၁။ အညှာဖျားကိုကြည့်။အဆစ်ထိပ်ညီနေရင် ကြွေသီး။အညှာထိပ် မညီမညာဆိုရင် ထိုးသီး။
(ကြွေသီးကပင်မှည့်သီးမို့ပိုကောင်းပါတယ်။)
၂။ အခွံနဲ့ဆူးကိုကြည့်။အရောင် ဝင်းတောက်/စိမ်းညို့နေမှရင့်။ဆူးကြဲ ညီညာလှပနေမှ ကောင်းပါတယ်။
၃။ ဒူးရင်းသီးမှာလေးတဲ့အသီးအစေ့ကြီး အသားပါးပြီးပေါ့တဲ့အသီး အစေ့သေး အသားထူတာပါ။အခြားအသီးတွေနဲ့ မတူတဲ့အချက်လေး။
၄။ အသီးအောက်ပိုင်းအခွံတွေ ညိုနေရင်/ပုတ်နေရင် မယူပါနဲ့နော်။
၅။ ဒူးရင်းသီးကောင်းတလုံးရဲ့ဆူးတွေဟာတိုနေရပါမယ်။
ဒူးရင်းသီးရဲ့ ဆူးလိုင်းတွေဟာ ကျဲနေရပါမယ်။ဒူးရင်းသီးရဲ့ အညှာဟာ ဖြောင့်တန်းနေရပါမယ်။
၆။ အနံ့မွှေးနေမှအရသာကောင်းပါတယ်။အနံ့မမွှေးရင် နုပြီးမမှည့်တာတွေဖြစ်တတ်ပါတယ်။
၇။ မှည့်/မမှည့်သိချင်ရင်လက်သဲနဲ့ ဆူးဖျားလေးနှစ်ခုကိုပူးညှစ်ကြည့်ပါ။ပူးညှစ်လို့ရရင်မှည့်ပါပြီ ။
၈။ အသီးကိုဒါးလေးနဲ့လည်းရိုက်ကြည့်လို့ရပါတယ်။အုံသံကလေးပါမှ မှည့်ပါတယ်။အသံမထွက် နေရင်စိမ်းနေပါသေးတယ်နော်။
၉။ ဒူးရင်းသီးကိုနမ်းကြည့်ပြီး လည်းမှည့်မမှည့် သိနိုင်ပါတယ်။
အနံ့လှိုင်လှိုင်မွှေးနေပြီဆိုရင်အသင့်စားလို့ရနေပြီဆိုတာ သိနိုင်ပါတယ်။
၁၀။ ဒူးရင်းသီးကို လှုပ်ခါကြည့်ရင်လည်းမှည့်မမှည့်သိနိုင်ပါတယ်။မှည့် နေပြီဖြစ်တဲ့ ဒူးရင်းသီးဟာအတွင်းကအဆံဟာ မသိမသာလေး ချောင်နေတာကိုသိထားရပါမယ်။
ဒီအချက်လေးတွေနဲ့ဒူးရင်းသီးကောင်းကောင်းတလုံးရွေးချယ်ဝယ်ယူနိုင်ပါပြီ။
#Credit