ကျောင်းပိတ်ထားတဲ့ကာလအတွင်း ပန်းချီဆွဲခြင်းဖြင့် ကျောင်းစရိတ်အတွက် ဝင်ငွေ ရှာဖွေနေခဲ့တဲ့ ဝိရိယရှိတဲ့လူငယ်

ထိုင်းနိုင်ငံက Kalasin ပြည်နယ် Huai Mek Wittayakom ကျောင်းမှ အသက် ၁၈ နှစ်အရွယ်လူငယ် Nong Earth ဟာ အသက် ၈၀ ကျော်အဖိုးအဖွား နဲ့ နေထိုင်ပါတယ် ။

Covid-19 ကြောင့် ကျောင်းပိတ်ထားတဲ့အချိန်လေးမှာ acrylic သုတ်ဆေးများဖြင့် ပညာသင်စရိတ်အတွက် မိမိကိုယ်တိုင် ပိုက်ဆံရှာစုခဲ့ပါတယ် ။

Acrylic ဆေးသုတ်ခြင်းနဲ့ ပန်းချီလက်ရာများကို ကျောင်းများစွာမှ ဆရာများနဲ့ ကျောင်းသားများက Nong Earth ရဲ့ စွမ်းရည်ကို မြင်တွေ့ပြီး ချီးကျူးလေးစားနေခဲ့ကြပါတယ် ။

Nong Earth က သူ့ရဲ့မူလရေးဆွဲပုံက အိမ်အောက်နေရာကို ပန်းချီဆွဲဖို့နေရာအဖြစ်သုံးတဲ့အခါမှာ တစ်ခါတစ်လေ လေတိုက်ခတ်ခြင်း၊ ဖုန်မှုန့်တွေ၊ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း သတိထားရသေးတော့ အဆင်မပြေဖြစ်ရတယ်လို့ ဆိုပါတယ် ။

ဒါကြောင့် သူဟာ ဆေးခြယ်ဖို့နေရာ အတိအကျကို ရှာချင်လို့ ရွှံ့အိမ်သေးသေးလေးတစ်လုံးဆောက်ရန် စိတ်ကူးတစ်ခုရလာခဲ့ပါတယ် ။

အိမ်ရှေ့မှာ နေရာလွတ်တစ်ခုရှိဒါကြောင့် အဖိုးအဖွားတွေရဲ့ခွင့်ပြုချက်ကို တောင်းပြီး သူက ရွှံ့စေးအိမ်များတည်ဆောက်ရန် သူက YouTube ကို လုပ်နည်း လေ့လာခြင်းဖြင့် ဒီဇိုင်းဆွဲခဲ့ပါတယ် ။

အခုဆိုရင် လူများစွာက ပုံများဆွဲပေးရန် Order မှာထားကြပါပြီ ။ လူငယ်လေး Nong Earth က သူ့ကိုယ်သူ ပညာသင်စရိတ်ရှာဖွေရန် တဖြည်းဖြည်းဆွဲပြီး အိမ်အသုံးစရိတ်ရဲ့ ဝန်ကိုပေါ့ပါးစေရုံမက သက်ကြီးရွယ်အိုများနဲ့ အဘိုးအဘွားများကို ကူညီပေးပါတယ် ။

ကျောင်းပိတ်တဲ့အချိန်လေးမှာ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းမဲ့အစား ကျောင်းစရိတ်တွက် ဝင်ငွေရှာတဲ့သူလေးကိုတော့ ကျွန်တော်မချီးကျူးလဲမနေနိုင်တော့ဘူးဗျာ။ နောက်ပြီး သူ့ရဲ့ ပုံဆွဲစကေးလည်း အရမ်းလှတယ်ဗျာ ။
credit
zawgyi



Nong Earth က သူ့ရဲ့မူလရေးဆွဲပုံက အိမ်အောက်နေရာကို ပန်းချီဆွဲဖို့နေရာအဖြစ်သုံးတဲ့အခါမှာ တစ်ခါတစ်လေ လေတိုက်ခတ်ခြင်း၊ ဖုန်မှုန့်တွေ၊ အိမ်မွေးတိရိစ်ဆာန်တွေကိုလည်း သတိထားရသေးတော့ အဆင်မပြေဖြစ်ရတယ်လို့ ဆိုပါတယ် ။




credit

Leave a Reply

Your email address will not be published.