ခေတ်လူငယ်တွေ သိပ်မသိတော့တဲ့ ဈေးအစ ဇာတ်အလယ် ဖာအဆုံး ဆိုတဲ့ ရှေးလူကြီးစကား

Posted by

ဒီစကားပုံးကို လူတိုင်းကြားဖူးလိမ့်မယ် ထင်ပါတယ်ခုနောက်ပိုင်း ကျွန်မတို့ မြို့လေးမှာ သဘင်တယ်များနဲ့ စျေးတယ်များကို နှိမ့်ချတဲ့အနေနဲ့ အဓိပ္ပါယ်ကောက်လွဲပြီးတန်ဖိုးရှိတဲ့ စကားပုံကို တလွဲအသုံးပြုနေတာ တွေ့နေ မြင်နေ ကြားနေရပါတယ်။

စျေးအစ ဇာတ်အလယ် ဖာအဆုံးဆိုတဲ့ရှေးလူကြီးသူမတို့၏ အချိန်ကာလနှင့် နေရာဒေသ ရွေး တတ်ရန်မှာကြားခဲ့သော စကားစုကို ယခုခေတ်ကာလတွင် ရိုင်းပြသောနေရာတွင် သုံးနှုန်းနေကြသည်မှာ သိပ်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။

*ရှင်းပါအံ့*

စျေးအစဆိုသည်မှာ

စျေးဝယ်မြည့်သူသည် မနက်စောစောထ၍ စျေးအစဆုံး ဖွင့်ချိန်တွင် သွားရောက်ဝယ်ယူရမည်ဟု ဆိုလိုချင်းသာ ဖြစ်ပါတယ် ။ စျေးသယ်တို့ မြည်သည် ပထမဆုံးရောက်လာတဲ့ စျေးဝယ်သူကို လက်လွှတ်ခံလေ့မရှိပါဘူး ။

စျေးနှုန်းချိုချိုနဲ့ စျေးဦးပေါက်အဖြစ် ရောင်းလေ့ရှိပါတယ်။
ဒါကြောင့် စျေးအစဆုံး ဖွင့်ချိန်သွားရောက်ဝယ်ယူမှ သူများထက်ဦးစွာ လတ်ဆတ်ကောင်းမွန်သော ကုန်စည်များကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ စျေးအစတွင် မဝယ်ယူပဲ နောက်ကျမှသွားရောက် ဝယ်ယူလျှင် သူများမလိုချင်၍ ကျန်နေသော ကုန်စည်ခပ်ညံ့ညံ့​သာ ရရှိမှာ ဖြစ်ပါတယ်။ဒါကြောင့် စျေးအစဟု ဆိုရေးရှိတာပါ။

*ဇာတ်အလယ်တဲ့*

ဇာတ်ကသည့် သူများဟာ ညလယ်ပိုင်းမှာ ဇာတ်ရှိန်အမြင့်ဆုံးဖြစ်တဲ့ ဗုဒ္ဓဝင်တို့ ပြဇာတ်တို့ ကဲ့သို့သော မှတ်သားထိုက်သည်များကို ကပြတတ်သောကြောင့်ဇာတ်ကြည့်မယ်ဆိုလျှင် ညလယ်ပိုင်းသည် အဓိကကြည့်သင့်သည် အကောင်းဆုံး အပိုင်းဖြစ်သည်ဟု ညွှန်ပြခဲ့ခြင်းဖြစ်ပါသည်။

*ဖာအဆုံးတဲ့*

ယခုစကားပုံတွင် ပါသော ဖာဆိုသည်မှာ ထန်းခေါက်ဖာ​ကို ပြောတာဖြစ်ပါသည်။အဝတ်အစား ပစ္စည်းကိရိယာများ ထည့်သွင်းသိမ်းဆည်းထားနိုင်သော သေတ္တာကဲ့သို့သော ဖာသေတ္တာကိုဆိုလိုချင်းဖြစ်သည်။

ရှေးယခင်တုန်းက အခုလို သံသေတ္တာတို့ ဗီဒိုတို့ကို ယနေ့အချိန်လောက်ထိ တွင်တွင်ကျယ်ကျယ် မသုံးကြသေးပါဘူး ။ ထန်းလက်ကရတဲ့ လျှော်နဲ့ (ထန်းခေါက်ဖာ) ဖာသေတ္တာကို ပြုလုပ် အသုံးပြုကြပါတယ်။

ထိုဖာများကို ရောင်းချမည့်သူများသည် ဖာသေတ္တာများကို အဆင်ဆင့်ထပ်ကာ ထမ်းပိုးရောင်းချကြပါတယ်။ ထို့သို့အဆင့်ဆင့်ထပ်ထားသော ဖာသေတ္တာများတွင် အောက်ဆုံး၌ တောင့်တင်းခိုင်မာသော ဖာကိုထားလေ့ရှိပါသည်။

သို့မှသာ အောက်ဆုံးဖာသည် သူ့အပေါ်မှ ဖာများ၏ အလေးချိန်ကို ခံနိုင်မှာဖြစ်ပါတယ်။ထိုကြောင့် ဖာသေတ္တာဝယ်ယူမြည်ဆိုလျင် တောင့်တင်းခိုင်မာသည့် အောက်ဆုံးဖာကို ဝယ်ယူဖို့ ညွှန်ကြားထားတာဖြစ်သည့်အတွက် ဖာအဆုံးဟု ဆိုရေးရှိခဲ့တာဖြစ်ပါတယ်။

ထိုကြောင့် စျေးအစ ဇာတ်အလယ် ဖာအဆုံးဟူသော စကားပုံကို မှန်ကန်စွာ သိရှိ၍ ရိုင်းပြတဲ့နေရာမှာ တလွဲမသုံးပဲအကြိုးရှိစွာ အသုံးချနိုင်ပါစေဟု ဆန္ဒပြုလျှက် ပြန်လည်မျှဝေလိုက်ပါတယ်။

crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်