အသည်းအဆီဖုံးတာမဖြစ်ရအောင်ဒီအသီးများကိုစားပေးပါနော်

Posted by

အသည်းအဆီဖုံးခြင်းက အဖြစ်များတဲ့အသည်းရောဂါတစ်မျိုးဖြစ်ပါတယ်။ အသည်းတဝိုက်မှာ အဆီပိုတွေစုလာတဲ့အခါ အသည်းရဲ့လုပ်ဆောင်ချက်တွေကိုထိခိုက်စေပြီးရောင်ရမ်းမှုတွေဖြစ်စေတာဖြစ်ပါတယ်။

ဒီအခြေအနေကို အစားအသောက်ဆင်ခြင်ပြီးနေထိုင်မှုပုံစံပြောင်းလဲတဲ့နည်းနဲ့ ကုသလို့ရပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းနေထိုင်ရင်းနဲ့ အစားဆင်ခြင်တဲ့နေရာမှာ အသည်းအဆီဖုံးခြင်းအတွက် အကောင်းဆုံးအသီးအနှံတွေကို သိထားတယ်ဆိုရင် ပိုအထောက်အကူဖြစ်ပါလိမ့်မယ်။

(၁) သံပရာသီး

အဆီတွေလျော့ပါးစေဖို့က သံပရာသီးကအကောင်းဆုံးဓါတ်စာပါပဲ။ရေတစ်ဖန်ခွက်ထဲ သံပရာရည်ညှစ်ထည့်ပြီးနေ့တိုင်းသောက်ပေးတာက အသည်းမှာစုနေတဲ့အဆီတွေကိုအမြန်ဆုံးကျဆင်းစေပါတယ်။

သံပရာသီးက အဆိပ်အတောက်ဖယ်ရှားရာမှာအစွမ်းထက်သလို ဗီတာမင် စီလည်း ကြွယ်ဝပါတယ်။ သံပရာသီးကြောင့် အစာခြေစနစ်ပိုကောင်းစေတဲ့အပြင် အသည်းကိုလည်း အကာအကွယ်ပေးနိုင်ပါတယ်။

(၂) မန်ကျည်းသီး

ဟင်းချက်တဲ့အခါ ထည့်ချက်နေကျ မန်ကျည်းသီးမှာ အစွမ်းသတ္တိတွေရှိနေတယ်ဆိုတာ သင်သိပါသလား။ မန်ကျည်းသီးဟာ အမျှင်ဓါတ်နဲ့ မပြည့်ဝဆီတွေပါဝင်မှုမြင့်မားလို့ အဆီကြောင့်သွေးကြောထူသွေးကြောကျဉ်းရောဂါ( arteriosclerosis) ကိုကုသရာမှာ အထောက်အကူပေးပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်းကို အညစ်အကြေးဖယ်ရှားသန့်စင်ပေးနိုင်စွမ်းရှိလို့ အစာခြေစနစ်ကိုကောင်းစေပြီး အဆီတွေကျစေပါတယ်။ အဲဒီလို မန်ကျည်းသီးဟာသွေးကိုသန့်စင်စေပြီး ကိုလက်စထရောတွေကျစေတဲ့အပြင် အသည်းမှာဖုံးနေတဲ့ အဆီတွေကိုလျော့ပါးစေနိုင်ပါတယ်။

(၃) သစ်တော်သီး

သစ်တော်သီးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရဓါတ်တွေအများကြီးပါဝင်တဲ့အပြင် ချိုမြတဲ့အရသာကြောင့် လူကိုလန်းဆန်းစေပါတယ်။ရေဓါတ်ပါဝင်မှုများပြီး အမျှင်ဓါတ်ပါဝင်မှုများလို့ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။

ဗီတာမင်စီအပြင် ဗီတာမင်ဘီအုပ်စုနဲ့ ဗီတာမင် အီးတို့ပါဝင်ပါတယ်။ သွေးတွင်းကိုလက်စထရောကိုကျစေပြီး အစာခြေစနစ်ကိုပုံမှန်ဖြစ်စေပါတယ်။ ဒီအချက်တွေကြောင့်ပဲ သစ်တော်သီးက အသည်းကို အကျိုးပြုနေတာဖြစ်ပြီး ပန်ကရိယနဲ့အသည်းကိုသန့်စင်စေပါတယ်။

(၄) ဖရဲသီးနဲ့ သင်္ဘောစေ့

ဖရဲသီးနဲ့သင်္ဘောစေ့တို့က သဘာဝဆေးဖက်ဝင်ပစ္စည်းတွေဖြစ်နေတာ သင်သိရဲ့လား။ ဒီနှစ်မျိုးကိုရောကြိတ်ဖျော်စပ်ထားတဲ့အချိုရည်တစ်ခွက်ဟာ အသည်းကိုသန့်စင်စေပြီး အသည်းမှာစုနေတဲ့အဆီတွေကိုလျော့ပါးစေနိုင်စွမ်းရှိပါတယ်။

တစ်နေ့တစ်ခွက်သောက်ခြင်းအားဖြင့် အသည်းအဆီဖုံးခြင်းကို သက်သာလျော့ပါးစေပါတယ်။ ဖရဲသီးအစိတ်သေးနှစ်စိတ်၊ရေသန့်တစ်ခွက်၊သင်္ဘောစေ့နှစ်စေ့ကို ကြိတ်ပြီးဖြည်းဖြည်းချင်းသောက်ပါ။

(၅) စတော်ဘယ်ရီ

ချိုချိုချဉ်ချဉ် စတော်ဘယ်ရီသီးလေးတွေက အသည်းနဲ့ခန္ဓါကိုယ်တွင်းကို သန့်စင်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ စတော်ဘယ်ရီမှာ အမျှင်ဓါတ်၊ဗီတာမင်စီနဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်လို့ ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။

သွေးတိုးကိုကျစေပြီး ယူရစ်အက်စစ်ကိုလျော့ကျစေပါသေးတယ်။ ရေထဲမှာ စတော်ဘယ်ရီထည့်၊သံပရာသီးလေးနည်းနည်းထည့်ပြီးသောက်ရင် detox အဖြစ်သောက်လို့ရပါတယ်။
credit