နွေရာသီနေပူတဲ့အခါ ဖရဲသီးက အကောင်းဆုံးအသီးပါပဲ။ အရသာလည်း ရှိသလို ရေဓာတ်လည်း ဖြည့်ပြီးသားပါပဲ။
အဲဒါကြောင့် ဖရဲသီးဝယ်တဲ့အခါ ဘယ်လိုအချက်တွေနဲ့ ရွေးချယ်ဝယ်ယူသင့်လဲ ဆိုတဲ့အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။
အဝါရောင် အစက်အပြောက်လေးတွေကို ကြည့်ပါ။
ဖရဲသီးကို မှည့်နေပြီလား မမှည့်သေးဘူးလား ဆိုတာကို ခွဲကြည့်ဖို့အတွက် လွယ်ကူပါတယ်။
ဖရဲသီးမှာပါတဲ့ အဝါရောင်အပြောက်ကို ကြည့်ပါ။ ဖရဲသီးမှည့်နေတဲ့အခါ အဝါရောင် ဖြစ်နေတတ်ပြီး မမှည့်သေးရင် အဖြူရောင် ဖြစ်နေပါတယ်။
အညိုရောင်မျဉ်းများ
ဖရဲသီးတွေမှာ အညိုရောင်မျဉ်းလေးတွေ ပါနေတတ်ပါတယ်။ ဖရဲပင်ရဲ့ အပွင့်တွေပေါ်မှာ ပျားတွေက ကြိမ်ဖန်များစွာ ဝတ်မှုန်ကူးတာကြောင့် အညိုရောင်မျဉ်းလေးတွေက ဖရဲသီးပေါ်မှာ ပေါ်နေတာပါ။ များများ ဝတ်မှုန်ကူးလေ ဖရဲသီးက ပိုချိုလေပါပဲ။
ဖရဲသီး အဖိုနဲ့ အမ
ဖရဲသမီးမှာ အဖိုနဲ့ အမရှိတာကို လူအများစုက မသိကြပါဘူး။ ဖရဲသီးအဖိုဆိုရင် အသီးက ပိုကြီးပြီး ရှည်မျောမျောပုံစံ ရှိပါတယ်။ ရေဓာတ် ပိုပါဝင်ပါတယ်။ ဖရဲသီးအမကတော့ လုံးဝန်းတဲ့ပုံစံ ရှိပြီး အရသာ ပိုချိုပါတယ်။
အရွယ်အစား
ဖရဲသီးရဲ့အညှာက ခြောက်နေရင် ဖရဲသီးမှည့်နေပါပြီ။ ဒါပေမယ့် ဖရဲသီးရဲ့အညှာက စိမ်းနေသေးရင် မမှည့်ခင် စောစောခူးထားတာပါ။
credit
zawgyi
ႏြေရာသီေနပူတဲ့အခါ ဖရဲသီးက အေကာင္းဆုံးအသီးပါပဲ။ အရသာလည္း ရွိသလို ေရဓာတ္လည္း ျဖည့္ၿပီးသားပါပဲ။
အဲဒါေၾကာင့္ ဖရဲသီးဝယ္တဲ့အခါ ဘယ္လိုအခ်က္ေတြနဲ႕ ေ႐ြးခ်ယ္ဝယ္ယူသင့္လဲ ဆိုတဲ့အေၾကာင္းကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။
အဝါေရာင္ အစက္အေျပာက္ေလးေတြကို ၾကည့္ပါ။
ဖရဲသီးကို မွည့္ေနၿပီလား မမွည့္ေသးဘူးလား ဆိုတာကို ခြဲၾကည့္ဖို႔အတြက္ လြယ္ကူပါတယ္။
ဖရဲသီးမွာပါတဲ့ အဝါေရာင္အေျပာက္ကို ၾကည့္ပါ။ ဖရဲသီးမွည့္ေနတဲ့အခါ အဝါေရာင္ ျဖစ္ေနတတ္ၿပီး မမွည့္ေသးရင္ အျဖဴေရာင္ ျဖစ္ေနပါတယ္။
အညိုေရာင္မ်ဥ္းမ်ား
ဖရဲသီးေတြမွာ အညိုေရာင္မ်ဥ္းေလးေတြ ပါေနတတ္ပါတယ္။ ဖရဲပင္ရဲ႕ အပြင့္ေတြေပၚမွာ ပ်ားေတြက ႀကိမ္ဖန္မ်ားစြာ ဝတ္မႈန္ကူးတာေၾကာင့္ အညိုေရာင္မ်ဥ္းေလးေတြက ဖရဲသီးေပၚမွာ ေပၚေနတာပါ။ မ်ားမ်ား ဝတ္မႈန္ကူးေလ ဖရဲသီးက ပိုခ်ိဳေလပါပဲ။
ဖရဲသီး အဖိုနဲ႕ အမ
ဖရဲသမီးမွာ အဖိုနဲ႕ အမရွိတာကို လူအမ်ားစုက မသိၾကပါဘူး။ ဖရဲသီးအဖိုဆိုရင္ အသီးက ပိုႀကီးၿပီး ရွည္ေမ်ာေမ်ာပုံစံ ရွိပါတယ္။ ေရဓာတ္ ပိုပါဝင္ပါတယ္။ ဖရဲသီးအမကေတာ့ လုံးဝန္းတဲ့ပုံစံ ရွိၿပီး အရသာ ပိုခ်ိဳပါတယ္။
အ႐ြယ္အစား
ဖရဲသီးရဲ႕အညွာက ေျခာက္ေနရင္ ဖရဲသီးမွည့္ေနပါၿပီ။ ဒါေပမယ့္ ဖရဲသီးရဲ႕အညွာက စိမ္းေနေသးရင္ မမွည့္ခင္ ေစာေစာခူးထားတာပါ။
credit