မှိုတက်နေတဲ့ ပေါင်မုန့်ကိုမှိုလေးဖယ်ပီးစားမိလိုက်သောအခါ

Posted by

ဒိန်ခဲနဲ့ ပေါင်မုန့်တွေရဲ့ မျက်နှာပြင်မှာ မှိုတက်နေတာကို မြင်ဖူးကြပါလိမ့်မယ်။ ဆိုင်ကဝယ်လာတဲ့အချိန်မှာ လတ်ဆတ်တယ်ထင်ရပေမယ့် အချိန်နည်းနည်းကြာလာတဲ့အခါ မှိုတွေတက်နေတဲ့အဖြစ်ကို ကြုံဖူးမှာပါ။ ဒါကြောင့် မှိုတက်နေတဲ့ ပေါင်မုန့်ကို စားသင့်လား မစားသင့်ဘူးလား ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ မှိုဆိုတာ ဘာလဲ။

မှိုဆိုတာဟာ စိုစွတ်ပြီးဆွေးမြေ့နေတဲ့ အော်ဂဲနစ်ပစ္စည်တွေမှာ ပေါက်လေ့ရှိတဲ့ အပင်မျိုးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေပြီး ပူသည်ဖြစ်စေ၊ အေးသည်ဖြစ်စေ နွေရာသီဖြစ်စေ ဆောင်းရာသီဖြစ်စေ အတွင်းဖြစ်စေ အပြင်တွင်ဖြစ်စေ အရေးမကြီးပါဘူး။

အဆောက်အအုံတွေ ဒါမှမဟုတ် အစားအသောက်တွေပေါ်မှာ ပေါ်လာတတ်ပါတယ်။ အဖြူရောင်အစက်တွေ ပါဝင်နေပြီး အရသာလည်းမကောင်းပါဘူး။ ခြောက်သွေ့တဲ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့အခါမှာ မှိုတွေက ရှင်သန်ကြီးထွားဖို့ သင့်လျော်တဲ့ ပတ်ဝန်းကျင်ကို ရှာမတွေ့မချင်း လေထုထဲမှာ ပျံဝဲနေတတ်ပါတယ်။

၂။ မှိုအမျိုးအစားအမျိုးမျိုး

ကမ္ဘာပေါ်မှာ မှိုအမျိုးအစားပေါင်း ထောင်နှင့်ချီရှိပါတယ်။ ဘယ်လိုပုံစံရှိလဲ ဆိုတာကို သိပ္ပံပညာရှင်တွေကတော့ မသိကြသေးပေမယ့် အရေအတွက်ကတော့ 300,000 ကျော်ရှိပါတယ်။ အသားနှင့် ပေါင်မုန့်တွေမှာ တွေ့ရလေ့ရှိတဲ့ မှိုတွေကတော့

Alternaria

– Aspergillus

– Penicillium

– Cladosporium

– အနက်ရောင်ပေါင်မုန့်မှို တို့ပဲဖြစ်ပါတယ်။

စိုစွတ်တဲ့ပတ်ဝန်းကျင်မှာ ကောင်းစွာကြီးထွားနိုင်သလို အက်စစ်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေမှာလည်း ကောင်းစွာရှင်သန်နိုင်ပါတယ်။

– သစ်သီးနှင့်ယို

– ချဉ်တဲ့အသီး

– ခရမ်းချဉ်သီး

– အသား

၃။ အတွေ့များရတဲ့ မှိုက ဘယ်လိုမျိုးလဲ။

မှိုကို ဘက်တီးရီးယားနှင့် ဆန့်ကျင်တဲ့ ဆဲလ်များစွာနဲ့ ဖွဲ့စည်းထားပြီး များသောအားဖြင့် ဆဲလ်တစ်ခုတည်းနဲ့ ပြုလုပ်ထားပါတယ်။ ဒီလိုဆဲလ်အများအပြားဟာ မှိုရဲ့ကိုယ်ထည်နှင့် ပိုးမွှားတွေကို ဖြစ်ပေါ်စေပါတယ်။

ပြီးတော့ မတူညီတဲ့မှိုတွေကို အရောင်အမျိုးမျိုးဖြစ်စေပါတယ်။ အဏုကြည့်မှန်ဘီလူးအောက်မှာ ကြည့်ရင် သူ့ရဲ့တည်ဆောက်ပုံကို ထင်ထင်ရှားရှားမြင်ရပါတယ်။

– အမြစ်တွေက အစာထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး မှိုကြီးထွားဖို့ အခြေခံအုတ်မြစ်တွေကို ဖန်တီးပေးပါတယ်။

– အညှာတွေက ပင်စည်နှင့်တူပါတယ်။

၄။ မှိုတက်နေတဲ့ အစားအစာတွေ စားတဲ့အခါ ဘာဖြစ်သွားသလဲ၊ ဘာကြောင့် မစားသင့်တာလဲ။

မှိုတက်နေတာတွေကို ဘာကြောင့်မစားသင့်လဲဆိုတော့ အချို့သော မှိုတွေဟာ အဆိပ်ရှိနိုင်ပြီး ဓါတ်မတည့်တဲ့ တုံ့ပြန်မှုကို ဖြစ်စေနိုင်ပါတယ်။

အစားအစာပေါ်မှာ ပေါ်လာတဲ့ မှိုတွေကို ဖယ်လိုက်ရုံနဲ့တင် မရနိုင်ပါဘူး။ သူ့မှာ အမြစ်တွေရှိပါတယ်။ မှိုတွေကို ဖြတ်ပြီး လွှင့်ပစ်ရင်တောင်မှ အစားအစာထဲမှာ ကျန်နေခဲ့တဲ့မှိုက ကောင်းကောင်းရှိနေပါသေးတယ်။

အချို့သော မှိုတွေက အန္တရာယ်ရှိနိုင်ပေမယ့်လည်း ဘက်တီးရီးယားပိုးမွှားတွေ ပါဝင်နေတာတောင် စားသုံးဖို့ဘေးကင်းတဲ့ မှိုတွေလည်းရှိပါတယ်။ Blue cheese လိုမျိုး မှိုတက်နေတဲ့အစားအစာတွေ စားရင်တောင် ဘာမှမဖြစ်တာမျိုးတွေရှိပါတယ်။
credit