ရုပ်ရှင်တွေထဲကလို နှင်းတွေ ကျတဲ့ မြို့လေး မြန်မာနိုင်ငံမှာရှိတယ်ဆိုတာ သိပြီးပြီလား

ကချင်ပြည်နယ် ပန်ဝါမြို့သွားမည့်လမ်းကြောင်းကို မေးမြန်းတဲ့သူတွေများလာတဲ့အတွက်တင်ပေးလိုက်ပါတယ် အဆင်ပြေကြပါစေခင်ဗျ

တည်နေရာ – ဒီမြို့လေးရဲ့တည်နေရာကို google map မှာခေါက်ကြည့်ရင် လတ္တီကျု (၂၅)ဒီဂရီ၊ (၅၉)မိနစ်၊ လောင်ဂျီကျု (၉၈)ဒီဂရီ၊ (၂၀)မိနစ်,မှာတည်ရှိပီး၊ မြန်မာနိုင်ငံ မြေပုံအရတော့ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၊ ပန်ဝါမြို့လေးပါ။

ဒီပန်ဝါ မြို့လေးက ဧရိယာစတုရန်းမိုင် ၁၃၅၅ လောက် မိုင်ကျယ်ဝန်းပြီး အရှေ့မှာတရုတ်နိုင်ငံ၊ တောင်ဘက်မှာ ဝိုင်းမော်မြို့နယ် နဲ့ တရုတ်နိုင်ငံ၊ အနောက်ဘက် နဲ့ မြောက်ဘက်မှာတော့ ချီဖွေမြို့နယ် နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

မြင့်မားမတ်စောက်တဲ့ တောင်တန်းနှင့်တောင်စောင်းများ ဝန်းရံထားတာမို့ မြေပြန့်လွင်က မရှိသလောက် နည်းပါးလွန်းပါတယ်။ကချင်ပြည်နယ် မြစ်ကြီးနားမြို့က တစ်ဆင့် ကားနဲ့သွားလို့ရတဲ့ ပန်ဝါမြို့။ပန်ဝါကို လမ်းနှစ်လမ်း ရှိပါတယ်။

ပထမ – အလွယ်ကူဆုံးတစ်လမ်းက မြစ်ကြီးနား ကန်ပိုက်တီ တရုတ်ပြည်လမ်းကနေ မြန်မာပြည် ပြန်ဝင်တဲ့ လမ်းပါ ပထမ လမ်းအသုံးပြုမယ်ဆိုရင် တရုတ်ပြည် လမ်းက မြန်မာပြည်ပြန်ဝင်ရတဲ့ အတွက် တရုတ်ပတ်စပို့ လိုပါတယ်။

ဒုတိယ- လမ်းက မြန်မာပြည်လမ်းပါ မြစ်ကြီးနား ချီဖွေ လမ်းကို အသုံးပြုမယ်ဆိုရင် လမ်းမှာ တစ်ညအိပ်နစ်ရက်ကြာပါမယ် လမ်းက မြေနီလမ်းများပါတယ် ပတ်စပို့ လုပ်စရာမလိုပါဘူး။

ပထမလမ်း ရန်ကုန် မန်းလေးကလာမယ်ဆိုရင် လေယာဉ်နဲ့ မြစ်ကြီးနားကို ဆင်းရပါတယ် ၊ မြစ်ကြီးနားကနေ ကားငှားပြီး ဆက်သွားရပါတယ် ၊ ကန်ပိုက်တီ လမ်းကနေ တရုတ်ပြည် လမ်းသွားရင် ကားစီးချိန် ၅ နာရီပဲကြာပါတယ်။

ကိုယ်လမ်းသိစရာမလိုဘူး ကားသမားတွေ သိပါတယ် ကားစင်းလုံးငှားလို့ရသလို လိုင်းကားတွေလည်းရှိပါတယ်။ကန်ပိုက်တီ ဂိတ်မှာ ပတ်စ်ပို့ ဝင်လုပ်ရပါမယ် ၊ မှတ်ပုံတင် မိတ္တူတစ်ခု လှိင်စင်ပုံ နစ်ပုံ ပေးလိုက်ရင် ပတ်စပို့ လုပ်ပေးပါတယ် အများဆုံး ၁၅ မိနစ်ပဲကြာပါတယ်

လူများရင်တော့ တန်းစီစနစ်နဲ့ လုပ်ရပါမယ် ပတ်စ်ပို့က တရုတ်ပြည်မှာ ၁၄ ရက် သွားလာခွင့်ရှိပါတယ် ပန်ဝါ အဝင်ဂိတ်မှာ မှတ်ပုံတင် ပတ်စပို့ ပြန်ပြရပါတယ် ၊ပန်ဝါမှာ တည်းဖို့ဟိုတယ် တွေမသိရင် လဝက ဝန်ထမ်းတွေ ရဲတွေရှိပါတယ်

အကူညီတောင်းရင် ကူညီကြပါတယ် တည်းခိုခန်း ဟိုတယ်တွေက ၃ သောင်းအထက်တွေရှိပါတယ် ပန်ဝါမှာ တရုတ် နဲ့ ကချင်များပါတယ် အားလုံးက ရိုးသားကြပါတယ် အကူညီတောင်းပြီးမြို့ကို လည်ပတ်လို့ရပါတယ် ဒါက အလွယ်ကူဆုံး လမ်းပါ။

ဒုတိယလမ်း မြစ်ကြီးနားကနေ ချီဖွေမြို့လမ်းပါ မြစ်ကြီးနား ချီဖွေ ကားတစ်ရက် စီးရပါတယ် ချီဖွေမှာ တစ်ည အိပ်ရပါလိမ့်မယ် တည်းခိုခန်းတွေ အများကြီးရှိပါတယ် လမ်းခရီး မြေနီလမ်းဖြစ်ပြီး တောတောင် သဘာဝတွေအများကြီးရှိပါတယ်။

မေခမြစ်အတိုင်း တက်သွားရတာပါ၊နောက်နေ့မနက် ကားနဲ့ ထွက်လာရင် ညနေ ၂ နာရီလောက် ပန်ဝါ ရောက်ပါတယ် ပန်ဝါမြို့ ၁ ရက်လောက်လည်ပြီးရင် ကန်ပိုက်တီလမ်းလည်း ပြန်လို့ရပါတယ် ဆိုင်ကယ်စီးဝါသနာရှင်တွေကတော့ မြစ်ကြီးနား ချီဖွေ ပန်ဝါလမ်း ကို ဆိုင်ကယ် သွားလို့ရပါတယ်။

မှတ်ချက်။ မြစ်ကြီးနားမှာ မိုးတွေအုံ့ပြီးမြူတွေ ကျနေရင်တော့ ပန်ဝါမှာ နှင်းကျတတ်ပါတယ် မြစ်ကြီးမြို့ရောက်ရင်ခန့်မှန်းနိင်ဖို့ပါ။

Crd,

Leave a Reply

Your email address will not be published.