နိုင်ပွဲရှာပြီး Middle Weight တန်းချန်ပီယံ ခါးပတ်ကို အရယူချင်နေတဲ့ အောင်လ !!

Posted by

အောင်လအန်ဆန်းက အမေရိကန်မှာကျင်းပမဲ့
ပွဲအတွက် လိုအပ်တာတွေပြင်ဆင်လေ့ကျင့်နေခဲ့
သလို ဖန်ရောင်ရဲ့ နည်းစနစ်တွေကိုလည်း လေ့လာထားပြီးပါပြီ။

အရင်ကတည်းက One Championship ဘက်ကဖန်ရောင်နဲ့ ပွဲတည်ဖို့စီစဉ်ခဲ့ဖူးတယ်လို့ ဆိုထားပြီးအဲဒိပွဲမှာလည်း ပွဲပျက်ခဲ့လို့ လီအန်ဒရိုအတိုင်ဒီနဲ့အစားထိုးပြီး ထိုးသတ်ခဲ့ရတယ်လို့ဖွင့်ဟထားပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေ အမေရိကန်မှာ သူ့ရဲ့
စွမ်းဆောင်ရည်တွေချပြချင်နေတဲ့ အောင်လကတော့နိုင်ပွဲရှာပြီး ချန်ပီယံခါးပတ်စိန်ခေါ်ပွဲထိုးခွင့်ရဖို့အစွမ်းကုန်ကြိုးစားလာဖို့ရှိနေပါတယ်။

အောင်လဟာ အမေရိကန်မှာကျင်းပမဲ့ပွဲမှာချန်ပီယံခါးပတ်ကို‌စိန်ခေါ်ခွင့်ရအောင်စွမ်းဆောင်သွားနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပါ ပရိတ်ကြီးလဲ အားပေးဖို့အဆင်သင့်ပဲလားဗျ။