အ သားတုဟာ ဒီနိုင်ငံမှာတော့ တော်တော်လေး အသုံးတွင်ကျယ်တယ်လို့ ပြောလို့ရပါတယ်။
လမ်းဘေးတုတ်ထိုးဆိုင်လေးတွေ၊အကင်ဆိုင်လေးတွေကစပြီး၊ ခရမ်းချဉ်သီးလေးနဲ့ ချက်ထားတဲ့ အသားတု ဟင်း ၊
အသားတုဗလချောင်ကြော်လေး စသည်ဖြင့် အသုံးတွင်ကျယ်လှပါတယ်။
အသားတုကို မြန်မာနိုင်ငံမှာသာမကအာရှမှာတော်တော်များများ စားကြပါတယ်။
မြန်မာနိုင်ငံမှာတေ့ာသက်သက်လွတ်ဟင်းပွဲတွေမှာ အများဆုံး တွေ့မြင်ရတတ်ပါသတဲ့။
လူတိုင်းနီးပါးကြိုက်တဲ့အသားတုကို ဘာနဲ့ လုပ်ထားတာလဲဆိုတာရော တွေးကြည့်ဖူးလား ?
မသိသေးဘူးဆိုရင် ပြောပြမယ်နော် . . .
အသားတုကိုအဓိက ပြုလုပ်ထားတာကတော့ ပဲပိစပ် လို့ခေါ်တဲ့ ပဲပုတ်ကပါတဲ့ဗျာ။
၁၉၅၀ ပြည့်နှစ်လောက်တုန်းက FORD ကားကုမ္ပဏီက သိပ္ပံပညာရှင်တစ်ယောက်ဟာ
ကားတာယာတွေကို ပဲပုတ်အမျှင်ကနေထုတ်ယူဖို့ ကြိုးစားခဲ့ရာကနေ စားလို့ရတဲ့ အသားတုကို စတင်တွေ့ရှိခဲ့တာပါ။
ပဲပုတ်ကို အပူချိန်ပြင်းပြင်းနဲ့ အကြာကြီးကြိုပြီး သေးငယ်သောအမျှင်ဆွဲအပေါက်ငယ်တွေကနေ ဖိအားနဲ့ တွန်းထုတ်လိုက်တဲ့အခါ
ရုတ်တရက် ကျယ်လာပြီး ရရှိတဲ့အမျှင်တွေဟာ အသားလိုစားကောင်းကြောင်း လေ့လာတွေ့ရှိခဲ့တာပါတဲ့။
ကျန်းမာရေးရှူထောင့်ဘက်က ကြည့်မယ်ဆိုရင်လည်း အသားတုမှာ အသားကရရှိတဲ့ ပရိုတင်းဓါတ်တွေ အပြည့်အဝ ပါဝင်ပါတယ်။
ဒါ့အပြင် အမျှင်ဓါတ်တွေ လည်းပါတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေတယ်။အူလမ်းကြောင်းအတွက် ကောင်းတယ်။
သူ့မှာ ကျန်းမာရေးအတွက်ကောင်းတဲ့အချက်တွေ တော်တော်များများပါရှိပါတယ်။
ဒါကြောင့်မို့ အသားတွေမစားရင်ပဲဖြစ်ဖြစ်အသားတုကိုဒီတိုင်းကြိုက်လို့ပဲဖြစ်ဖြစ်
ရွေးချယ်သင့်တဲ့စားစရာတစ်မျိုးဖြစ်ပါကြောင်းဗဟုသုတအနေနဲ့ ဖော်ပြလိုက်ရပါတယ်။
Credit