မသေခင်နောက်ဆုံးအချိန်လေးမှာ ပြစ်သွားတဲ့ အမေဖြစ်သူနဲ့ ( ၁ ) ကြိမ်လောက် တွေ့ပါရစေလို့ ဖခင်ကို တောင်းဆိုနေတဲ့ ကလေးငယ်

Posted by

လင်မယားကွာရှင်းတ ဲ့ကိစ္စဟာတစ်ကယ်တမ်း မလွယ်ကူပါဘူး။ ဘာလို့လည်းဆို အဲ့ဒီဒဏ်ကို အဓိကခံစားကြရသူတွေကတော့
ကလေးငယ်တွေဖြစ်လို့ပါ။အဲ့ဒီဒဏ်တွေကြောင့် ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာတွေဟာ
တဖြည်းဖြည်းနဲ့ ပျက်ဆီး ယိုယွင်းလာတတ်ကြပါတယ်…

တရုတ်နိုင်ငံက အသက် ၈ နှစ်အရွယ်ကလေး ငယ်ဟာ မွေးရာပါ နှလုံးရောဂါခံစားနေရသူဖြစ်ပြီး သူမသေခင်အချိန်လေးမှာ
သူ၏မိခင်နှင့် နောက်ဆုံးတစ်ကြိမ်ခန့်တွေ့ချင်ကြောင်းကို ဖခင်ဖြစ်သူအား တောင်းဆိုခဲ့တဲ့အတွက်
လူအများကို အတော်လေး ိုဝမ်းနည်းစေခဲ့တဲ့ပါတယ်….

ကလေးငယ်ရဲ့ မိဘနှစ်ပါးဟာ 2015 ခုနှစ်က ကွားရှင်းခဲ့ကြတာဖြစ် ပါတယ်။ကလေးငယ်ကိုတော့ ဖခင်ဖြစ်သူက
တာဝန်ယူစောင့်ရှောက် ထားခဲ့တာပါ။ဖခင်ဖြစ်သူဟာဆိုရင် သားဖြစ်သူရဲ့ဆေးကုသစရိတ်ကို လုံလုံလောက်လောက်
မထောက်ပံ့ပေးနိုင်ခဲ့လို့ ကိုယ့်ကိုကိုယ် အပြစ်တင် ဝေဖန်နေသူလည်း ဖြစ်ပါတယ် ။

ဖခင်ဖြစ်သူဟာ လယ်သမားတစ်ယောက်ဖြစ်ပြီးတော့ နေ့ရော ညပါ အလုပ်ကြိုးစားရုန်းကန်ကာ သားနှစ်ယောက် နှင့်
အဘိုးအဘွားနှစ်ယောက် တို့ကို ရှာကျွေးနေရသူဖြစ်ပါတယ်။ တစ်မိသားစုလုံးကလည်း သူ့ရဲ့ဝင်ငွေကိုသာ မှီခိုနေရသူဖြစ်ပါတယ်။

ပိုက်ဆံပျက်တောက်သွားတဲ့အချိန်မျိုးဆို ဖခင်ဖြစ်သူဟာ သားငယ်လေးရဲ့ ဆေးကုသစရိတ်အတွက် အခြားသူတွေထံ
ငွေကြေးအမြောက်အမြားချေးငှါးခဲ့ရတယ်လို့လည်း သိရှိရပါတယ် ။

သားလေးဟာ ခွဲစိတ်ကုသမှုခံယူခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ November လက အခြေအနေအတော်ဆိုးရွားလာကာ
ကလေးငယ်ရဲ့ ကျောက်ကပ် ၊ အဆုတ် ၊ နှလုံးတို့ဟာ အတော်လေးထိခိုက်ပျက်ဆီးလာပါပြီ။

အဲ့ဒါကြောင့် ကလေးငယ်က နောက်ဆုံးဆန္ဒအနေနဲ့ မိခင်က ိုတစ်ကြိမ်ခန့်တွေချင်ကြောင်း ဖခင်ကိုတောင်းဆိုခဲ့ပါတယ် ။
အခြားသော မိသားစုဝင်တွေက ဖခင်ဖြစ်သူကို လက်လျော့လိုက်ဖို့ ပြောဆိုခဲ့ကြပေမဲ့လည်း ဖခင်ဖြစ်သူကတော့ သူ့သားအသက်ရှင်နေသမျှလက်မလျှော့နိုင်ကြောင်းပြောဆိုပြီး သားလေးကို အစွမ်းကုန်ပြုစုကုသပေးနေတယ်လို့သိရပါတယ်။စိတ်မကောင်းစရာပါပဲနော်။

လေးစားစွာဖြင့် ခရစ်ဒက်