အစားမှားတာ၊ အစာနဲ့ ဓာတ်မတည့်တာစတဲ့ အကြောင်းတွေကြောင့် ဝမ်းပျက်ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတဲ့အခါ ရေဓာတ် ခမ်းခြောက်တာ၊ ဗိုက်နာတာနဲ့ အိမ်သာမကြာခဏသွားနေရတာ စတာတွေ ဖြစ်တတ်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောနေချိန် လုပ်ဆောင်သင့်တဲ့ သဘာဝ ဆေးနည်းတွေကို မျှဝေလိုက်ပါတယ်။
သဘာဝ ဆေးနည်း (၁)
ချင်း(ဂျင်း)- ဝမ်းပျက်ဝမ်းလျှောတဲ့အခါ သင်ကြိုးစားကြည့်သင့်တဲ့ သဘာဝအိမ်တွင်းကုထုံးတစ်ခုက ချင်း(ဂျင်း)ပဲ ဖြစ်ပါတယ်။ အစာအဆိပ်သင့်တာကိုကုသနိုင်ပြီး ဗိုက်အောင့်တဲ့ဝေဒနာကို သက်သာစေပါတယ်။
ချင်းတက်ကို ရေစင်အောင်ဆေးပြီး ကြိတ်ချေကာ ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်နဲ့ ရောမွှေပြီး သောက်ရပါမယ်။ ဒီလိုသောက်လိုက်ရင် ခန္ဓာကိုယ်ထဲကအစာခြေအက်စစ်ထွက်စေပြီးအစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ ပြီးရင် ရေသောက်ပေးပါ။
သဘာဝ ဆေးနည်း (၂)
ပန်းသီးရှလကာရည်- ပန်းသီးရှလကာရည်မှာ ပဋိဇီဝပိုးသတ်ဆေးအစွမ်းရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှောတာကို အမြန်ဆုံးသက်သာစေပါတယ်။ ပန်းသီးရှလကာရည်မှာပါတဲ့ ပက်တင်ဓာတ်ကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာပြီး အနားရစေပါတယ်။
ရေတစ်ဖန်ခွက်ထဲ ပန်းသီးရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်းထည့်မွှေကာ သောက်ပေးရင် ဝမ်းပျက်ဝမ်းလျှောဝေဒနာကို သက်သာစေပါတယ်။
သဘာဝ ဆေးနည်း (၃)
ငှက်ပျောသီး- ငှက်ပျောသီးမှည့်မှာပါဝင်တဲ့ ပက်တင်ဓာတ်ကြောင့် ဝမ်းပျက်ဝမ်းလျှောတဲ့ ဝေဒနာကိုသက်သာစေပါတယ်။ ပက်တင်ဓာတ်ကအစာ အိမ်နဲ့ အူလမ်းကြောင်း ဝေဒနာကို သက်သာစေပါတယ်။
ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်က ကိုယ်တွင်းဓာတ်ဆားတွေကို ပြန်ဖြည့်ပေးနိုင်ပြီး ရေဓာတ်ခမ်းခြောက်မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
သဘာဝ ဆေးနည်း (၄)
သစ်ကြံပိုးခေါက်နှင့် ငရုတ်ကောင်း- သစ်ကြံပိုးခေါက်မှုန့်လက်ဖက်စားဇွန်း လေးပုံတစ်ပုံ၊ ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ကို ရေအကြမ်းပန်းကန် လုံးနှစ်ခွက်ထဲထည့်ပြီး အပူအနည်းငယ်ပေးပါ။
မွှေပြီး မိနစ် ၂၀ လောက် အအေးခံထားပါ။ နာရီဝက် တစ်ခါလောက် အနည်းငယ်သောက်ပေးရင် ဝမ်းပျက်ဝမ်းလျှောတဲ့ ဝေဒနာသက်သာစေပါတယ်။
သဘာဝ ဆေးနည်း (၅)
ဒိန်ချဉ်- ဒိန်ချဉ်မှာပါတဲ့ အကျိုးပြုဘက်တီးရီးယားက အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းပျက်ဝမ်းလျှောတာကိုသက်သာစေပါတယ်။
ဒိန်ချဉ်ထဲ ငှက်ပျောသီးစိတ်တွေကို ပါးပါးလှီးထည့်ကာ သောက်ပေးရင် ဝမ်းပျက်ဝမ်းလျှောဝေဒနာ ကင်းစင်စေပါတယ်။
credit