အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာလည်းရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ သခွားသီးသုပ်လေး သုပ်စားရအောင်ပါ။
သခွားသီးက ရေဓာတ်လည်းကြွယ်ဝတယ်။ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး စားတဲ့အခါမှာလည်း ခံတွင်းရှင်းစေလို့ စာဖတ်သူတို့ကို ထမင်းစားမြိန်စေမှာပါ။
ပါဝင်ပစ္စည်း
သခွားသီး ၁ လုံး
ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ခရမ်းချဉ်သီး ၁ လုံး
ငရုတ်သီးတောင့် ၂ တောင့်
ငံပြာရည်အကြည် အနည်းငယ်
ဆားအနည်းငယ်
ငရုတ်ကောင်းအနည်းငယ်
သံပရာရည် အနည်းငယ်
ကြက်သွန်နီအနည်းငယ် (မထည့်လည်းရပါတယ်)
Onion and Garlic
ကြက်သွန်ဖြူ ၁ မွှာ
မြေပဲ (ကြိုက်ရင်ထည့်ပါ)
ပြုလုပ်နည်း
အရင်ဆုံးသခွားသီးတွေကို ခပ်ပါးပါးလေး လှီးလိုက်ပါ။ ခြစ်ရင်လည်းရပါတယ်။ ဒီမှာတော့ လှီးထားပါတယ်နော်။
ပြီးရင် ခရမ်းချဉ်သီး၊ ငရုတ်သီး နဲ့ ကြက်သွန်နီကိုလည်းခပ်ပါးပါးလေးလှီးလိုက်ပါ။ ကြက်သွန်ဖြူနဲ့ မြေပဲကို လှော်ပြီးထောင်းလိုက်ပါ။
ပြီးရင်တော့ သခွားသီး၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ဆီ၊ ဆား၊ ငံပြာရည်၊ မြေပဲထောင်း၊ ငရုတ်ကောင်း စတာတွေကို ရောပြီးနှယ်ပေးလိုက်ပါ။
ပြီးရင်ပန်းကန်ထဲထည့်ပြီးသုံးဆောင်နိုင်ပါပြီနော်။
credit