ရန်ကုန်သားလူလည်တွေပင် မျက်စိလည်တဲ့ နေပြည်တော်က ပန်းအဝိုင်းကြီးတွေအကြောင်

နေပြည်တော်ရဲ့ပန်းအဝိုင်းကြီးတွေအကြောင်း နေပြည်တော် အဝိုင်းကြီး 17 ဝိုင်း အကြောင်း ဗဟုတုသ အဖြစ် တင်ပြပရစေ ။

(1) ကုမုနြာကြာပန်းအဝိုင်း- ဇေယျဌာနီလမ်းမကြီးနှင့် ရာဇဌာနီလမ်းမကြီးဆုံရာတွင် ရှိပါသည်။

(2) ပဒုမ္မာကြာပန်းအဝိုင်-းရာဇသိင်္ဂဟလမ်းမကြီးနှင့် ရာဇဌာနီလမ်းမကြီး ဆုံရာတွင် တည်ရှိပါသည်။

(3) ကံကော်ပန်းအဝိုင်း-ရာဇသိင်္ဂဟလမ်းမကြီးနှင့် ရွှေပြည်တော်ဝင်လမ်း ဆုံရာတွင်တည်ရှိပါသည်။ရန်ကုန်ဘက်မှလာလျှင် ကနဦးတွေ့ရမည့်အဝိုင်းဖြစ်သည်။

(4) နှင်းဆီပန်းအဝိုင်း -ရာဇဌာနီလမ်းမကြီး၏ ပျဉ်းမနားမြို့အဝင်တွင် တည်ရှိပါသည်။

(5) ဇီဇဝါပန်းအဝိုင်-းပျဉ်းမနားတောင်ညိုလမ်းနှင့် နေပြည်တော်ကောင်စီလမ်း ဆုံရာတွင် တည်ရှိပါသည်။ပြန်ကပြေးအဝိုင်းလို့လည်းခေါ်ပါသည်။

(6) အင်ကြင်းပန်းအဝိုင်-းရာဇသိင်္ဂဟလမ်းမကြီးနှင့် ဇေယျဌာနီလမ်းမကြီးဆုံရာတွင်တည်ရှိပါသည်။ နေပြည်တော် Ocean centerအနီး ဖြစ်ပါသည်။

(7) ခွာညိုပန်းအဝိုင်-းရာဇသိင်္ဂဟလမ်းမကြီးနှင့် ပုပ္ပမြို့ပတ်လမ်းဆုံတွင်တည်ရှိပါသည်။ နေပြည်တော်အမှတ် 2 ပင်မ ဓာတ်အားခွဲရုံအနီးဖြစ်ပါသည်။(😎 တတိုင်းမွှေးအဝိုင်းMICC 1 အနီး တည်ရှိပါသည်။

(9) ဝဏ္ဏသိဒ္ဓိအဝိုင်-းပျဉ်းမနားတောင်ညိုလမ်းနှင့် ဇေယျာအောင်မြေလမ်းဆုံရာတွင်တည်ရှိပါသည်။ မန္တလေးဘက်မှလာလျှင် ကနဦးတွေ့ရမည့်အဝိုင်းဖြစ်ပါသည်။

(10) ဘောဂသိဒ္ဓိ အဝိုင်-းဇမ္မူကျက်သရေ လမ်း ပေါ် MICC2 အနီး တွင် တည်ရှိပါသည်။

(11) ဧဒင်အဝိုင်း-ဘောဂသိဒ္ဓိအဝိုင်း ၏ အနောက်ဘက်ကပ်ရပ် အထက 7 အနီးတွင် တည်ရှိပါသည်။

(12) သပြေကုန်းအဝိုင်း-ရာဇသိင်္ဂဟလမ်းမကြီးနှင့် ပျဉ်းမနားတောင်ညိုလမ်း ဆုံရာတွင်တည်ရှိပါသည်။ ယခု ဗိုလ်ချုပ်ရုပ်ထု ပြုလုပ်ထားရှိပါသည်။ နေပြည်တော်၏ ဗဟိုဖြစ်ပါသည်။

(13) ကုတင်1000 အဝိုင်-းဇေယျာသီရိမြို့နယ် တပ်မတော် ကုတင်1000 ဆေးရုံအနီးတွင် တည်ရှိပါသည်။

(14) ဥတ္တရသီရိ အဝိုင်-းရာဇသိင်္ဂလမ်းမကြီးပေါ် ဉတ္တသီရိအထူးကုဆေးရုံအနီးတွင် တည်ရှိပါသည်။ မင်္ဂလာပန်း အဝိုင်းဟုလည်း ခေါ်ပါသည်။

(15) မောင့် ပရဲ့ဆင့်စ် အဝိုင်း-သိရိမဏ္ဍိုင်လမ်းမကြီးနှင့် ဇေယျဌာနီ 2 လမ်း ဆုံရာတွင် တည်ရှိပါသည်။ ‌ဝန်ကြီးဌာနရုံးများ အများ အပြား တည်ရှိသော တောင်ကုန်းပေါ်တွင် တည်ရှိပြီး သကျရံသီ ရပ်တော်မူဘုရားကြီးအနီးတွင် ဖြစ်ပါသည်။

(16) အပြည်ပြည်ဆိုင်ရာအဝိုင်း-နှင်းဆီပန်းသုံးပွင့် ပုံစံဖြစ်ပြီး နေပြည်တော် လေဆိပ်အနီးတွင် တည်ရှိပါသည်။

(17) လေဆိပ်အဝိုင်-းနေပြည်တော်လေဆိပ်အနီးတွင်တည်ရှိပါသည်။

Credit

Leave a Reply

Your email address will not be published.