ကြာချိန် ၃ နာရီဖြင့်Passport ကို ရန်ကုန်ရုံးတွင် ကိုယ်တိုင်လျှောက်ရန်

ရန်ကုန်ရုံးတွင်Passportကိုယ်တိုင်လျှောက်ရန်… ကြာချိန်… ၃ နာရီ… ကုန်ကျငွေ… ၂၇၀၀၀ကျပ်။

Online Booking ရယူရန်… ပွဲစားတွေလည်းအရမ်းများတဲ့အတွက် Booking အပြည့်မြန်ပါတယ်။

Today dateကနေ နောက် နှစ်ပတ်လောက်အထိ Booking အမြဲပြည့်နေတတ်လို့ တတ်နိုင်သမျှ ကြိုယူထားတာ အကောင်းဆုံးပါ။ https://www.passport.gov.mm/ အချိန်၊ နေ့ရက် လိုအပ်တဲ့အချက်အလက်များမှန်ကန်အောင်ဖြည့်ပါ။

ပြင်ဆင်ထားရမည့် စာရွက်စာတမ်းများ… သန်းခေါင်စာရင်း မူရင်း နဲ့ မိတ္တူ ၂ စုံ၊ မှတ်ပုံတင် မူရင်း နဲ့ မိတ္တူ ၂ စုံ၊ Booking Appointment QR code (ဖုန်းနဲ့ QR ပုံ ရိုက်ထားလည်းရ၊ စာရွက်ထုတ်သွားလည်း ရပါတယ်)

သက်တမ်းတိုး၊ အမျိုးအစားပြောင်းသူများက Passport အဟောင်း မူရင်း။ PJ passport လျှောက်ထားလိုသူများ Labor Card ပြင်ဆင် ထားရန်။

Passport ရုံးထဲရောက်ဖို့အတွက် အဆင့်(၃)ဆင့်ဖြတ်ရပါမယ်…

Booking QR နှင့် မှတ်ပုံတင် မူရင်းပြ၍ ဝင်းအတွင်း ဝင်ရန်။ အစစ်ဆေးခံရန်။ QR Scan ဖတ်၍ ရုံအတွင်း ဝင်ရန်။

စာရွက်စာတမ်း၊ ဖုန်း၊ ပိုက်ဆံအိတ်အသေးက လွဲ၍ အခြားလွယ်အိတ်၊ ပိုက်ဆံအိတ် အကြီး၊ ထီး၊ ဦးထုပ် စတဲ့… ပစ္စည်းများ ဘာမှ ယူသွားလို့ မရပါဘူး။

သွားတဲ့အချိန်ပေါ် မူတည်ပြီး ရုံအတွင်းရောက်ဖို့ အကြာကြီး တန်းစီရတတ်ပါတယ်။ ခန့်မှန်းခြေ (၁)နာရီ ဝန်းကျင်။ မိမိ Booking ရထားသော အချိန်၏ နာရီဝက်မတိုင်ခင် အရောက်သွားပါ။

ရုံအတွင်းရောက်လျှင်… လဝက စစ်ဆေးခြင်း… ကောင်တာတစ်ခုတွင် တန်းစီပြီး ကိုယ့်အလှည့်ရောက်ပါက… ပါလာတဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင် မူရင်း၊ မိတ္တူကိုပေးပြီး ပြုံးပြပါ။ မေးတာဖြေပါ။

ရုံအနောက်ဘက်သို့ သွားခွင့်ပြုပါက သွားပြီ…း စစ်ဆေးပြီးကြောင်း တံဆိပ်ထုထားသော စာရွက်ယူပါ။ စစ်ဆေးခြင်းအတွက် ၂၀၀၀ကျပ် ပေးရပါမယ်။

Passport စတင်လျှောက်ထားရန်…

အဆင့်(၁) Form ဖြည့်ခြင်း

အခန်းထဲမဝင်ခင် ဝင်လာခဲ့တဲ့ဘက်ကို ပြန်ထွက်လာပြီး ဝင်ဝင်ခြင်း ရုံအတွင်း TV အောက်တည့်တည့်ရှိစားပွဲတွင်ထိုင်နေသောတာဝန်ခံဆီမှ Form စာရွက်တစ်ရွက်တောင်းပါ။

(သူများတွေက ၁၀၀၀ ပေးရတယ်ပြောတယ် ကျွန်တော်က ဒီတိုင်းတောင်းလာခဲ့တယ်)။ လိုအပ်တဲ့အချက်အလက်များပြည့်စုံမှန်ကန်စွာဖြည့်ပါ။

အဆင့်(၂) ငွေသွင်းခြင်း

လဝက က ပြန်ပေးလိုက်တဲ့စာရွက်စာတမ်းတွေကိုကိုင်ပြီး ရုံအတွင်းရှိမြန်မာ့စီးပွါးရေးဘဏ်တွင် ငွေသွင်းပါ။ ၂၅၀၀၀ ကျပ်။

ဘဏ်ကနေ ငွေသွင်းပြီးကြောင်းစာရွက်ကို တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီး ပြန်ပေးပါတယ်။ စောင့်ရတာ ကြာပါတယ်။ ရေလေးသောက်ပြီး စိတ်ရှည်လက်ရှည်ထိုင်စောင့်နေပါ။

အဆင့်(၃) ဓါတ်ပုံရိုက်ခြင်း၊ စာအုပ်ထုတ်ရန် slip ရခြင်း။

နောက်ဆုံးအဆင့်ပါ။ အခြေအနေကြည့်ပြီး မြန်မြန်ပြီးမယ်ထင်ရတဲ့ အခန်း တစ်ခုခုအရှေ့မှာတန်းစီပါ။ ကိုယ့်အလှည့်ရောက်ပါက စာရွက်စာတမ်း မူရင်း၊ မိတ္တူများပြ၍ ဓါတ်ပုံအရိုက်ခံ၊ လက်ဗွေနှိပ်၊ လက်မှတ်ထိုးပါ။

Slipတစ်ခါတည်းယူသွားမည်ဖြစ်ကြောင်းပြော၍ ထုတ်ယူပါ။ ပြုံးပြပါ။ Slipရလျှင် နာမည်နှင့်အချက်အလက်များမှန်ကန်ကြောင်းစစ်ဆေးပြီး ယူခဲ့ပါ။

နောက်ဆယ်ရက်နေလျှင်စာအုပ်သွားထုတ်၍ ရပါပြီ။ ပွဲစားနဲ့ဆိုလည်း အပေါ်ကအဆင့်တွေအကုန်လုံးက ကိုယ်တိုင်းတန်းစီလုပ်ရတာပဲဆိုတော့ အတူတူပါပဲ။ Booking appointment လေးပဲ ကြိုယူထားပါ။

ဘယ်သူမှမကြောက်နဲ့၊ လိုအပ်တာပြည့်ပြည့်စုံစုံယူသွားပြီး မသိတာရှိရင် ပြုံးပြီးမေး။ အချို့က ဓါတ်ပုံရိုက်တာ ၅၀၀၀၊ form ကြေး ၁၀၀၀ စတာတွေလည်းပေးရတယ်ပြောတယ်။ တောင်းရင်တော့ မနှမြောပဲပေးခဲ့ပါ။ ကျွန်တော်ကတော့ မပေးခဲ့ရလို့ပါ။ အဆင်ပြေကြပါစေ…။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published.