မကြောက်မလန့်နဲ့ လိုင်းကားတက်စီးပြီး တန်ဖိုးရှိလက်ဝတ်ရတနာများစွာကို ဝတ်ဆင်ထားကာ ပိုက်ဆံထုပ်ပါကိုင်ရင်း ကြွားဝါဂုဏ်ယူနေခဲ့တဲ့ အမျိုးသမီးတစ်ဦး

May Castro အမည်ရှိအင်တာနက်သုံးစွဲသူတစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံ Davao del Sur ပြည်နယ် Santa Cruz မြို့ရှိ လိုင်းကားတစ်စီးကိုတက်စီးလိုက်တဲ့အချိန်မှာ လိုင်းကားအတွင်းရှိ တစ်ကမ္ဘာလုံးအတွက် သူမရဲ့ချမ်းသာကြွယ်ဝမှုကို ပြသချင်နေပုံရတဲ့အခြားခရီးသည်တစ်ဦးကို ချက်ချင်း သတိပြုမိသွားခဲ့ပါတယ်။

အဆိုပါအမည်မသိခရီးသည်အမျိုးသမီးဟာ အနည်းဆုံး ရွှေဆွဲကြိုး ၆ ကုံးကို ဝတ်ဆင်ထားပါတယ်။ထို့အပြင် သူမရဲ့လက်ကောက်ဝတ်မှာလည်း ကြီးမားတဲ့လက်ကောက်များနှင့် သူမရဲ့လက်ချောင်းတွေမှာလည်း လက်စွပ်များကိုပါ ဝတ်ဆင်ထားပါသေးတယ်။

သူမရဲ့အခြားလက်တစ်ဖက်က ပုံမှာ မပါတဲ့အတွက် အဲ့ဒီလက်တစ်ဖက်ကိုလည်းဘဲ ရွှေတွေအများကြီးကို ဝတ်ဆင်ကောင်းဝတ်ဆင်ထားနိုင်ပါတယ်။

အကယ်လို့များ သူမသာ သူမရဲ့နားနှင့် ခြေကျင်းဝတ်မှာပါ ရွှေတွေဆင်ထားရင်တော့ ကျွန်တော်တို့လည်း ထပ်ပြီးအံ့ဩစရာမဖြစ်နေတော့ပါဘူး။

သို့ပေမဲ့ ထိုများပြားလှတဲ့လက်ဝတ်ရတနာအပိုင်းအစများမှ သူမရဲ့ကြွယ်ဝမှုကိုပြသသည့်အနေနှင့် အဆိုပါအမျိုးသမီးဟာ လက်စွပ်များနှင့်အလှဆင်ထားတဲ့သူမရဲ့လက်တစ်ဖက်ဖြင့် သူမရဲ့ကြွယ်ဝမှုကို ထပ်တိုးပြသနိုင်ရန် ၎င်းလက်မှာ ပိုက်ဆံထုပ်ကိုပါ ကိုင်ထားလိုက်ပါသေးတယ်။

ပိုက်ဆံထည့်ဖို့ ဘေးမှာလွယ်အိတ်တစ်အိတ်ရှိပုံပေါ်နေပေမဲ့လည်း သူမဟာ အခြားခရီးသည်များမြင်တွေ့စေရန်အတွက် ၎င်းပိုက်ဆံထုပ်ကို လက်မှာသာ ကိုင်ထားဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။

ထို့နောက် အင်တာနက်သုံးစွဲသူတော်တော်များများက အဆိုပါအမျိုးသမီးကဲ့သို့ ချမ်းသာလိုကြောင်းဆန္ဒပြုကြပေမဲ့ အခြားသူများက တကယ်ချမ်းသာတဲ့သူတစ်ယောက်က ၎င်းတို့ရဲ့ဥစ္စာပစ္စည်းများကို ၎င်းကဲ့သို့ ထုတ်ဖော်ပြသမှာမဟုတ်ကြောင်း ထို့ကဲ့သို့ ထောက်ပြခဲ့ကြပါတယ်။

အဆိုပါအမျိုးသမီးဟာ တကယ့်တကယ်သာချမ်းသာနေရင် သူမဟာ လိုင်းကားစီးမှာမဟုတ်ဘဲ ဇိမ်ခံကား သို့မဟုတ် ယာဉ်အမျိုးအစားတစ်မျိုးမျိုးကို စီးနေမှာပေါ့လို့လည်း ထောက်ပြခဲ့ကြပါတယ်။

အချို့သောသူများကလည်း သူခိုးဓားပြတွေနဲ့ကြုံလာတဲ့အခါ အဆိုပါအမျိုးသမီးက စွပ်စွပ်စွဲစွဲတွေလုပ်မှာဆိုးတဲ့အတွက်ကြောင့် ၎င်းကားပေါ်ရှိလိုက်ပါလာတဲ့ခရီးသည်များအတွက်သာ စိတ်ပူမိကြောင်းလည်း မှတ်ချက်ပေးထားခဲ့ကြပါသေးတယ်။credit

Leave a Reply

Your email address will not be published.