အဝတ်တိုက်တဲ့မီးပူက(မီးအားပြင်းလို့ကပ်ကျန်ခဲ့တဲ့ချေးအမဲ)တွေကိုဖယ်ရှားပေးမယ့်အကောင်းဆုံးနည်းလမ်းများ

မီးပူမီးအားပြင်းလို့ကပ်ကျန်ခဲ့တာတွေကိုဖယ်ရှားပေးမယ့်အကောင်းဆုံးနည်းလမ်းများမီးပူမီးအားပြင်းလို့ကပ်ကျန်ခဲ့တာတွေကိုဖယ်ရှားပေးမယ့်အကောင်းဆုံးနည်းလမ်းများ

မီးပူတိုက်တဲ့အခါမှာမီးအားမတော်တဆများသွားလို့အကျီ တွေကျွမ်းသွားတဲ့အခါမှာအဲဒါတွေဟာခွာမရပဲကပ်ကျန်နေနေတတ်ပါတယ်

ဒါတွေဟာတော်တော့်ကိုဆိုးဝါးပြီးတော့ခွာမရပဲ မီးပူထပ်တိုက်မိတဲ့အခါမှာအလွယ်တကူပဲ တစ်ခြားသောအင်္ကျီတွေကို

လောင်ကျွမ်းစေနိုင်ပါတယ်နော်ဒီလိုပြသနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးကိုဝေမျှပေးချင်ပါတယ်မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်နဲ့စေးပျစ်အောင်

ဖျော်ပေးရမှာ ဖြစ်ပါတယ်အင်္ကျီစတွေကပ်ကျန်ခဲ့တဲ့မီးပူအောက်ခြေမှာအဲဒီ့ ပြုလုပ်ထားတဲ့အရောအနှောကို နူးညံတဲ့ brush လေးနဲ့ယူပြီးပွတ်တိုက်ပေးရမှာဖြစ်ပါတယ်

ပြီးသွားရင်တော့ မုန့်ဖုတ်ဆိုဒါတွေကိုဖယ်ရှားပေးဖို့ရေစိုဝတ်လေးကိုသုံးပေးရမှာပါသတိထားရမှာကမီးပူကိအသုံးမပြုခင်မှာ သေချာခြောက်အောင်သုတ်ပေးဖို့ကိုမမေ့ပါနဲ့

ဒီနည်းလမ်းကမီးပူမှာကပ်ကျန်နေတဲ့အရာတွေကိုလွယ်ကူစွာဖယ်ရှားပေးနိုင်ပါတယ်ရှာလကာရည်နဲ့မုန့်ဖုတ်ဆိုဒါကိုအရည်ရအောင် ရောနှောပေးရမှာ ဖြစ်ပါတယ်အရည်ရဖို့အတွက်ဆိုရှာလကာရည်ကိုမုန့်ဖုတ်ဆိုဒါထက်

များများထည့်ဖို့လိုအပ်ပါတယ်ပြီးရင်တော့အဝတ်စတစ်ခုကိုအဲဒီ့ဖျော်ထားတဲ့အရည်ထဲမှာ နှစ်လိုက်ပါပြီးသွားရင်တော့အဲဒီ့အဝတ်စကိုမီးပူနဲ့မီးပူတိုက်သလိုတိုက်ပေးရမှာ ဖြစ်ပါတယ်

မီးပလပ်ထိုးထားစရာမလိုပါဘူးနော်သွားတိုက်ဆေသွားတိုက်ဆေးဆိုတာ အိမ်တွေရဲ့လွယ်ကူရိုးရှင်းတဲ့အစွန်းချွတ်ဆေးတစ်ခုဖြစ်ပါတယ်အင်္ကျီတွေမှာ စွန်းပေသွားတဲ့အစွန်းအထင်းတွေကိုသွားတိုက်ဆေးလူူးတစ်ညထားပြီး

ပြန်လျှော်လိုက်ရင်အစွန်းတွေဖယ်ရှားနိုင်သလိုပဲမီးပူမှာကပ်နေတဲ့အရာတွေကိုသွားတိုက်ဆေးနဲ့လွယ်ကူစွာဖယ်ရှားနိုင်ပါတယ်မီးပူအောက်ခြေမှာသွားတိုက်ဆေး

အနည်းငယ်ကို ရေအနည်းငယ်စိုနေတဲ့အဝတ်စနဲ့ပွတ်တိုက်ခြင်းက မီးပူရဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးနိုင်ပါတယ်ဆားဒီနည်းလမ်းလေးပြုလုပ်ဖို့အတွက်မီးပူကိုမီးဖွင့်ထားဖို့လိုအပ်ပါတယ်

စာရွက်တစ်ရွက်ပေါ်ကိုဆားတော်တော်များများ လောင်းချလိုက်ပြီးအပေါ်ကနေမီးပူနဲ့တိုက်ပေးရမှာဖြစ်ပါတယ်အကြိမ်ရေအနည်းငယ်လောက်ပွတ်တိုက်ပြီးရင်တော့မီးပူကိုပလပ်ဖြုတ်ပြီးအအေးခံထားလိုက်ပါ။

အေးသွားတဲ့အခါမှာမီးပူမှာကပ်ကျန်ခဲ့တဲ့ဆားတွေကို ခြောက်သွေ့တဲ့အဝတ်စနဲ့ဖယ်ရှားပေးရမှာ ဖြစ်ပြီးမီးပူမှာကပ်ကျန်နေတဲ့ဂျီးတွေပြောင်သွားတာကို တွေ့ရမှာဖြစ်ပါတယ်
credit

Leave a Reply

Your email address will not be published.