ဘာတစ်ခုမှ အဆင်မပြေသူများအတွက် ကံပွင့် လာဘ်ပွင့်စေသော ယတြာ…

ကံပွင့် လာဘ်ပွင့်ဖြစ်စေသော ယတြာ
လူမှာ ကံသည် အရေးကြီး သည့်အတွက် ကံပိတ် လာဘ်ပိတ်ဖြစ်နေပါက ဘာတစ်ခုမှ အဆင်မပြေတာမျိုး၊ ဘာလုပ်လုပ် အဆင်မပြေတာမျိုး ကြုံနေတတ်သည်။

သည်တော့ ကံပွင့်လိုသူများ လာဘ်ပွင့် လိုသူများအတွက် အောက်ပါ ယတြာလေးကို လုပ်ကြည့်စေ ချင်ပါသည်။

တနင်္ဂနွေ သားသမီးများ

သင်္ဘောသီး (၃လုံး) ကို အခွံခွာပါ၊ ပန်းကန်ပြားထဲ သို့ထည့်ပါ၊ ပြီးလျှင် အဲ့ဒီ သင်္ဘောသီးတစ်လုံးပေါ်တွင်အမွှေးတိုင် (၃တိုင်)စီ ဆိုက်၍ မီးထွန်းပြီး အိမ်ရှိဘုရားအား ကပ်လှူပူဇော်ပါ။

တနင်္လာသား သမီးများ

သကြားအနည်းငယ်ကိုရေဖြင့်အရင်ဖျော်လိုက်ပါဖျော်ပြီးသသကြား ရေကိုဖန်ခွက် (၅ခွက်) တစ်ခွက်ကိုတစ်ဝတ်စီ ထည့်ပါ၊ ပြီးလျှင် ဖန်ခွက်တစ်ခွက် တွင်ပန်းအဖြူရောင် (၃ပွင့်)စီဆိုက်ပြီးအိမ်ဘုရားအားကပ်လှူပူဇော်ပါ။

အင်္ဂါသား သမီးများ

ပန်းကန်ပြားတစ်ချပ်ပေါ်တွင် အုန်းသီး (၇စိတ်)၊ လက်ဖက်သားအနည်းငယ်၊ ထန်းလျက် (၇ခဲ) တင်ပြီး အိမ်ရှိ ဘုရား ကပ်လှူပူဇော်ပါ။

ဗုဒ္ဓဟူးသားသမီးများ

စတီးခွက် (၈ခွက်) ထဲတွင်နွားနို့စစ်စစ် ကို အစိမ်းအတိုင်း ထည့်ပါ၊ ထည့်ပြီးပါက ပန်းအနီရောင် (၅ပွင့်)စီဖန်ခွက်တွေမှာ ထည့်လိုက်ပါ၊ ပြီးလျှင် ငွေလင်ပန်း တစ်ချပ်ပေါ်တင်ပြီး အိမ်ရှိဘုရားအား ကပ်လှူပူဇော်ပါ။

ကြာသပတေး သားသမီးများ

ပန်းကန်လုံး (၃လုံး) ယူပါ၊ တစ်လုံးတွင် ပဲပြုတ်အနည်းငယ်ထည့်ပါ၊နောက်တစ်လုံးတွင် အကြော်(၄မျိုး) ထည့်ပါ၊ ကျန်တစ်လုံး တွင်အုန်းထမင်းအနည်းငယ်ထည့်ပြီး အိမ်ရှိဘုရားတွင်ကပ်လှူပူဇော်ပါ။

သောကြာသားသမီးများ

သရက်ရွက်တစ်ရွက် တွင် မိမိ၏နာမည်ရေးပြီး အဲ့ဒီ အရွက်ပေါ်တွင် ထန်းလျက် (၆ခဲ)တင်ပြီး အိမ်ရှိဘုရားတွင်ကပ်လှူပူဇော်ပါ။

စနေသား သမီးများ

မြေအိုးတစ်လုံးထဲတွင်ဆန်းလက်တစ်ဆုတ်ထည့်ပါ၊ မတူသည့် ပန်း (၉မျိုး)ကို စုပြုံပြီးထည့်ပါထည့်ပြီးလျှင်အိမ်ရှိဘုရားအား ကပ်လှူပူဇော်ပါ။

ကံပွင့်လာဘ်ပွင့်ဖြစ်ပြီးများစွာ အကျိုးထူးမည့် ယတြာဖြစ်ပါသည် ။ ဆရာ မင်းထက်နိုင်မှ မေတ္တာစေတနာဖြင့်ကိုယ်တိုင်တွက်ချက်ရေးသာသည် ။

နက္ခတ္တဗေဒပညာရှင်ဗေဒင်နှင့်လက္ခဏာဆရာရဲဝင်းထွန်းမန္တလေးမြို့
credit

Leave a Reply

Your email address will not be published.