တဲ့၊ ရွံတဲ့သူတွေထဲ သင်လည်း ပါဝင်တယ်ဆိုရင်တော့ အောက်ပါ အချက်လေးတွေကို လက်တွေ့လုပ်ဆောင်ကြည့်လိုက်ပါ။

၁။ ခြင်ဆေးရည်

သင့်အိမ်မှာ ခြင်ဆေးရည်ရှိတယ် ဆိုရင် အိမ်မြှောင်တွေကို မောင်းထုတ်ဖို့ ခြင်ဆေးရည်ကို သုံးလိုက်ပါ။ အိမ်မြှောင်တွေ မကြာခဏဖြတ်သွားဖြတ်လာလုပ်တတ်တဲ့ နေရာတွေကို ခြင်ဆေးရည်ဖျန်းပါ။

အဲ့ကောင်တွေ ပုန်းအောင်းနေတဲ့နေရာကို သိတယ်ဆိုရင်လည်း အဲဒီ ပုန်းအောင်းနေတဲ့နေရာကို ဆေးဖျန်းပါ။ ဆေးရည်ရဲ့အနံ့ကို မကြိုက်တာကြောင့်ရော၊ သူတို့ရဲ့အစာဖြစ်တဲ့

ခြင်တွေ မရှိတော့တာကြောင့်ရောကြောင့် အိမ်မြှောင်တွေ ထွက်ပြေးမှာ ဖြစ်ပါတယ်။ သင့်အိမ်မှာ ခြင်နည်းလေလေ၊ အိမ်မြှောင်လည်း နည်းလေလေပါပဲ။

၂။ လက်ဆေးကန်အောက်ဘက်ကို သန့်ရှင်းပါ

ဘေစင် ( ခေါ်) လက်ဆေးကန်အောက်မှာ ဟင်းလင်းပဲဖြစ်ဖြစ် ဗီရို၊ ကြောင်အိမ် လိုမျိုး တစ်ခုခုအခိုင်အမာ ရှိရင်ပဲဖြစ်ဖြစ် အဲဒီနေရာဟာ အိမ်မြှောင်တွေအတွက် ကျင်လည်ဖို့၊ ဥဥဖို့ အနှစ်သက်ဆုံးနေရာ တစ်ခုဖြစ်ပါတယ်။

အိမ်မြှောင်တွေဟာ စိုစွတ်ပူ‌နွေးတဲ့နေရာမျိုးကို ကြိုက်ကြပါတယ်။ တကယ်လို့များ ဘေစင်အောက်မှာ ပိုက်ယိုစိမ်မှု နည်းနည်းလေးရှိတယ်ဆိုရင်ကိုပဲ ဒါဟာ သူတို့အတွက် ရေအရင်းမြစ် နေရာတစ်ခုဖြစ်လို့နေပါပြီ။ ဒါကြောင့် ဘေစင်အောက်ကို ပုံမှန် စစ်ဆေးပါ။

အစဉ်အမြဲခြောက်သွေ့နေပါစေ။ စိုစွတ်မှုရှိလာခဲ့ရင် သတင်းစာဖြန့်ခင်းပြီး ခြောက်အောင်လုပ်ကာ သတင်းစာတွေကို မကြာခဏ အသစ်လဲပေးပါ။

အဲဒီဘေစင်အောက်နေရာမှာ ကြောင်အိမ်ရှိတယ်ဆိုရင် ကြောင်အိမ်သက်တမ်းကိုပါ ပိုကြာကြာခံစေပါလိမ့်မယ်။

၃။ အခန်းအပူချိန် ကို လျော့ချပါ

အိမ်မြှောင်တွေဟာ ကျွန်မတို့သွေးနွေးသတ္တဝါတွေနဲ့ မတူဘဲ သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်စွမ်း မရှိပါဘူး။

အိမ်မြှောင်တွေဟာ ရေခဲနေတဲ့ အန္တာတိကတိုက်မှအပ ကျန်ကမ္ဘာ့နေရာအနှံ့မှာ အသက် ရှင်သန်နိုင်ဆဲဖြစ်ပေမဲ့လည်း အေးတဲ့ ရာသီဥတုတွေမှာတော့ တွေ့ရနည်းပါတယ်။ ပန်ကာတွေ ပြင်တင်းပေါက်တွေ ဖွင့်ရုံနဲ့တော့

အလုပ် မဖြစ်ပါဘူး။ အိမ်မြှောင်တွေ အိမ်ခန်းထဲ မနေချင်အောင် လုပ်ဖို့ဆို အဲကွန်းဖွင့်ဖို့ လိုပါမယ်။ အနည်းဆုံး ၂၂ ဒီဂရီစင်တီဂရိတ်လောက်ထိ အေးအောင် လုပ်ဖို့လိုပါတယ်။

၄။ ကြက်ဥခွံ

ကြက်ဥတွေခွဲတဲ့အခါ အခွံတွေကို မလွှင့်ပစ်ပါနဲ့။ တစ်ရှူးနဲ့ သေချာခြောက်အောင်သုတ်ပြီး အိမ်မြှောင်တွေ အသွားအလာများတဲ့ နေရာနားမှာ ချထားပါ။

ကြက်ဥ အနံ့ကို အိမ်မြှောင်တွေ မကြိုက်ပါဘူး။ ကြက်ဥနံ့ ရတဲ့နေရာတိုင်းကို သူတို့ရှောင်ရှားကြပါလိမ့်မယ်။ နောက်ရက်ကျရင်တော့

အဲဒီကြက်ဥခွံတွေကို လွှင့်ပစ်ဖြစ်အောင် လွှင့်ပစ်ပါနော်။ ပေါက်ပွားလာမယ့် ဘက်တီးရီးယားတွေက အိမ်မြှောင်တွေထက် အများကြီး ပိုကြောက်ဖို့ကောင်းပါတယ်။

၅။ ကြက်သွန်ဖြူကို လှီးပါ

အိမ်မြှောင်မရှိစေချင်တဲ့ နေရာမှာ ကြက်သွန်ဖြူတစ်မြွှာကို လှီးပြီးထားလိုက်ပါ။ လှီးရတဲ့ ရည်ရွယ်ချက်က ကြက်သွန်ဖြူနံ့ ထွက်စေဖို့ဆိုတာကို သတိပြုပြီး အနံ့သေချာထွက် အောင်လှီးပါ။

ကြက်သွန်ဖြူနံ့က အိမ်မြှောင်တွေကို မောင်းထုတ်ပါလိမ့်မယ်။ စားပွဲတင် ပန်ကာလေးတစ်လုံးကိုပါ အဲဒီနေရာနားမှာ ထားပြီး အနံ့တွေပျံ့လွင့်စေနိုင်ရင် ပိုကောင်းပါတယ်။

၆။ သစ်သီးတွေ၊ ပန်းအိုးတွေကို ဖယ်ရှားပါ

အိမ်မြှောင်တွေဟာ သစ်သီးတွေ၊ အိုးနဲ့ စိုက်တဲ့အပင်တွေကိုလည်း စားပါတယ်။ သူတို့က တစ်တိတစ်တိ၊ နည်းနည်းချင်း စားတာမို့ ကျွန်မတို့အမြင်မှာတော့ သူတို့စားသွားမှန်း သိမှာမဟုတ်ပါဘူး။

ပန်းအိုးတွေမှာလည်း အလားတူပါပဲ။ အိုးနဲ့စိုက်ထားတဲ့အပင်လေးတွေရဲ့အရွက်တွေမှာ အပေါက်အပြဲတွေ ရှိရခြင်းအကြောင်းကို အခုလောက်ဆို သင်သိသွားလောက်ပါပြီ။

ဒါကြောင့် သစ်သီးတွေကို အုပ်ဆောင်းအုပ်တာ၊ ကြောင်အိမ်ထဲ ထားတာ၊ ရေခဲသေတ္တာထဲ ထားတာမျိုးမဟုတ်ဘဲ အလွတ် ထားတာတို့ အိုးနဲ့စိုက်တဲ့ ပန်းပင်တွေ အိမ်ထဲထားရှိတာမျိုးတွေ နည်းလေလေ အိမ်ထဲ အိမ်မြှောင်ခိုအောင်းတာ နည်းလေလေပါပဲ
၇။ သင့်အိမ်မှာ ကလေးငယ်နဲ့ အခြားအိမ်မွေးတိရစ္ဆာန်တွေ မရှိဘူးဆိုရင် ပရုပ်လုံးတွေ ထားပါ

ပရုပ်လုံးတွေဟာ အခြား ပိုး‌ကောင်တော်တော်များများလိုပဲ အိမ်မြှောင်ကိုလည်း နှင်ထုတ်ပါလိမ့်မယ်။ ဒါပေမဲ့ သင့်အိမ်မှာ ကလေးငယ်နဲ့ အခြားအိမ်မွေးတိရစ္ဆာန်တွေ ရှိတယ်ဆိုတော့ သုံးတဲ့အခါ

အထူး ဂရုစိုက်စေချင်ပါတယ်။ ကလေးက ပရုပ်လုံးကို မျိုမိတဲ့အဆင့်မပြောနဲ့ ပရုပ်လုံး ထိကိုင်ထားတဲ့လက်ကို ပါးစပ်ထဲ ထည့်ရုံနဲ့တင် အော့အန်ခြင်း၊ မအီမသာခြင်းတွေ ခံစားရနိုင်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published.