အအေးမိပြီး ရင်ကြပ် ချွဲကြပ်တာတွေကို သက်သာစေမဲ့ အိမ်သုံးဆေးနည်းများ

သလိပ်ထွက်၊ ချွဲကျပ်တာမျိုးဟာ သာမန်အအေးမိတာ အဆုတ်ပွ၊ အဆုတ်ယောင်၊ အဆုတ်ပိုးဝင်၊ရင်ကျပ်ပန်းနာ ရောဂါတွေရဲ့ရှေ့ပြေးလက္ခဏာဘဲဖြစ်ပါတယ်။

ရင်ဘတ်အောင့်တာ၊ လည်ချောင်းနာတာ၊အစာမျိုချရင်နာတာ၊ တရွှီရွှီမည်အောင်အသက်ရှုနေတာ၊ ချောင်းဆိုးတာ၊အသက်ရှုမဝ ခေါင်းမူးတာ တွေဖြစ်နေပြီဆိုရင် နီးစပ်ရာဆရာဝန်နဲ့ကု

သကပါမယ်။ဒါ့အပြင်ခုပြောပြမဲ့ နည်းလမ်းလေးတွေနဲ့ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။

၁။ ရေနွေး

ရေနွေးကို တနေ့ ၂-၃ ခွက်သောက်ပေးပါ။ အပူကြောင့်ချွဲသလိပ်တယ်ပျော်ပြီး ရင်ချောင်သွားမှာပါ။

၂။ ဆားရေနဲ့ အာလုတ်ကျင်းပါ

ဆား စားပွဲတင်ဇွန်းနဲ့ ၁ ဇွန်းကို ရေနွေး ၁ခွက်ထဲထည့်ပြီ တနေ့ ၃-၄ကြိမ် ၊ တမိနစ်စီခန့် အာလုတ်ကျင်းပါ။ ဆားရေဟာ ချွဲသလိပ်တွေကိုပျော်စေနိုင်ပါတယ်။ သလိပ်တွေထွက်

လာရင် ဟက်ထုပ်ပစ်ပါ။သလိပ်တွေမှာ ပိုးမွှားတွေ၊ အမှုန်တွေတွယ်ကပ်နေတဲ့အတွက် ဟက်ထုပ်ပစ်ခြင်းကပိုသက်သာစေမှာပါ။

၃။ ပျားရည်နဲ့ သံပရာ

ပျားရည်မှာ သလိပ်ကိုပျော်စေနိုင်ပါတယ်၊ သံပုရာသီးမှာလည်း vitamin C တွေအများကြီးပါတဲ့အတွက် ကိုယ်ခံအားကိုကောင်းစေပါတယ်။

ရေနွေး ၁ခွက်ထဲမှာ ပျားရည် စားပွဲတင်ဇွန်းနဲ့ ၁ ဇွန်း နဲ့ သံပုရာရေ စားပွဲတင်ဇွန်းနဲ့ ၁ ဇွန်းထည့်ပြီး တနေ့ ၂-၃ကြိမ်သောက်သုံးပေးခြင်းအားဖြင့် ချွဲသလိပ်တွေ ပျော်ပြီး အဆုတ်
အားကောင်းအောင်ပြုလုပ်ပေးပါတယ်။

၄။ ဂျင်းပြုတ်ရည်

ဂျင်းမှာ သလိပ်တွေကိုပျော်စေပြီး အသက်ရှူလမ်းကြောင်းနံရံတွေ ရောင်ရမ်း သက်သာအောင်လုပ်ပေးနိုင်တဲ့ သတ္တိတွေရှိပါတယ်။ ဒီတိုင်းစားနိုင်သလို ပြုတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။အရသာကောင်းအောင် ပျားရည်လဲထည့်သောက်နိုင်ပါတယ်။တစ်နေ့ ၂-၃ကြိမ်သောက်သုံးပေးနိုင်ပါတယ်။

၅။ ယူကလစ်အဆီထည့်ထားသောရေနွေးငွေ့

ယူကလစ်အဆီဟာပိုးသေ(antibacterial properties)စေတဲ့အပြင် အနာသက်သာ(analgesic properties)စေတဲ့ အစွမ်းရှိပါတယ်။ ရေနွေးငွေ့ကိုရှုရှိက်မယ်ဆိုရင်

တော့ သလိပ်တွေပျော်ပြီး နှာခေါင်းပိတ်တာကိုသက်သာစေပါတယ်။ရေနွေးထဲကို ယူကလစ်အဆီ ၁-၂ စက်ထည့်ပြီး ပြည့်ပြည့်ဝဝကြီး အငွေ့ကိုရှုသွင်းထုတ်လုပ်ပေးပါက ပိုမြန်မြန်

သက်သာပါလိမ့်မယ်။ဒါအပြင် ရေနွေးနဲ့ရေချိုးခြင်း၊အိပ်ခန်းနဲ့ပတ်ဝန်းကျင်ကို သင့်တင့်တဲ့ စိုထိုင်းမှုရှိအောင်နေပါ။

၆။ နံနံပင်

နံနံပင် ဝါးစားပေးခြင်းအားဖြင့် ချွဲသလိပ်တွေပျော်ပြီး ရင်ချောင်စေပါတယ်။

၇။ နို့၊ ပျားရည်၊ နနွင်းနဲ့ ငရုတ်ကောင်း

နနွင်းဟာပိုးသေ (antibacterial properties) စေတဲ့အပြင် အယောင်ကျစေတဲ့ (anti-inflammatory) အစွမ်းလဲပါဝင်ပါတယ်။

ငရုတ်ကောင်းထဲမှာပါတဲ့ ဓာတ်တွေဟာ နနွင်းကိုအထောက်အကူပြုစေတဲ့ အတွက် နှစ်မျိုးပေါင်း ထူးခြားတဲ့ဆေးစွမ်းကောင်းဖြစ်လာပါတယ်။

နို့ကြိုချက်ပြီးသား ၁ခွက် ထဲကို နနွင်း စားပွဲတင်ဇွန်း ၁ ဇွန်း ၊ ငရုတ်ကောင်း လက်ဖက်စားဇွန်း ၁ဇွန်း၊ ပျားရည် လက်ဖက်စားဇွန်း ၁ဇွန်း ထည့်ပြီး တစ်နေ့ ၂ခွက်သောက်သုံးပေးပါ။

၈။ ကြက်သွန်နီအရည်နဲ့ ပျားရည်

ကြက်သွန်နီ ၁ -၂ စိတ်ကို ကြိတ် ဒါမှမဟုတ် ထောင်းပြီး အရည်ညစ်ပါ၊ စားပွဲတင်ဇွန်း ၁ ဇွန်း စာလောက်ရရင် ပျားရည်စက် အနည်းငယ် ထည့်ပြီး တစ်နေ့ ၂-၃ ကြိမ်

သောက်သုံးပါ။ကြက်သွန်နီမှာပါဝင်တဲ့ဓာတ်တွေဟာ သလိပ်တွေထက်မဖြစ်အောင် ကာကွယ်ပေးတဲ့ အပြင် ထက်ပြီးရောဂါပိုးတွေမဝင်အောင်လဲ တားဆီးပေးပါတယ်။

၉။ ကော်ဖီ (black coffee)

ကော်ဖီ (black coffee) ပူပူလေး ဟာ ရင်ကျပ်တာကိုသပ်သာစေတယ်၊ ချွဲသလိပ်တွေ ပျော်စေပြီး လည်ချောင်းကိုရှင်းစေတယ်၊တနေ့ကို ၂ ခွက်လောက်ဘဲသောက်ပါ။

caffeine ကဖိန်းဓာတ်တွေလွန်ကဲရင် အိပ်မပျော်တာတွေရင်တုန်တာတွေ ဖြစ်နိုင်လို့ပါ။

၁၀။ နွယ်ချို

နွယ်ချိုဟာ အသက်ရှူလမ်းကြောင်းထဲမှာ ရှိနေတဲ့ သလိပ်တွေ အညစ်ကြေးတွေကို ဖယ်ရှားပေးတဲ့ သဘာဝဆေးစွမ်းကောင်း တလက်ပါ။လေပြွန်အယောင်အရမ်းတွေကျစေပြီး၊

လည်ချောင်းနာတာတွေ၊ ယားယံတာတွေသက်သာစေပါတယ်။ ရေနွေးနဲ့ ၅ မိနစ်ခန့်ပြုတ်ပြီး ပြုတ်ရည်ကို တစ်နေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ် ။

ဒီအိမ်သုံးဆေးနည်းလေးတွေဟာ ရင်ကျပ်တာ ၊ ချွဲထတာတွေကို သက်သာစေပါတယ်၊ဒါပေမဲ့ ရက်ရှည်နေရင်၊သာမန်ထက် လက္ခဏာတွေပြင်းထန်နေရင် တော့ဆရာဝန်နဲ့ တိုင်ပင်က

ပါတော့မယ်။ဒါ့အပြင် နွေးနွေးထွေးနေပါ၊ အရည်များများသောက်ပါ၊ အနားယူပါ။
credit

Leave a Reply

Your email address will not be published.