ပုစွန်တုပ်ကြိုက်သူများ သတိထားကြပါ။ ပိုးသတ်ဆေးတွေ သုးပြီး ပုစွန်တုပ်ဖမ်းနေကြတာတဲ့… မယုံမရှိကြပါနဲ့၊ မြန်မာတနိုင်ငံလုံးနီးပါး တနိုင်တပိုင် မြစ်ချောင်းထဲမှပိုးသတ်ဆေးသုံးပြီး ပုစွန်ဖမ်းနေကြတာ…
ပုံပါစိုက်ပျိူ:ရေးသုံး ရွက်ဖျန်းပိုးသတ်ဆေးကို ရေ သဲတို့ဖြင့်စပ်ဖျော်ပြီး ပုစွန်ရှိရာ ပွက်ရာ ရေထဲ ချလိုက်ပါတယ် နာရီဝက် ၁ နာရီလောက် စောင့်ပါ။
ပုစွန်တုပ်လေးတွေ ပုစွန်တုပ်ကြီးတွေ ရေပေါ် ပေါလော ပေါ်လာပါလေရော၊ ပုစွန်တုပ်ကြီးတွေ မူးဝေနေတဲ့အချိန် ရေပုံးလေးထဲထည့်ပြီး နီးစပ်ရာ ဈေးမှ
ရောင်းကဝယ်သူကလဲ လတ်လတ်ဆတ်ဆတ်ရတယ်ဆိုပြီး နေ့ချင်း ချက်စား၊ ပိုးသတ်ဆေးကြွင်းတွေကဗိုက်ထဲရောက်နဲ့ ဒီလူတွေမှကင်ဆာမဖြစ်ရင်ဘယ်သူတွေ ဖြစ်တော့မလဲဗျာ။
အပင်တောင်မှ ဆေးဖျန်းပြီးတပတ်နေမှ ခူးဆွတ်ခွင့် ရှိတယ်။ ဆေးကြွင်းကုန်အောင်လို့ပုစွန်ကဒီနေ့ဖမ်း ဒီနေ့ရောင်းဒီနေ့ဝယ်ဒီနေ့ချက်စားကြတာ။
သမာအာဇီဝအလုပ်တွေရှားလာလေလူတွေအသက်တိုလေ ရောဂါထူလေ။(Ben Defra)အထက်ပါ ပိုးသတ်ဆေးကိုကိုင်တွယ်မိခြင်း၊
စားသုံးမိခြင်းတို့ ပြုလုပ်မိပါကအရေပြားနဲ့မျက်လုံးများယားယံခြင်း၊ထုံကျင်ခြင်း၊ ပူလောင်ခြင်းများခံစားရနိုင်ပြီး အများအပြား ထိမိစားသုံးမိပါက
ဆီးမထိန်းနိုင်ခြင်း၊ တက်ခြင်းနှင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်တယ်လို့သိရပါတယ်။
Crd