လုံးဝလျှပ်စစ်လို အင်ဂျင် မလို ဘဲ အလို လို ရေတင်နည်းလေးမျှဝေပေးလို က်ပါတယ်

ရေ တွင်း ရေကန်ကရေကိုခပ်စရာမလို စုပ်ယူစရာစက်ပစ္စည်းမလိုဘဲ သဘာဝနည်းနဲ့ သုံးရေရယူ စိုက်ခင်းရေဖြန်း ၂၄ နာရီရေတက်နေတဲ့နည်းလမ်းလေးဖြစ်ပါတယ်၊၊ရိပ်သာထဲရှိ စိမ့်ရေတွင်းထဲကရေကို လုမ္ပနီဥယျာဉ်စိုက်ခင်းအတွက် အလိုအလျောက်ရေတင်နိုင်အောင် စမ်းသပ်ရန်Youtube မှလေ့လာရှာဖွေထားတာပါ၊၊

နည်းပညာကို အားလုံးစမ်းသပ်အသုံးပြုနိုင်ကြစေဖို့ မျှဝေလိုက်ပါတယ်၊၊လေလုံတဲ့သံတိုင်ကီရယ်၊ ပလပ်စတစ်ရေပိုက်နဲ့ ပိုက်ဆက်ပစ္စည်း ရေဘားတွေရယ်၊ ရေစင် ဒီလောက်ပဲလိုပါတယ်၊၊

ပုံမှာပြထားတဲ့အတိုင်း ဉာဏ်ရှိသလိုတပ်ဆင်နိုင်ပါတယ်၊၊အရေးကြီးတာက ရေကန်ကလာတဲ့အဝင်ပိုက်ကအလုံးသေးပြီး အပေါ်ဖက်ကတပ်ရပါမယ်၊၊

ရေထွက်ပိုက်က နည်းနည်းလုံးပတ်ကြီးပြီး တိုင်ကီအောက်ဖက်ကထွက်ရမယ်၊၊

တပ်ဆင်ပြီးရင်တိုင်ကီထဲရေပြည့်အောင်ထည့်ပါ၊ အောက်ကပိုက်ထဲလည်းရေပြည့်နေပါစေ၊ ရေဘားနဲ့ထိန်းထားပါ၊ရေကန်ထဲချထားတဲ့ရေပိုက်နဲ့ တိုင်ကီထဲရေပြည့်အောင်ရေချူဘားကနေရေဖြည့်ပါ၊၊

ကန်ထဲကပိုက်အဖျားမှာ ရေထိန်းအောင်ဘီလူးခေါင်းတပ်ထားပါ၊၊တိုင်ကီအောက်ဖက်က ရေပိုက်ဘားဖွင့်လိုက်ရင် တိုင်ကီထဲကရေပမာဏဖိအားကြောင့် ကန်ထဲကရေကိုစုပ်ယူပြီးတိုင်ကီထဲကို ရေတွေအပေါ်ကကျလာစေပါတယ်၊၊

ရေသွယ်တန်းပိုက်တစ်လျောက်ရေဖိအားပိုများဖို့ ပိုက်လုံးအထောင်လေးတွေတပ်ထားရင် ရေပိုသွက်တယ်လို့ဆိုပါတယ်၊၊ထိုင်းမှာသုံးနေတဲ့နည်းပညာပါ၊၊

ရေသန့်ဗူးလေးနဲ့စမ်းတာတော့ အဆင်ပြေပါတယ်၊၊လောင်စာချွေတာ ပတ်ဝန်းကျင်လည်းထိန်းသိမ်းပြီးသားအဆင်ပြေကြပါစေ။
credit

Leave a Reply

Your email address will not be published.