ကံနိမ့် ကံပိတ် နေသူများအတွက် ကံကောင်းခြင်းတွေ ရောက်ရှိလာစေမည့် ကံခေါ်နည်း …. .

Posted by

ကံနိမ့် ကံပိတ် နေသူများအတွက် ကံခေါ်နည်း

ကံ ပိတ်ရခြင်းအကြောင်းကတော့ အလွန်နက်နဲပါတယ် လက်ရှိကိုယ့်ရဲ့အပြုအမူ အနေအထိုင် နေအိမ်အခန်း ထားသိုမူ့ အမှားအယွင်း အသုံးအဆောင်ပစ္စည်း အမှားအယွင်း ဘုန်းကံနိမ့်စေမူ့ အပြုအမူတွေအပြင် အတိတ်အကုသိုလ်ကံရဲ့ အတားအဆီး အစရှိသဖြင့် ဘက်ပေါင်းစုံကနေ ရှိနေနိူင်ပါတယ်။

အခုပြောမယ့် နည်းကတော့ အဲဒီအတားအဆီးတွေ ကျော်လွှားပြီး မိမိစိတ်ရှည်ရှည်နဲ့လုပ်နေသမျှကံပိတ်တာတွေ တဖြည်းဖြည်း အားနည်းစေပြီးကောင်းကံတွေ အကျိုးပေးလာစေမှာပါ။ အခုလုပ်ရမယ့် အရာတွေကို ပြောပြပါမယ်။

၁။ မိမိပြုခဲ့ဖူးသမျှသော ကုသိုလ်တွေထဲက မှတ်မှတ်ရရ ဖြစ်ခဲ့ရပြီး ပီတိဖြစ်ခဲ့ရတဲ့ ကုသိုလ် ၁၁ မျိုးကို စာရွက်နဲ့ ချရေးပြီး ပလပ်စတစ် လောင်းထားပါ။ နံနက်တိုင်း အိပ်ယာထထချင်း အဲဒီစာရွက်ကိုအစအဆုံးဖတ်ပြီး ကျေနပ်ပီတိဖြစ်ပါစေ။

အဲဒီစာရွက်ကိုဖတ်ပြီးမှသာ မျက်နှာသစ် သွားတိုက်ပါ။ တကယ်လို့ ကိုယ့်မှာ မှတ်မှတ်ရရ ကုသိုလ်က ၁၁ မျိုး မရှိသေးလည်း ရှိသလောက် ချရေးပါ ပြည့်အောင်ထပ်လှူပါ ထပ်ဖြည့်ရေးပါ။

၂။ နံနက်တိုင်း ဆဲဆိုတိုင်းထွာခြင်း ရှောင်ပါ။ အကောင်းဆုံးက မေတ္တာသုတ်တရား ဖွင့်ပေးပါ။

၃။ အိမ်ရှေ့လမ်းမပေါ် ဆန်ကြဲပါ။

၄။ မျက်နှစ်သစ်နေစဉ် စိတ်ထဲကနေ သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ လို့ ဆုတောင်းပါ။

၅။ ဘုရား သောက်တော်ရေ ကပ်လှူပေးပါ။ ကပ်လှူနေစဉ် မိမိစိတ်ထဲမှာ တကယ့်သက်ရှိထင်ရှား မြတ်စွာဘုရားအား အာရုံပြု၍ ကပ်လှူ ပေးပါ။ မိမိနူတ်မှလည်း အရဟံ အရဟံ ဟုရွတ်ပေးပါ။

၆။ သောကြာနံနက်တိုင်း ရှင်သီဝလိကိုယ်တော်မြတ်ကြီးအား သီးမွှေးဌက်ပျောသီးကို အခွံနွှာ သကြားဖြူး၍ လှူပေးပါ အပတ်တိုင်းလှူပေးပါ။

၇။ တစ်လနှစ်ကြိမ်‌ မိမိမွေးနံထောင့်မှာ သန့်ရှင်းရေးသေချာလုပ်၍ ပဌာန်းအကျယ်ရွတ်ပြီး အမျှဝေပါ။

၈။ အင်္ဂါနေ့ည‌‌နေ 4:30 နှင့် 7:30 ကြား‌ရောက်တိုင်း ငွေ 200 ကို လူသွားလမ်းပေါ် လူမသိအောင် ပစ်ချပါ။

၉။ လေးလတစ်ကြိမ် အသက်ကြီး ရဟန်းတစ်ပါးအား ပျားရည်နှင့် ရေစစ်လှူပေးပါ။

၁၀။ ညမအိပ်ခင် ဘုရားစင်ရှေ့(သို့မဟုတ်) မိမိအိပ်ယာပေါ်မှနေ၍ ဘုရားရှင်အား အာရုံပြု၍ “ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယခုဘဝ ယခုအချိန်အထိတိုင်အောင် အန‌‌န္တော အနန္တငါးပါးနှင့်

ခင်ပွန်းကြီး ၁၀ ပါးတို့အပေါ်၌ ကာယကံ ဝစီကံ မနောကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်သို့ပြေပျောက်စေရန် တောင်းပန်ကန်တော့ပါသည် မိမိအပေါ် ပြစ်မှားသူတို့ကိုလည်း ခွင့်လွှတ်ပါသည်။

ထို့အပြင် သံသရာနှင့် ယခုဘဝတွင် မိမိကသူတစ်ပါးကိုလည်း‌ကောင်း သူတစ်ပါးက မိမိအပေါ်ကိုလည်းကောင်း ကျိန်ဆိုခဲ့သော ကျိန်စာများရှိပါကလည်း ပြေပျောက်ပါစေဘုရား ဦးသုံးကြိမ်ချကန်တော့ပြီးအိပ်ပါ။

အိပ်နေစဉ် တစ်ခြားဘာအကြောင်းအရာမှ မတွေးဘဲ ဘုရားရှင်ရဲ့ ပြုံးတော်မ‌ူသော မျက်နှာတော်ကိုစိတ်ထဲက အာရုံပြုပြီး အရဟံ အရဟံ ဟုစိတ်ထဲကနေရွတ်ဆိုပြီးအိပ်ပါ။

ယခုရေးပြခဲ့တဲ့ အချက် ၁၀ ချက်ကိုသာ ယုံယုံကြည်ကြည်လုပ်ကြည့်ပါ ဘယ်လောက်ပဲ ကံဆိုးကံဆိုး ဘယ်လောက်ပဲကံတွေ ပိတ်ချင်သလောက်ပိတ်နေပါစေ ထူးခြားစွာ ကံတွေပွင့်လာပြီး ကုသိုလ်ကံတွေအကျိုးပေးလာပါလိမ့်မယ်။

နည်းကလွယ်ပါတယ် ယုံယုံကြည်ကြည်နဲ့ စွဲစွဲမြဲမြဲလုပ်ဖို့သာ လိုပါတယ်။ ခုနှစ်ရက် သားသမီးအပေါင်း ကံပွင့် လာဘ်ရွှင် အောင်ပွဲဆင်နိူင်ကြပါစေသော်။

ကျော်ဘိုဘိုဟိန်း
credit