ရေမွန်ကွယ်လွန်ခြင်း(၁) နှစ်ပြည့်အတွက် မျိုးဆက်သစ်မိဘမဲ့ဂေဟာမှာ အလှူငွေများလှူဒါန်းပေးခဲ့တဲ့ ရေမွန့်ရဲ့ချစ်သူ Katherine

အဆိုတော်ရေမွန်ကတော့ လူကြီး၊ လူငယ် ၊လူလတ်ပိုင်း အားလုံး ကြိုက် နှစ်သက် အားပေးရတဲ့ အဆိုတော်တယောက်ပါ။

အောင်မြင်မှုတွေ ရှိနေတဲ့ အနုပညာရှင်တယောက်ဖြစ်ပေမဲ့ အောင်မြင်မှုကို ကြာရှည်မခံစားလိုက်ရဘဲ ပြီးခဲ့တဲ့ ဇွန်လ(၂၃)ရက်နေ့က ကွယ်လွန်သွားခဲ့တာဘဲ ဖြစ်ပါတယ်။

အဆိုတော်ရေမွန်ကတော့ နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူဘက်ကရပ်တည်ခဲ့ပြီး အမှန်တရားကိုမြတ်နိုးတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ရေမွန်ကွယ်လွန်ခဲ့တာဟာ ဒီကနေ့ ဇွန်လ (၂၃) ရက်နေ့မှာ တစ်နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပြီး ရေမွန့်ကိုချစ်တဲ့ မိသားစုဝင်တွေနဲ့ သူ့ရဲ့ပရိသတ်တွေက ရေမွန့်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးနေလျက်ရှိတာကို တွေ့ရပါတယ်။

ရေမွန့်ရဲ့ချစ်သူဖြစ်တဲ့ Katherine ကလည်း ဒီကနေ့ကျရောက်တဲ့ ရေမွန်ကွယ်လွန်ခြင်းတစ်နှစ်ပြည့်အမှတ်တရအဖြစ် မျိုးဆက်သစ် မိဘမေတ္တာ ပရဟိတ မိဘမဲ့ကျောင်းမှ သားသားမီးမီးများအတွက် နေ့လည်စာအဟာရဒါန အလှူငွေ (2)သိန်းကျပ်ကို kpayမှတဆင့်ပေးပို့လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ရေမွန့်ရဲ့ချစ်သူ Katherine ကတော့ ရေမွန်ကွယ်လွန်ပြီးနောက်ပိုင်း ရေမွန်ရဲ့မိသားစုဝင်တွေနဲ့ ပြဿနာတွေဖြစ်ခဲ့ရသလို ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ပြင်းပြင်းထန်ထန်ခံခဲ့ရတာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီကနေ့မှာတော့ ရေမွန့်အတွက်ကိုတော့ ချစ်သူတစ်ယောက်အနေနဲ့ သတိရခြင်းများစွာနဲ့ ကုသိုလ်တွေပြုပေးခဲ့တာ ရေမွန်တစ်ယောက် ကြားသိနိုင်ပြီး သာဓုခေါ်ဆိုနေမယ်ထင်ပါတယ်နော်။
credit

Leave a Reply

Your email address will not be published.