“အိမ်မှာလုပ်ပြီး သိမ်းထားနိုင်တဲ့အပြင် စီးပွားဖြစ်ပါ လုပ်ရောင်းနိုင်မယ့် သရက်သီးသနပ် ပြုလုပ်နည်း”

သရက်သီးအစိမ်း (မချစ်စုပိုကောင်း) အစေ့ယှက်ခါနီးကိုထိပ်ဖြတ်ပြီး အစေးထွက်အောင် တစ်နာရီလောက် ရေစိမ်ထားပါ

#ရေစစ်ပြီး လက်မထိပ်လောက်အတုံးလေးတွေတုံးပါ
#ဆားနဲ့နယ်ပြီး တစ်ညအိပ်ထားပါ..
#ဆယ်ယူပြီး တစ်နေလှမ်းပါ

#ကျန်တဲ့အရည်ထဲကြက်သွန်ဖြူခွာထားတာစိမ်ထားပါ..
#မဆလာအတွက် ဇီယာ စမုန်စပါး နံနံစေ့ နဲ့ပဲနံ့သာစေ့တို့ကို သီးခြားစီလှော်ပြီးကြိတ်ပါ

#မုန်ညှင်းစေ့ကို လှော်ထားပါ..
#ဆီပူအောင်တည်ပြီးနနွင်းမှုန့်နဲ့ငရုတ်သီးအစိမ်းမှုန့်နည်းနည်းကို ကျက်ရုံဆီသတ် အအေးခံထားပါ

#တစ်နေလှမ်းပြီးသားသရက်သီးထဲ ကြိတ်ထားတဲ့မဆလာ ၊ ငရုတ်သီးအစိမ်းမှုန့်၊ သကြား၊မုန်ညှင်းစေ့လှော်တို့ထည့်ပြီးသမအောင် အရသာဝင်အောင်နယ်ပေးပါ.. ကြက်သွန်ဖြူထည့်ပါ

#ခြောက်သွေ့တဲ့ပုလင်းထဲကိုဖိထည့်ပါ အအေးခံထားတဲ့ဆီကျက်ကို သရက်သီးတွေထဲစိမ့်ဝင်အောင် သရက်သီးမြုပ်အောင်ထည့်ပါ

#သရက်သီးသနပ်ပုလင်းကို နေ ၄-၅ လောက်ပြပြီးရင်စားလို့ရပါပြီ..

လုပ်နည်းတွေကတချို့ကွဲပြား တာလေးတွေရှိပါတယ် ကိုယ်တိုင်လည်း ကိုယ်နဲ့အဆင်ပြေမယ်ထင်တဲ့နည်းလေးတွေကိုပေါင်းစပ်ပြီးလုပ်ကြည့်ရင်းအဆင်ပြေသလိုရှိသွားတာပါ..

ဝါသနာအရ လေ့လာသင်ယူဆဲပါရှင့်.. သရက်သီးအစိမ်းသနပ်လုပ်ဖို့စိတ်ဝင်စားတဲ့စားချက်မောင်နှတွေအားလုံး သရက်သီးသနပ်လုပ်ရင်း အဆင်ပြေ ပျော်ရွှင်ကြပါစေ
credit
zawgyi

သရက္သီးအစိမ္း (မခ်စ္စုပိုေကာင္း) အေစ့ယွက္ခါနီးကိုထိပ္ျဖတ္ၿပီး အေစးထြက္ေအာင္ တစ္နာရီေလာက္ ေရစိမ္ထားပါ

#ေရစစ္ၿပီး လက္မထိပ္ေလာက္အတုံးေလးေတြတုံးပါ
#ဆားနဲ႕နယ္ၿပီး တစ္ညအိပ္ထားပါ..
#ဆယ္ယူၿပီး တစ္ေနလွမ္းပါ

#က်န္တဲ့အရည္ထဲၾကက္သြန္ျဖဴခြာထားတာစိမ္ထားပါ..
#မဆလာအတြက္ ဇီယာ စမုန္စပါး နံနံေစ့ နဲ႕ပဲနံ႕သာေစ့တို႔ကို သီးျခားစီေလွာ္ၿပီးႀကိတ္ပါ

#မုန္ညွင္းေစ့ကို ေလွာ္ထားပါ..
#ဆီပူေအာင္တည္ၿပီးနႏြင္းမႈန့္နဲ႕င႐ုတ္သီးအစိမ္းမႈန့္နည္းနည္းကို က်က္႐ုံဆီသတ္ အေအးခံထားပါ

#တစ္ေနလွမ္းၿပီးသားသရက္သီးထဲ ႀကိတ္ထားတဲ့မဆလာ ၊ င႐ုတ္သီးအစိမ္းမႈန့္၊ သၾကား၊မုန္ညွင္းေစ့ေလွာ္တို႔ထည့္ၿပီးသမေအာင္ အရသာဝင္ေအာင္နယ္ေပးပါ.. ၾကက္သြန္ျဖဴထည့္ပါ

#ေျခာက္ေသြ႕တဲ့ပုလင္းထဲကိုဖိထည့္ပါ အေအးခံထားတဲ့ဆီက်က္ကို သရက္သီးေတြထဲစိမ့္ဝင္ေအာင္ သရက္သီးျမဳပ္ေအာင္ထည့္ပါ

#သရက္သီးသနပ္ပုလင္းကို ေန ၄-၅ ေလာက္ျပၿပီးရင္စားလို႔ရပါၿပီ..

လုပ္နည္းေတြကတခ်ိဳ႕ကြဲျပား တာေလးေတြရွိပါတယ္ ကိုယ္တိုင္လည္း ကိုယ္နဲ႕အဆင္ေျပမယ္ထင္တဲ့နည္းေလးေတြကိုေပါင္းစပ္ၿပီးလုပ္ၾကည့္ရင္းအဆင္ေျပသလိုရွိသြားတာပါ..

ဝါသနာအရ ေလ့လာသင္ယူဆဲပါရွင့္.. သရက္သီးအစိမ္းသနပ္လုပ္ဖို႔စိတ္ဝင္စားတဲ့စားခ်က္ေမာင္ႏွေတြအားလုံး သရက္သီးသနပ္လုပ္ရင္း အဆင္ေျပ ေပ်ာ္႐ႊင္ၾကပါေစ
credit

Leave a Reply

Your email address will not be published.