ဆီးချိုရောဂါအတွက် သဘာဝဆေးနည်းများကို အမြောက်အများ တင်ပေးခဲ့ပါပြီ။ ယခုတဖန် ဆေးနည်းတစ်မျိုးကို ထပ်မံတင်ပေးပါဦးမည်။
ဒီဆေးနည်းကတော့ အလွန်ကို လွယ်ကူသက်သာပြီး အကုန်အကျနည်းသလောက် ဆီးချိုရောဂါအတွက် တကယ်ကိုထိရောက်စေသည့် ဆေးနည်းကောင်းလေး တစ်လက်ပါပဲ။
ဒီဆေးနည်းကို ဆရာတော်ဦးကုမာရ၏ ဖေ့ဘုတ်စာမျက်နှာပေါ်မှ ကိုးကား၍ မဖတ်ရသေးတဲ့ ဆီးချိုဝေဒနာရှင်များအတွက် ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။
ဆရာတော်ရဟန်းအမ၏ မောင်လေးဖြစ်သူသည် ဂျပန်နိုင်ငံတွင် ဦးဏှောက်ခွဲစိပ်ရန် ဆေးရုံမှ ဆေးစစ်ကြည့်ရာဆီးချိုရောဂါ ရှိနေ၍ ခွဲစိပ်ရန် အဆင်မပြေကြောင်း၊
ထို့ကြောင့် ဆီးချိုအမြန်ပျောက်ရန် သဘာဝဆေးနည်းတစ်ခုကို ညွန်ကြားပေးခဲ့ပါတယ်။ အဲဒီဆေးနည်းအတိုင်း သောက်သုံးခဲ့၍ ဆီးချိုရောဂါများ လျှော့ကျသွား၍ ခွဲစိပ်ကုသမှုလည်း အောင်မြင်ခဲ့ပါတယ်။
ဆရာတော်ဦးကုမာရ၏ အခြားရဟန်းဒါယိကာမတစ်ဦးကလည်း ဆီးချိုအဆင့် ၃၀၀ မှ ၅၀၀ အထိ ဖြစ်နေပြီး အင်္ဂလိပ်ဆေးနှင့် အခြားဆေးမြီးတိုများဖြင့် ကုသနေသော်လည်း မသက်သာပဲရှိနေရာ ဂျပန်ဆရာဝန်ကြီးညွန်ပေးခဲ့သည့် ဟောဒီခရေရွက်ကျိုဆေးနည်းဖြင့် ယခုဆိုလျှင် ၁၅၀ အထိ ကျဆင်းသွားပြီးဖြစ်ကြောင်း သိရပါတယ်။
ဆရာဝန်ကြီးပြောပြခဲ့သည့် ဆီးချိုသက်သာစေမည့် သဘာဝနည်း
(၁) ခရေရွက် ခပ်သန့်သန့် မနုမရင့်ကို လက်တစ်ဆုပ်ခန့် ခူးယူပါ။
(၂) ခရေရွက်များကို ရေစင်အောင် ဆေးကြော၍ ရေသုံးခွက်တစ်ခွက်တင် ကျိုလိုက်ပါ။
(၃) ၎င်းခရေရွက်ကျိုဆေးရည်ကို တစ်နေ့တစ်ခွက် သောက်ပေးပါ။
တစ်ပတ်ခန့် သောက်သုံးပြီးလျှင် ဆီးချိုရောဂါများ ခန္ဓာကိုယ်အတွင်းမှ သိသာစွာ လျှော့ကျသွားပါလိမ့်မည်။ ပိုက်ဆံအကုန်အကျလည်း သက်သာသလို သဘာဝဆေးနည်း ဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။
ဆရာကြီး ဇီဝက ပြောခဲ့သလိုပါပဲ။ သစ်ပင်သစ်ရွက်တိုင်းဟာ ဆေးဖက် ဝင်ပါတယ်တဲ့။ မသိသူကျော်သွား သိသူဖော်စားဆိုတဲ့ စကားအတိုင်းပါပဲ။ ကဲ မိတ်ဆွေတို့လည်း ဒီဆေးနည်းလေးကို ဆီးချိုဝေဒနာရှင်များအတွက် မျှဝေပေးလိုက်ပါကြပါဦးနော်။
လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
credit