နာကျင်မှု့လုံးဝမရှိပဲချိုင်းမွေးများခဏခဏနုတ်စရာမလိုရိတ်စရာမလိုတဲ့နည်းလမ်း

Posted by

ချိုင်းမွေးခဏခဏနုတ်ရတာအဆင်မပြေတဲ့အပြင်အရမ်းလည်းနာတယ်ပြီးတော့

ချိုင်းကြာအသားအရေလည်းပျက်စီးလို့စိတ်ညစ်နေသူတွေအတွက်နည်းလမ်းကောင်းကိုမျှဝေပေးမယ်နော်

၁။၂မိနစ်အတွင်းချိုင်းမွေးကိုဖယ်ရှားမယ်ပါဝင်ပစ္စည်းသကြား၂ ခွက် သံပုယိုရည် ခွက်၁/၄ပုံ ရေ ခွက်၁/၄ပုံ ပျားရည် ခွက်၁/၄ပုံ

ပြင်ဆင်ခြင်းနဲ့အသုံးပြုခြင်းအိုးအသေးတစ်လုံးထဲကိုရေထည့်လိုက်ပြီးဆူအောင်တည်လိုက်ပါ

ပြီးရင်တခြားပါဝင်ပစ္စည်းတွေထည့်ပြီးသေချာမွှေလိုက်ပါပြီးရင်အပူချိန်ကိုလျှော့လိုက်ပြီးနာရီဝက်လောက်ထပ်ပြီးသည်ထားလိုက်ပါ

ပွက်ပွက်ဆူနေတဲ့ပါဝင်ပစ္စည်းတွေကညိုလာပြီးပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်မီးဖိုပေါ်ကချပြီးအအေးခံပါပြီးရင်

ချိုင်းကြားအသားအရေကိုရေသေချာဆေးပြီးခြောက်အောင်သုတ်လိုက်ပါပြီးရင်Baby Powderလိမ်ပေးလိုက်ပါ

အဲဒီနောက်စောစောကကျိုထားတဲ့အရည်ကိုချိုင်းအောက်မှာလိမ်းပေးလိုက်ပြီးခြောက်အောင်ထားပါခြောက်သွားပြီဆိုရင်ခွာချလိုက်ပါ

ခပ်မြန်မြန်လေးခွာချလိုက်ပါနော်မဟုတ်ရင်ချိုင်းမွှေးမကျွတ်ဘဲ ဖြစ်နေမှာစိုးလို့ပါပြီးရင်ရေသေချာပြန်ဆေးပြီးခြောက်အောင်သုတ်လိုက်ပါ

အဲဒီနောက်ခရင်မ်တမျိုးမျိုးလိမ်းပေးထားလိုက်ပါဒီနည်းလမ်းနဲ့တခြားခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေကိုလည်း ဖယ်ရှားပေးလို့ရပါတယ်

၂။ကြက်ဥနဲ့ ကော်မှုန့်ကြက်ဥနဲ့ ကော်မှုန့်ကိုလည်းအသုံးပြုနိုင်ပါတယ် ကြက်ဥအကာစားပွဲတင်ဇွန်း၁ဇွန်း နဲ့ ကော်မှုန့်စားပွဲတင်ဇွန်းတစ်ဝက်ရောပြီးထည့်လိုက်ပါ

ပြီးရင်ချိုင်းသားကိုသေချာရေဆေးခြောက်အောင်သုတ်ပြီးလိမ်းပေးလိုက်ပါပြီးရင်ခြောက်အောင်ထားပြီးရေနွေးနဲ့ဆေးချပါချက်ချင်းမသိသာပေမယ့်ဖြည်းဖြည်းချင်းသိသာလာမှာပါ